Sunday, June 21, 2009
ဒူဘိုင်းမှာ နာရတဲ့တရားတစ်ပုဒ် (From MID)
Saturday, June 13, 2009
Wednesday, June 10, 2009
MID မှ သတင်းကောင်း တစ်ခု
ငါတို့ ဖြစ်ရ၊ ဤလောကဝယ်
ဘဝသမိုင်း၊ မရိုင်းစေရန်
စိတ်မာန်မချ၊ မာနမပါ
တို့ စွမ်းရာဖြင့်၊ တို့ သာသနာ
တို့ ပြည်ရွာကို၊ သာယာစေမှု
လုံ့ လပြုအံ့။
ဆိုတဲ့ သီတဂူဆရာတော်ဘုရားရဲ့ ဩဝါဒ လင်္ကာလေးနဲ့  အစချီလို့  DMA အဖွဲ့ လေး ပေါ်ပေါက်လာဖို့  ဝိုင်းဝန်းကြစေရန် အကြောင်း မေတ္တာရပ်ခံထားပါတယ်။ တရားပွဲလာ မြန်မာ ညီအစ်ကို မောင်နှမ အားလုံးလိုလိုက စိတ်ပါဝင်စား ကြတာကိုလည်း ကြည်နူး တက်ကြွဖွယ် တွေ့ ခဲ့ရပါတယ်။ တရားပွဲ အပြီး ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုဇော်ကြီး ကလည်း ထပ်ဆင့်ပြီး DMA ရဲ့ ရည်ရွယ်ချက်နဲ့  လုပ်ငန်းစဉ်တစ်ချို့ ကို အကျဉ်းခန့်  ရှင်းလင်းတင်ပြ ကာ အားလုံးပါဝင် ကူညီလာကြရေး မေတ္တာရပ်ခံခဲ့ပါတယ်။ ကိုဇော်ကြီးရဲ့ စကားအဆုံး တစ်ခန်းလုံးဖုံးသွားတဲ့ မြန်မာတွေရဲ့ လက်ခုပ်သံ တွေက DMA ရဲ့ အခြေခံ အုတ်မြစ်များ ဖြစ်ခဲ့ရ ပါကြောင်း။ ။
လေးစားစွာဖြင့်
MID
နေစိုးနိုင်
Friday, June 5, 2009
ရေသောက်မြစ်တွေကို ရေသွန်းလောင်းကြပါဦး
ဒီတစ်ခေါက်တော့ အရင်က စကားအဖြစ်နဲ့ ပြောဖြစ်ပေမယ့် အသေအချာ မဆွေးနွေးဖြစ်သေးတဲ့ အကြောင်းအရာတစ်ခုကို ပြောဖြစ်လိမ့်မယ် ထင်ပါရဲ့။ မကြာသေးမီက ရန်ကုန်နဲ့ မနီးမဝေး နယ်မြို့  ကလေးတစ်မြို့ကို ခရီးထွက်ဖြစ်ပါတယ်။ အဲဒီမြို့ကလေးကနေ နေ့ဝက်ခရီးသာသာမှာရှိတဲ့ ရွာကလေး တစ်ရွာ ကိုလည်း အရောက်သွားခဲ့ရပါတယ်။ ရွာကတော် အတော်ကလေး အိမ်ခြေများပါတယ်။ ရွာဦးမတော့ ကိုးတောင်ပြည့်စေတီကြီးနဲ့ ရေကန်ကြီးတစ်ကန်လည်း မြင်လိုက်ပါရဲ့။ ပြီးတော့ ရွာဦးကျောင်းကြီးကလည်း ဟည်းလို့ပေါ့။ ရွာကိုလေ့လာရေးလာတာ မဟုတ်လေတော့ ကိုယ်ရေးကိုယ်တာ ကိစ္စကိုပဲ ပထမ ဦးတည် လုပ်ရတာပေါ့။ ပြီးလို့ အချိန်နည်းနည်းရရင်တော့ ရွာဦးစေတီကြီးနဲ့ ဘုန်းကြိးကျောင်းကြီးကို သွားမယ်လို့ စိတ်ကူးထားလိုက်မိတယ်။ ကိစ္စစောစောပြီးတာနဲ့ ရွာခံနဲ့ သာရေးနာရေးစကားပြောမိမှပဲ ဒီဇာတ်လမ်းက စဖြစ်တော့တယ်။
ညီမရေ . . .
ဒီရွာမှာ ဗုဒ္ဓဘာသာ ကိုးကွယ်တာ ဆယ်အိမ်တောင် မပြည့်ရှာတော့ဘူးတဲ့။ ပြီးတော့ အဲဒီ ဘုရား၊ ကျောင်းကန်ဟာ ဆရာဒကာနဲ့ မစည်ကားခဲ့တာ ဆယ်စုနှစ် နှစ်စုလောက်တောင် ရှိပြီဆိုပါလား။ ဒီကျောင်းကြီးမှာလည်း ကျောင်းထိုင်ဆရာတော်အဖြစ် တောထွက်ရဟန်းကြီး တစ်ပါးသာ ရှိတော့သတဲ့။ ကိုးတောင်ပြည့်စေတီတော်ကြီးလည်း ထုံးသင်္ကန်းကပ်သူဝေးလို့ ဆီမီးရေချမ်းတောင် အပူဇော်မခံရတာ တော်တော်ကို ကြာခဲ့ပါပြီလို့ ရွာခံ ဗုဒ္ဓဘာသာဝင် တစ်ဦးက ၀မ်းပန်းတနည်း ပြောရှာပါရဲ့။
ညီမရေ . . .
အနားကြည်လို့ အလယ်နောက်တဲ့ ကောသလ္လအိပ်မက်ကတော့ အဲဒီနေရာမှာ မှန်လိုက်လေလို့ ပြောရတော့မှာပဲ။ တို့ဗုဒ္ဓဘာသာဝင်တွေ အင်္ဂလန်တို့ ဘာမင်ဂန်တို့ ပြင်သစ်တို့ အမေရိကန်တို့ မွန်ဘိုင်းတို့မှာ ရှိရှိသမျှ ဓနအင်အားတွေ ပုံအောပြီး သာသနာအထွတ်တင် လုပ်ငန်းကြီးတွေ လုပ်နေကြပေမယ့် တို့မြန်မာနိုင်ငံထဲမှာတော့ သာသနာ့ ရေသောက်မြစ်တွေ ခမ်းခြောက်ကုန်ကြပါရော့လား။
ညီမရေ . .
ဒီကနေ့  သာသနာတော်မှာ ဆရာအဖြစ် အားထားရမယ့် ဘုရားရှင်ရဲ့ သားရဟန်းတော်တွေကို ဘယ်နေရာကများ ပေါ်ထွက်လာကြပါလိမ့်။ ဘယ်နေရာကများ မွေးထုတ်ပေးလိုက်ကြတာပါလိမ့်။ ခပ်ရှင်းရှင်း မထောက်မညှာ ပြောရရင် ကျေးလက်တောနယ်တွေကပဲ မဟုတ်လား။ ရန်ကုန်လို မြို့ကြီးပြကြီးကနေ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ ဘယ်လောက်များ မွေးထုတ်ပေးနိုင်ခဲ့သလဲ စဉ်းတော့စဉ်းစားစရာပါ ညီမရေ။ ဟုတ်ပါရဲ့ . . . မြို့ကြီးပြကြီးနဲ့ မနီးတဲ့ ကျေးလက်တောနယ်တွေကနေ တို့ဗုဒ္ဓဘာသာဝင် တွေအတွက် ဆရာဖြစ်လာမယ့် ရဟန်းအလောင်းအလျာ သာသနာအာဇာနည်တွေကို ရွာဦးကျောင်း အသီးသီးကနေ ဥပဇ္ဈယ် ဆရာတွေကနေ မွေးထုတ်ပေးလိုက်ကြတာ မဟုတ်လား။ အဲဒီကနေ မြို့ကြီးပြကြီးက စာသင်တိုက်တွေ ရောက်လာ။ အလတ်တန်း အကြီးတန်းတွေ အဆင့်အဆင့်အောင်၊ စာချဆရာတော်တွေဖြစ်လာ။ နောက် ဓမ္မစရိယ အောင်ပန်းကို လက်လှမ်းနိုင်ခဲ့ကြတယ် ဒီလိုမဟုတ်လား။ အခုတော့ သာသနာ့အညွန့်အဖူးကို မွေးထုတ်မယ့် ကျေးလက်က ကျောင်းကန်ဇရပ်မှာ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေတဲ့အပြင် သြကာသ ကန်တော့ချိုးကို ဖြောင့်အောင်မရွတ်နိုင်ရှာတဲ့ ဒကာတွေနဲ့ မယားသေ သားကွဲစီးပွားပျက်လို့ ရဟန်းဘောင်တက်လာတဲ့ တောထွက်ကြီးတွေကလည်း ရှစ်ပါးသီလတောင် အနိုင်နိုင်ဆိုတော့ ဒီရွာနဲ့ ဒီသာသနာဟာ ရေရှည်မှာ ရင်လေးစရာပါ ညီမရေ . . .။
နိုင်ငံတော် သံဃ၀န်ဆောင်ဆရာတော် တစ်ပါးကတော့ မိန့်ဖူးပါရဲ့။ ကျေးလက်ကို အခြေခံထားတဲ့ ဒီသာသနာမှာ သာသနာရဲ့ ရေသောက်မြစ်ဖြစ်တဲ့ ကျေးလက်ဒေသမှာ သာသနာရေသောက်မြစ်တွေ ခမ်းခြောက်နေတာဟာ အချိန်မီကုစားရမယ့် အရေးကြီးဆုံးအလုပ်လို့ မိန့်ပါတယ်။ ကျေးလက်ဒေသ ကနေ သာမဏေဘ၀ကစလို့ ဓမ္မစရိယ အဖြစ် အဆင့်ဆင့်တက်လှမ်းလာခဲ့တဲ့ ဆရာတော်တွေထဲက ဘယ်နှစ်ပါးများ ကျေးလက်ဒေသ ကိုယ်မြေကိုယ် ရေမှာ သာသနာဝန်ထမ်းဖို့ စိတ်ကူးခဲ့ကြဖူးပါသလဲ။ ကိုယ်လို ဓမ္မစရိယဆရာတော်တွေ ကိုယ်မြေမှာ ထွက်ပေါ်ဖို့ စိတ်များကူးမိကြပါလေစလို့ ဆရာတော်က မေးခွန်းထုတ်ခဲ့ဖူးပါတယ် ညီမရယ်။
ညီမရေ . . .
အဲသလို ကျေးလက်တောရွာမှာ ရှစ်ပါးသီလ ဖြောင့်အောင် မပေးတတ်တဲ့ တောထွက်ရဟန်းကြီးတွေ ရှိနေသေးတာကိုပဲ ကြံဖန်ကျေးဇူး တင်ရမယ်လို့ တက္ကသိုလ်က ကထိကဆရာတစ်ယောက်က ပြောခဲ့တယ်ကွဲ့။ ဘုရားကျောင်းကန်မှာ ရဟန်းတော်တွေ တစ်ပါးမှ မရှိတော့တဲ့အဖြစ်တွေ ဖြစ်နေကြရလို့ ပါတဲ့။ ရန်ကုန်မြို့နဲ့ ဘယ်လောက်မှ မဝေးတဲ့ ဥက္ကံမြို့ ဘုရားကြီးတိုက် ဘုရားကြီးဂိုဏ်း ဂိုဏ်းအုပ်ဆရာတော်ကြီးတစ်ပါးကတော့ ဘုရားကြီးဂိုဏ်း ဓမ္မစက်ရောက်တဲ့ ကျေးရွာ သုံးဆယ်ကျော်ကျော်မှာ အနည်းဆုံး ဆယ့်ငါးရွာလောက်မှာ ကျောင်းထိုင်ဘုန်းကြီးမရှိတဲ့ ပြသနာကို ကျောင်းထိုင်ဘုန်းကြီး ရှာရတဲ့ဒုက္ခက မသေးဘူးလို့ မိန့်တော်မူပြန်တယ်။ ကျောင်းထိုင်ဘုန်းကြီးရပြန်တော့လည်း စောစောကရေးပြခဲ့သလို တောထွက်ကြီးတွေနဲ့ပဲ တ၀ဲဝဲလှည်ရရှာပြန်တာတဲ့ကွယ်။ ဒါဖြင့်ရင် ဒီတော ဒီနယ်တွေမှာ သာသနာ့အညွန့်အဖူးတွေ ပေါ်လာဖို့ ဝေးစွ၊ ဗုဒ္ဓဘာသာဆိုတာကို ပီပီပြင်ပြင် ကြည်ကြည်စင်စင် လမ်းပြပေးနိုင်မယ့် ဆရာစစ်ဆရာကောင်းတောင် ပေါ်မလာနိုင်တာဟာ တို့ဘာသာ တို့သာသနာအတွက် ၀မ်းနည်းစရာ မကောင်းပေဘူးလား။ ရွာငယ် ဇနပုဒ်တွေက ဂုဏ်ယူစရာကောင်းလောက်အောင် ဓမ္မစရိယအောင်ပန်းကို ဆင်မြန်းခဲ့တဲ့ တို့ဆရာတော်တွေ မဟာဓမ္မာစရိယကစလို့ ဟော အခုဆိုရင် အိန္ဒိယလို ထိုင်းလို သိရိလင်္ကာလို နိုင်ငံတွေမှာတောင် ဓမ္မနဲ့ပတ်သက်တဲ့ ပါရဂူဘွဲ့တွေ ဆင်မြန်းနိုင်ဖို့ အားသွန်ခွန်စိုက် နေလိုက်ကြချိန်မှာ အခုတို့နိုင်ငံက အခုပစ္စက္ခအချိန်မျိုးနဲ့ ယှဉ်ထိုးကြည့်ရင်တော့ အင်း ၀မ်းသာရမှာလား ၀မ်းနည်းရမှာလားတောင် ပြောမပြတတ်အောင်ပါပဲ။
တို့ကျေးလက်တောနယ်က ဓမ္မစာပေပါရဂူကြီးတွေ တစ်ပါးပြီးတစ်ပါး ပေါ်ထွန်းနေချိန်မှာတော့ ဒီသာသနာ ဒီဆရာတွေကို မွေးထုတ်ပေးလိုက်တဲ့ တို့ကျေးလက်တောနယ်မှာတော့ ဘုရား နဲ့ ဇရပ် ကျောင်းမှာ ဟောင်းလောင်းကြီး ဖြစ်ကုန်ကြပါ့ပေါ့လား။ ဆရာမရှိရှာတဲ့ အဲသည့် ကျောင်းကန်ဇရပ်မှာ ဒကာတွေ ဘယ်နယ့်သာသနာ့ပြုကြရပါ့။
ညီမရေ . ..
လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်တုန်းက မုန်တိုင်းမဆင်သေးတဲ့ ဧရာဝတီတိုင်းဘက်က ကျေးရွာတော်တော်များများကို ရောက်ခဲ့ရစဉ်တုန်းက ဒီပြသနာကြီးကို ရိပ်စားမိပေမယ့် ရေရှည်ကို မတွေးခဲ့မိတာ ၀န်ခံရမှာပါ။ ရှားရှားပါးပါး အကြီးတန်းအောင်ပြီးတဲ့ ရဟန်းတော်လေးတစ်ပါးကတော့ သူမြေသူရေမှာသူဘိုးဘွားက လှူဒါန်းထားတဲ့ ဘုရားကျောင်းကန်အတွက် တက်လမ်းမရှာတော့ဘဲ အခြေချပြီးသာသနာပြုနေတယ်ကြားတော့ ၀မ်းသာအားရ ရှိလိုက်တာ။ ဒါမှ သာသနာအာဇာနည်ကွလို့ ကိုယ်ဘာသာကိုယ့် သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ တိုင်းပြီး ၀မ်းသာပိတီဖြစ်ရတယ်။ ရွာကကလေးငယ်တွေအတွက် ယဉ်ကျေးလိမ္မာသင်တန်းပေးလို့ သာမဏေငယ်တွေ မွေးထုတ်မယ်ဆိုတော့ ဒီရဟန်းတော်ကလေးအတွက် နှစ်ထောင်းအားရ ရှိလိုက်တာလေ။
ညီမရေ. ..
မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီးဟာ သူ့သက်တမ်းတစ်လျှောက်မှာ အဓိကကျတဲ့လုပ်ငန်း တစ်ခုဟာ သူလို တိပိဋကတွေ နိုင်ငံအနှံအပြားက ပေါ်ထွန်းလာရေးပဲလို့ သိရပြန်တယ်ကွဲ့။ အဲသလို ကြိုးပန်းခဲ့လို့ လည်း တိပိဋက အောင်ပန်းတွေ တစ်ပွင့်ပြီးတစ်ပွင့် မင်းကွန်းမှာ ပွင့်ခဲ့တာ ကမ္ဘာအသိပါ ညီမရယ်။ ရန်ကုန်မြို့ကမ္ဘာအေး တိပိဋက ဆရာတော် ဥူးသုမင်္ဂလလင်္ကာရကတော့ သာသနာအညွန့်အဖူးတွေ ပေါ်ဖို့ သာမဏေကျော်စီမံကိန်းကြီး ရေးဆွဲခဲ့တယ် မဟုတ်လား။ ဟော သီတဂူဆရာတော်ကြီးကလည်း စစ်ကိုင်းတောင်ရိုးမှာ သီတဂူကမ္ဘာ့ဗုဒတက္ကသိုလ်ကြီး တည်ထောင်လို့ သာသနာအာဇာနည်တွေ တစ်ပါးပြိးတစ်ပါး မွေးထုတ်လို့ တာဝန်ကျေခဲ့ကြတယ် မဟုတ်လား။ စောစောက ရေးခဲ့သလို ဥကံ္ကမြို့ ဘုရားကြီိးတိုက်ရဲ့ ဓမ္မစက်အောက်မှာရှိတဲ့ ရွာကလေးအကြောင်း ဆက်ကြဦးစို့ရဲ့။ အစ်ကိုရောက်သွားတဲ့ရွာဟာ ဥက္ကြုံမို့အပိုင်က ဘုရားကြီးတိုက်ဓမ္မစက်ရောက်တဲ့ ပဋ္ဌာန်းကုန်းဆိုတဲ့ရွာပါ။ တကယ်တော့ အဲဒီရွာဟာ ဥက္ကံမြို့ကနေ လှည်းဆင့်လိုက်ရင် နေ့ဝက်သာသာမို့ ခုလို ဆိုင်ကယ်ခေတ်၊ ထော်လာဂျီခေတ်မှာ 3 နာရီသာသာခရီး ရယ်ပါ။ မြို့တော်ရန်ကုန်နဲ့ ဥက္ကံဟာ လေးနာရီသာကြာတာမို့ ရန်ကုန်ကနေ အဲဒီရွာကို မနက် ခြောက်နာရီလောက်ထွက်ရင် မွန်းလွဲ 1 နာရီမထိုးခင် ရောက်တာမို့ အဲသည်လောက် ခရီးလေးမှာ သာသနာကွယ်ရတော့မှာကို တော်တော် စိတ်မကောင်းဖြစ်ရပြန်ပါတယ်။
ညီမရေ . . .
ဒီရွာဟာ အစ်ကို စာအစမှာရေးပြခဲ့သလို ကျောင်းကြီးရခိုင်နဲ့ ကိုးတောင်ပြည့်စေတီကြီးနဲ့ပါ။ အခုတော့ ဒီရွာမှာ တို့ဘာသာဝင် အရေအတွက်ဟာ ဆယ်အိမ်တောင်မကျန်တော့ဘူးတဲ့။ တို့ဘာသာဝင်တွေ နည်းတာမို့ ရွာဦးကျောင်းက တောထွက်ရဟန်းကြီး ခင်ဗျာလည်း ဆွမ်းကွမ်းလည်းခက်ရှာပေမပေါ့။ ရွာကလည်း ဆင်းရဲ။ ရိုးမက ဆင်အုပ်ကလည်း သတင်းတွေထဲပါသလို နေ့ နေ့ ညညဆိုတော့ ခမြာများမှာ ဘုရား တရားလည်း ဂရုစိုက်နို်င်ပုံ မရရှာပေဘူး။ ဒါပေသိ ပဌာန်းကုန်းက တောထွက်ရဟန်းကြီးကတော့ သူ့နည်းသူဟန်နဲ့ တို့ဘာသာ တို့သာသာနာ တော်ကြီးအတွက် နိုင်ရာတာဝန်ထမ်းနေပုံကတော့ အားကျစရာပါ။ ဥက္ကံမြို့က တရားခွေတွေအလှူခံပြီးတော့ နံနက်တိုင်း ရွာဦးကျောင်းကနေ တရားခွေတွေ ဖွင့်တယ်။ ဆွမ်းမရတဲ့နေ့  တွေမှာတော့ မြို့ကအလှူခံလာခဲ့တဲ့ ပေါက်မုန့်ခြောက်နဲ့ နို့ဆီသုတ်စားပြီး အသက်ဆက်သာသနာ ပြုရရှာတယ်ကွယ်။ ၀ါတွင်းဆိုရင် ဆွမ်းကွမ်းလုံးလုံးမရတော့တဲ့အပြင် ကျောင်းမယ် ဝေယျဝစ္စလုပ်မယ့် ဒကာတွေတောင် မရှိလေတော့ ရွာဦးကျောင်းကြီးကို ပစ်ပြီး ဥက္ကံဘုရားကြီးတိုက်မှာ ကျောင်းသားတစ်ယောက် လောက် ၀ါတွင်းမယ်ရဖို့အရေး အတင်းအကြပ်တောင်းရရှာသတဲ့။
ညီမရေ....
တို့ရွာဦးမတော့ ကျောင်းကန်ဇရပ်စေတီနဲ့ တို့ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးရှိနေသေးတယ်ဆိုတဲ့ အသိကလေး တို့ဗုဒ္ဓဘာသာဝင်တွေ ရင်ထဲ ရောက်ဖို့ အခြားဘာသာဝင်တွေ ရင်ထဲမလဲ ဒီအရပ် ဒီဒေသမှာတော့ ဗုဒ္ဓဘာသာအောင်လံကြီး လွှင့်ထူထားပါလား ဆိုတဲ့အသိလေး ရင်ထဲရောက်နိုင်ဖို့ ငတ်တလှည့်ပြတ်တလှည့်နဲ့ သာသနာအောင်လံကြီးကို အနိုင်နိုင်လွှင့်နေရဆဲပါ။
ညီမရေ....
နိုင်ငံတကာမှာ သာသာနာပြုနိုင်ဖို့အတွက် ဗုဒ္ဓစာပေပါရဂူတွေ တစ်ပါးတစ်ပါး တာဆူနေတာဟာ တို့ဘာသာ တို့သာသနာအတွက်တော့ ၀မ်းမြောက်ပီတိ ဖြစ်ရပေမယ့်။ ဒီရဟန်းတော်တွေကို မွေးထုတ်ပေးလိုက်တဲ့ ကျေးလက်တောနယ်တွေမှာတော့ နောက်ထပ်သာသာနာ့မျိုးဆက်တွေ မပေါ်တော့မယ် အခြေအနေအတွက် ၀မ်းနည်းနေရဆဲပါ။ ဒီအခြေအနေမှာတော့ ပုဂံခေတ်က ပုဂံပြည်ကြီးကို ကယ်တင်ဖို့အတွက် တရုတ်နိုင်ငံ ဧကရာဇ်ဆီ အရောက်သွားခဲ့တဲ့ ရှင်ဒီသာပါမောက် က “ပုဂံပြည်ကြီးကို ရေသွန်းလောင်းပါဦး” လို့ ဆိုခဲ့သလို ““သာသနာရေသောက်မြစ်တွေကို ရေသွန်းလောင်းကြပါဦး ””လို့ သက်ဆိုင်ရာ ရဟန်း ရှင် လူ အများကို တောင်းပန်လျှောက်ထားရင်း ဒီစာကို အဆုံးသတ်ရမှာပါပဲ။
အစ်ကို
အောင်စည်ဟိန်း
Sunday, May 31, 2009
တရားပွဲ အစီအစဉ် အတည်ပြု ကြေညာခြင်း
Dubai ရောက် ရွှေမြန်မာများ အားလုံးသို့...
ကျွန်ုပ်တို့ ရွှေမြန်မာမိသားစု ၏ ကြိုးစားအကောင်အထည် ဖော်ခဲ့သော Dubai မြို့  ၌တရားပွဲ ကျင်းပရေးအစီအစဉ် မှာ သေချာ ခိုင် မာပြီဖြစ်ကြောင်းကို အားလုံးသော ဗုဒ္ဓဘာသာ နွယ်ဝင် သူတော်စင်အပေါင်းတို့ အားလေးစားစွာ ဖြင့်ဖိတ်ကြား လိုက်ပါတယ်။


ဆရာတော် သည် (၆ ရက်၊ ဇွန်လ၊ ၂၀၀၉) နေ့တွက် မြန်မာနိုင်ငံ မှ နံနက်ပိုင်းတွင် THAI လေကြောင်းလိုင်းဖြင့် ကြွလာမည် ဖြစ်ပြီး DUBAI International လေဆိပ်သို့ (၆ရက်၊ ဇွန်လ၊ ၂၀၀၉) ည အချိန် ၉ နာရီတွင် ရောက်ရှိမည်ဖြစ်ပါသည်။
ဆရာတော်အား DUBAI AIRPORT DUTY FREE မှ ၀န်ထမ်းများကတာဝန်ယူ၍ စောင့် ကြို ပင့်ဆောင်ပါမည်။ တရားပွဲ အား မူလကြေငြာထားသည့်အတိုင်း (၁၀ရက်၊ ဇွန်လ၊ ၂၀၀၉) ဗုဒ္ဓဟူးနေ့ တွင် သီရိလင်္ကာ ကောင်စစ်ဝန် ရုံး ၌ ညနေ ၆နာရီ ၃၀မိနစ် အချိန်တွင် ကြင်းပမည် ဖြစ်ပါသည်။
ဆရာတော်သည် DUBAI မြို့  ၌သတင်းသုံးစဉ်ကာလအတွင်း ဆရာတော်အား လာရောက် ဖူးမြော်လိုပါက ကျွန်ုပ်တို့ ရွှေမြန်မာမိသားစုများ စုစည်းရာ ဦးရဲအောင်(Madinad Jumeirah) တို့၏ နေအိမ် အခန်း{Al Quoz Phes-1 Dubai Properties apartment Complex (Emirates Accommodation)}သို့ လာရောက် ဖူးတွေ့နိုင်ပါကြောင်း သတင်းကောင်း ပါးလိုက် ပါတယ်။
တရားပွဲနှင့်တကွ အခြားသောအချက်အလက်များအားမေးမြန်းဆုံစမ်းလိုပါလျှင်...
ဦးရဲအောင်..................................- ၉၇၁ ၅၀ ၉၅၄၃၀၂
ကိုရူပ..........................................- ၉၇၁ ၅၀ ၃၄၉၆၈၀၈
ကိုဇော်ဇော်မောင်ထွန်း...................- ၉၇၁ ၅၀ ၃၄၉၆၈၀၈
ကိုခိုင်လင်းဆွေ(ကိုလင်း)................- ၉၇၁ ၅၀ ၂၄၂၆၅၁၉
ကိုကျော်သူရ................................- ၉၇၁ ၅၀ ၂၅၇၇၆၃၂
ကိုအောင်မင်း...............................- ၉၇၁ ၅၀ ၇၂၄၈၆၈၈
ကိုလှဝင်းထိုက.............................- ၉၇၁ ၅၀ ၃၉၅၄၆၁၄
ကိုပြေဟိန်း...................................- ၉၇၁ ၅၀ ၇၂၉၈၉၄၉
မထက်ထက်.................................- ၉၇၁ ၅၀ ၈၉၄၂၂၃၄
မပိုင်.............................................- ၉၇၁ ၅၀ ၉၆၀၅၃၇
မဇင်မာအောင်................................- ၉၇၁ ၅၀ ၉၂၅၉၈၈၃
မဖြူဖြူ..........................................- ၉၇၁ ၅၀ ၂၈၆၃၉၂၈
မထက်ထက်အောင်.........................- ၉၇၁ ၅၀ ၈၉၀၇၃၁၈
ရွှေမြန်မာမိသားစု{ခေတ္တ UAE}
မူရင်းဖေါ်ပြချက်ကို http://sarsanayaungchi.blogspot.com/ တွင် သွားရောက် ဖတ်ရှုရင်း ကြည်ညိုသဒ္ဓါပွါးနိုင်ကြပါကြောင်း။
လေးစားစွာဖြင့်
လွင်မင်းခန့် 
Thursday, May 28, 2009
တရားပွဲ သတင်း
Monday, 11 May 2009
ရွှေမြန်မာမိသားစု{ခေတ္တ UAE}
လေးစားစွာဖြင့်
လွင်မင်းခန့် (28/05/09)
Wednesday, April 22, 2009
ကောင်းကင်မှာ ပျံသန်းနေသော သ`ဏ္ဍန်တစ်ခု
http://www.youtube.com/watch?v=A9V2NOiBnHM&feature=player_embedded လင့်မှ တဆင့် youtube တွင်လည်း သွားရောက်ကြည့်ရှူနိုင်ပါသည်။
လေးစားစွာဖြင့်
နေစိုးနိုင်
Monday, April 13, 2009
ဗုဒ္ဓဘာသာ ပါ သို့သော် . . .
ကြာတော့ကြာပါပြီ BBC News မှာ Interviewer ဖြစ်တဲ့ လူ တယောက် က ဗုဒ္ဓဘာသာ နဲ့ပတ်သက်ပြီးတော့  တိဘက် မှာ မေးမြန်းခန်းတွေ လုပ်ပြီးတော့ မှတ်တမ်း သဘောမျိုးလေး လုပ်သွားပါတယ်။ ဒီမှာ မေးမြန်းသွားတာလေး တွေထဲ က မှတ်မိသလောက် ( မှတ်မိတာ က သဘောမကျတာတွေ များတယ် )
ဘုန်းတော်ကြီးတွေ က စိတ်ငြိမ်အောင် ဘာလုပ်လဲ ဆိုတော့ ပန်းချီဆွဲ တယ် ၊ ပန်းပုထုတယ် ၊ ဇယ်တောက်တယ် ၊ ကျန်းမာရေး အတွက် ဘောလုံး ကစားတယ် ။ ပန်းချီး ကား တစ်ခု ကို လေး နှစ် ကနေ ခုနှစ်နှစ် ထိကြာတယ်ဆိုပဲ ။ သဲ ပွင့် ကလေး တွေ နဲ့ ကျောက်စီ ပန်းချီလို ပုံစံမျိုး ဆွဲတာလေ။ နောက်ထပ် ကတော့ ဗေဒင်ပညာ ကို လေ့လာလို့ ရတယ်။ အများကြီးပဲ ။
တခြား က`ဏ္ဍ တွေ က ဒီလောက်စိတ်ဝင် စား စရာ မကောင်းဘူးဗျ ။ အဲ ဗေဒင် က`ဏ္ဍ မှာ တော့ စိတ်ဝင်စား ဖို့ ကောင်းသွားပြီ။ ဒီမှာ ဗေဒင် ဆရာဘုန်း ကြီး က အင်တာဗျူးသမား ရဲ့ ဇာတာ ကို တွက်ချက်ပြီး တသက်စာ ဟောစာတမ်း ပေးပါတယ်။
သူ့ ဟောစာတမ်းမှာ ပါတာ က ။ ဒီလူ ဟာ အရင်ဘ၀ က ဆင် ဖြစ်ခဲ့ ဖူးတယ်တဲ့ ။ ယခုဘ၀မှာ တော့ ခုလို သတင်းထောက်ဖြစ်နေတယ်ပေါ့။ နောက် သေသွားလို့ နောက်ဘ၀ ရောက်ရင် အနောက်နိုင်ငံ မှာပဲ လူဖြစ်မယ်။ လူဖြူ ပဲ ပြန်ဖြစ်မယ်။ ပိုက်ဆံချမ်းသာမယ်တဲ့။
ဒီမှာ အင်တာဗျူး သမား က ပြန်မေးတယ်။ ငါက ဟို ဘ၀ က ဆင်ဖြစ်ခဲ့တယ်။ ဖြစ်နိုင်တယ် တဲ့ ငါက ဆင်တွေ ကို အရမ်း ချစ်တာတဲ့ ။ နောက်ဘ၀မှာ အနောက်နိုင်ငံမှာ လူဖြစ်မယ် ၊ ချမ်းသာ မယ် ဆိုတော့ ပျော်စရာကြီးတဲ့ ။ ဒါပေမယ့် ငါသိချင်တာ က ..
ငါ့ဘ၀ က ဟိုဘ၀ က ဒီလို ၊ အခု ဒီလို ၊ နောက်ရောက်ရင် ဟို လို ဖြစ်မယ် ။ လို့ပြောလို့ ရတယ်ဆိုတော့ ငါ့ဘ၀ က ပုံစံ တစ်ခုတည်း ထည့်ထား သလိုဖြစ်နေတာပေါ့ တဲ့ ။ ငါလုပ်သမျှ ဘာမှ အကျိုးသက်ရောက်မှူ မရှိတော့ဘူးလား တဲ့ ။ တကယ်လို့ ငါက အနောက်နိုင်ငံမှာ ချမ်းသာတဲ့ လူမဖြစ်ချင်ဘူး ဆိုရင် ငါပြောင်းလို့ မရတော့ဘူးလားတဲ့။ ဒီမှာ ပြန်ဖြေတဲ့ အဖြေလည်း ကြည့်ပါဦး
Believe it or not is up to you .. But from my astrology point of view , your fortune is like that only .. တဲ့ဗျာ
မြန်မာပြည်က ရဟန်း သံဃာမဆိုထား နဲ့ သာမန်ဗုဒ္ဓဘာသာဝင် တစ်ယောက်တောင် ဒီမေးခွန်းမျိုး ကို ပြန်ဖြေနိုင်ပါတယ်။ ဒါကို ဗုဒ္ဓဘာသာ ပါ လို့ ကမ္ဘာမှာ ချပြတာဟာ ။ သူတို့တွေ ဗုဒ္ဓဘာသာ အပေါ်မှာ ထားတဲ့ စေတနာလား တော့မသိ။
ဒီလို နဲ့ ကျွန်တော့် စိတ်ထဲ က မကျေလည်တာလေး တွေ များလာလို့ လျှောက်ရှာကြည့်လိုက်တော့မှ အလွယ်တကူ နားလည်နိုင်တဲ့ ဇယား လေးသွားတွေ့တယ် ။ ဒါနဲ့ ပဲ မျှဝေပေးလိုက်ပါတယ်။
( သူတို့ ဘုန်းကြီးကျောင်း ကို တွေ့မှပဲ စာထဲမှာ သင်ခဲ့ရဖူး တဲ့ အရည်းကြီးဂိုဏ်းဆိုတာ ကို ပုံဖော်လို့ရတော့တယ်)
8 major schools: four practice-based (Zen, Pure Land, Vajrayana, Vinaya); four philosophy-based (Tendai, Avamtasaka, Yogacara and Madhyamika)
Theravada ထေရ၀ါဒ | Mahayana မဟာယန | |
| Location ထွန်းကားရာနေရာ | Southern (Sri Lanka, Thailand, Burma, Laos, Cambodia, parts of Southeast Asia) | Northern (Tibet, China, Taiwan, Japan, Korea, Mongolia, parts of Southeast Asia ) |
| Schools and Sects | One surviving school (as many as 18 existed at one time) | |
| Buddhist Scriptures | Pali Canon/Tripitaka only | Books of the Theravada Tripitaka plus many other sutras (e.g. Lotus Sutra) |
| Buddhas | Historical Buddha (Gautama) and past Buddhas only | Gautama Buddha plus Amitabha, Medicine Buddhas, and others |
| Bodhisattvas | Maitreya only | Maitreya plus Avalokitesvara, Mansjuri, Ksitigarbha and Samanthabadra |
| Goal of Training | Arhat | Buddhahood via bodhisattva-path |
| 3 Buddha Bodies (Trikaya) | Very limited emphasis; mainly on nirmana-kaya and dharma-kaya | Emphasized, including the samboga-kaya or reward/enjoyment body |
| Original Language | Pali | Sanskrit |
| Language of Transmission | Tripitaka is only in Pali. Teaching in Pali supplemented by local language. | Scriptures translated into local language. |
| Buddha's Disciples | Historical disciples described in Scriptures | Many bodhisattvas that are not historical figures |
| Mantras and Mudras | Some equivalent in the use of Parittas | Emphasized in Vajrayana; sometimes incorporated in other schools |
| Bardo (Limbo) | Rejected | Taught by all schools |
| Non-Buddhist Influences | Mainly pre-Buddhist Indian influences like concepts of karma, sangha, etc. | Heavily influenced by local religious ideas as transmitted to new cultures (China, Japan, Tibet). |
| Buddha Nature | Not taught | Emphasized, especially in practice-based schools |
| Rituals | Very few; not emphasized | Many, owing to local cultural influences |
ဒီဇယားလေးကို ဒီလင့်ကလေး ကယူထားတာပါ
--
သီတဂူဆရာတော်ဘုရား ကြီး ရဲ့ စကားနဲ့ဆိုရင် သာသနာ တည်တံ့လာတာ နှစ်ပေါင်း ၂၅၀၀ ကျော်ကြာပြီဆိုတော့ မလိုက်နာနိုင်လိုက် ပြင်လိုက် ၊ အကြိုက်ကလေးတွေ့လိုက် ထပ်တိုးလိုက်နဲ့ ပဲ သင်္ကန်းအဟောင်းကြီး ဖာရင်းဖာရင်း နဲ့ပဲ နောက်ဆုံး တော့ မူရင်းသင်္ကန်းစ ပျောက်သွားတဲ့ ဥပမာလို ပါပဲ။တဲ့
အတွေးမှန် အမြင်မှန် နှင့် မှန်ကန်သော ဆုံးဖြတ်ချတ်များ ချနိုင်ကြပါစေ
လေးစားစွာဖြင့်
နေစိုးနိုင်
Sunday, April 12, 2009
မိမိကိုယ်သာ ကိုးကွယ်ရာ
“မိမိမှ တစ်ပါး အခြား အားကိုးစရာ မရှိ” ဆိုရင်တော့ လူတိုင်းနားလည်ကြပါလိမ့်မယ် ။ ဟုတ်တယ်လေ ။ လူဆိုတာ မိမိအသက်ရှင် နေထိုင်ရေး ၊ မိမိဘဝ တိုးတက်ရေးတို့အတွက် မိမိကိုယ်တိုင် ရုန်းကန်လှုပ်ရှား ရပ်တည် နေရတာပဲ မဟုတ်ပါလား ။
လူ၊ နတ်၊ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာ က အဘယ်ကဲ့သို့သော ရည်ရွယ်ချက်ဖြင့် “မိမိကိုယ်သာ ကိုးကွယ်ရာ”ဟု ဟောကြားတော်မူခဲ့ ပါသနည်း ။
ကျွန်တော့် အမေ ဆုံးမလေ့ ရှိတာလေး ကိုလည်း သတိရမိပါသည် ။ခေတ်စကားနဲ့ပြောရရင် တော့ အဟီး… ပူညံ ပူညံ လုပ်လေ့ရှိတာ ပေါ့ဗျာ ။တော်တော်ကောင်းလိုက်တဲ့ ခေတ်စကားဗျ နော် ။
“ခေတ်ကြီးက လွယ်တော့တဲ့ ခေတ်ကြီးမဟုတ်တော့ဘူး ။ ကိုယ်လုပ်မှ ကိုယ်စားရမှာ ။ ကိုယ့်ရှိမှ ကိုယ်ဝတ်ရမှာ ။ ဖအေ ၊မအေတွေ ရှိနေရင်တော့ အကြောင်းမဟုတ်ဘူး ။ ညီအကို မောင်နှမ ဆိုတာက ကောင်းနိုင်လည်း ခဏပဲ ။ ကိုယ့်မှာရှိမှ အဆင်ပြေတာ ။ လူဆိုတာ ကိုယ့် ကိုယ်ကို ချစ်တတ်မှ”တဲ့ ။
ဟုတ်ကဲ့… ကိုယ့်ကိုယ်ကို ချစ်ကော ချစ်တတ်ကြပါရဲ့လား ။
မိမိကိုယ်ကို အချစ်ဆုံးပါ တဲ့ ။
ဟုတ်ကော ဟုတ်ရဲ့လားဗျာ ။ သူငယ်ချင်း အချင်းချင်း ဆွေးနွေးတဲ့ပုံစံနဲ့ ဆွေးနွေးကြည့် ရအောင်ဗျာ ။
ကျွန်တော်ဆေးလိပ်အရမ်းသောက်တာ ကျွန်တော့်ကိုကျွန်တော် မချစ်လို့လား ။
ကျွန်တော့် ဘဝရဲ့ အချိန်တော်တော် များများ ဖြုန်းတီး ပစ်ခဲ့တာကရော…..။
အရက် အရမ်း သောက်တဲ့သူ..
အာဏာအလွဲသုံးစား လုပ်တဲ့သူ..
လာဘ်စားတဲ့သူ…
မုဒိန်းကျင့်တဲ့သူ..
လူသတ်တဲ့သူ..
ဟုတ်ကဲ့….။လူသားအားလုံး ကိုယ့်ကိုကို ချစ်ကြပါတယ်ဗျာ ။
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်အားလုံ
ဘုရားက ကျွန်တော်တို့ကို ဖန်ဆင်းထားလို့ ဘုရားကို ကလန်ကဆန်လုပ်ရင် ဒုက္ခရောက်မှာ ကြောက်လို့ မဟုတ်ပါဘူး ။
ဘုရားက ကျွန်တော်တို့နိုင်ငံမှာမွေးလို
မကောင်းမှုနှင့် ကောင်းမှု တို့ကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော
မကောင်းမှု မှန်သမျှ ကိုယ်တိုင်လည်း မပြုလုပ် ၊တစ်ပါးသူတို့အားလည်း မပြုလုပ်ရန် ဆုံးမညွှန်ပြတော်မူသော
ကောင်းမှုမှန်သမျှ ကိုယ်တိုင်လည်း ပြုလုပ် ၊တစ်ပါးသူတို့အားလည်း ပြုလုပ်ရန် တိုက်တွန်းတော် မူသောကြောင့် ကျွန်တော်တို့ ကိုးကွယ်ကြပါသည် ။
ငါ တည်းဟူသော အတ္တကို ပယ်သတ်တော်မူပြီးသော ၊ တစ်ပါးသူတို့အားလည်း ပယ်သတ်ရန် ဆုံးမတော်မူသော မြတ်စွာဘုရားက အဘယ်ကြောင့် ငါ့ကိုယ်ငါသာ ကိုးကွယ်ရာဟု ဟောကြားတော်မူခဲ့ ပါသနည်း ။
တကယ်တော့ လူတိုင်း လူတိုင်း မကောင်းမှုကို အထိုက်အလျောက် သိရှိနားလည်ကြပါ
မိမိ ကိုယ်ကို ကိုးကွယ်ရာအဖြစ်နဲ့ ချစ်ကြရမည့်အစား ကျွန်တော်တို့…
အတ္တအဖြစ်နဲ့ ချစ်နေကြပါသည် ။
မာန အဖြစ်နဲ့ ချစ်နေကြပါသည် ။
ဒု စရိုက်ကောင်အဖြစ်နဲ့ ချစ်နေကြပါသည် ။
အကယ်၍များ လူတိုင်းလူတိုင်း မိမိကိုယ်ကို ကိုးကွယ်ရာအဖြစ် ချစ်နေကြမည် ဆိုပါလျှင်
မိမိကိုယ်ကိုတကယ်ချစ်ရာ ရောက်ပါမည် ။
တစ်ပါးသူတို့အား ချစ်ပြီးသား ဖြစ်နေပါလိမ့်မည် ။
မိတ်ဆွေ…
သင်ကော သင်ကိုယ်သင် ကိုးကွယ်ရာအဖြစ်နဲ့ ချစ်ပါသလား ။ကျွန်တော်ကတော့…
အဟီး…..ကြိုစားပါဦးမည် ။
စေတနာ
12.4.2009(00.10)
ကဲ သူငယ်ချင်း တို့ ရေ ကိုစေတနာ နဲ့ ဆွေးနွေးချင်တယ်ဆိုရင် သူ့ E mail ကို ဆက်သွယ်ပြီး ဖြစ်ဖြစ် ၊ comment မှာ ဖြစ်ဖြစ် အဆင်ပြေသလို ဆွေးနွေး လို့ရပါတယ်။ ပညာရှင်တွေ မှ ဆွေး နွေးလို့ရတာမဟုတ်ဘူး နော် ။ လူငယ်မှာလည်း လူငယ့် အမြင်ဆိုတာ ရှိတယ်။ အားလုံးကို ကြိုဆိုပါတယ်။ comment မှာတော့ ဆဲမသွားဘူးဆိုရင် ဘယ်ကွန်းမန့်ကိုမှ ကျွန်တော်ဖျတ်မှာမဟုတ်ပါဘူး။ မှား တယ် မှန်တယ်ဆိုတာ စာဖတ်သူ ဆုံးဖြတ်ရမှာပါ။ ကျွန်တော် က လက်ဆင့်ကမ်းပေးယုံသာ။
လေးစားစွာဖြင့် နေစိုးနိုင်
Thursday, April 2, 2009
သြကာသ

စကားစပြောတတ်တော့ ဖေ ၊ မေ ၊ ကို ၊ မ တလုံး စ နှစ်လုံး စ စ ခေါ်တတ်ပြီး သိပ်မကြာခင်မှာ ပဲ သြကာဿ ကန်တော့ချိုး တို့ သဗ္ဗုဒ္ဓေ တို့ ကို သင်ပေးကြပါတယ်။ ကလေးအရွယ်မှာ ကတည်း က ဘုရားရှိခိုးတာကို ကျေညက်ခဲ့ကြတာပါ။ မိဘတွေမှာလည်း ကြည်နူးပီတိတွေဖြစ်လို့ပေါ့။
ကကြီး ခခွေးတောင် မသိသေးတဲ့ အရွယ် ၊ ဘာစာမှ မတတ်ခင် ကတည်းက ဆိုတတ်ခဲ့ တဲ့ သြကာဿ ကန်တော့ချိုး နဲ့ ပတ်သတ်ပြီး စဉ်းစားမိတဲ့ အချက် ကိုပြောချင်လို့ ပါ။
ကန်တော့ချိုးမှာ ပါတဲ့ စာတွေကို အကုန် နားမလည် တာ ထားပါတော့ လေ့လာယူလို့ ရတာတွေပါ။ ခုကျွန်တော် ပြောချင်တာက ကိုယ်တွေ့ လေးတွေ ပေါ်မှာ အခြေခံပြီး စဉ်းစားမိတာလေးတွေပါ။
ကျွန်တော် မုံရွာမှာ ပထမနှစ် တက် တော့ အာစရိယ ပူဇော်ပွဲ လုပ်ပါတယ်။ ဒီမှာ ကန်တော့ချိုး စကန်တော့တော့ အသံပေါင်းစုံနဲ့ မညီမညာ ထွက်ကုန်တော့တာပါပဲ။ တစ်ယောက် တစ်ပေါက်နဲ့ အားလုံးပေါင်းလိုက်တော့ သြကာဿ ကန်တော့ချိုး ကြီးက ဘယ်လိုမှ နားထောင်မကောင်းခဲ့ပါဘူး။
နောက် မနှစ်က သင်္ကြန်တွင်းမှာ မြန်မာပြည်ကို ပြန်ရောက်နေတော့ ကျွန်တော့် ဇာတိမှာ သင်္ကြန်အတက်နေ့တိုင်း ငယ်ဆရာတွေကို ကန်တော့တဲ့ပွဲ( စတုတ္ထ အကြိမ် ) လုပ်ပါတယ်။ ( ကျွန်တော် နဲ့ ဘိုကား ၊ သန်းထွန်းဝင်း စလုပ်တာ ... ဒါကကြွားတာ သက်သက် ) ဒီပွဲမှာ ဆရာတွေကို ကန်တော့ တော့ ကန်တော့ချိုး ဆိုတဲ့အသံ က အားလုံးညီနေကြတယ်။ လုံးဝ အဖြတ် ၊ အရပ် ၊ ကွက်တိပဲ။ တော်တော်လေး နားထောင်လို့ကောင်းတယ် ။ ကြားရတဲ့လူတွေ အတွက်လည်း ကြည်နူးစရာပါ။
လတ်တလောကြုံ ခဲ့ ရတာကတော့ ဒီဒူဘိုင်း မှာပါ။ သူငယ်ချင်း တစ်ယောက် ဆုံး သွားလို့ သူ့အတွက် တရားနာ အမျှဝေ ဖို့ စီစဉ်ခဲ့စဉ်ကပါ။ ဆရာတော် က Gtalk ကနေဟော မယ် ။ ဒီဘက်က တရားနာပေါ့။ ဟိုဖက်မှာ က ဆရာတော် အဆင်သင့်ဖြစ်နေပြီတဲ့ ။ ဒါနဲ့ အဆောင်မှာ ရှိနေတဲ့ ဗုဒ္ဓဘာသာဝင် သူငယ်ချင်းတွေ ကို ခေါ်ပြီး တရား နာမယ် ပေါ့။
....အားလုံး ကန်တော့ကြစို့ ဗျား..
ဆိုတဲ့နောက်က ထွက်လာတဲ့ ကန်တော့ချိုး မှာ က သြကာဿ ... သြကာဿ ... သြကာဿ .... ကာယကံ .. ၀စီကံ .. မနောကံ .... ဆိုတဲ့ အထိပဲ ညီတယ် ။ ဒီနောက်တော့ သူတစ်မျိုး ကိုယ်တဖုံ အမျိုး မျိုး စုံနေတဲ့ အသံတွေ ထွက်လာတော့တာပဲ ။ နောက်ဆုံး အဆုံး သတ်မှာလည်း ပြီးတဲ့လူက ပြီး နေပြီ အသံထွက် နေတဲ့လူကလည်း ထွက်နေတုန်းပဲ။
ကျွန်တော် တို့တွေ သြကာဿ ကန်တော့ချိုး ကို မရဘူး ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဘာမှန်း ညာမှန်း မသိခင် စကားပြောတတ်စ ကတည်း က ဆိုလာခဲ့တဲ့ ဘုရားရှိခိုးပါ။ ဗုဒ္ဓဘာသာဝင် ၁၀၀ ကို ခေါ်ပြီး ဒီအဓိပ္ပါယ်ကို မေးကြည့်ပါ ။ အားလုံး သိတယ် လို့ လုံးဝ အာမ မခံနိုင်ပါ။ သို့သော် အား လုံး က အလွတ်ရွတ်ပြနိုင်တယ် ဆိုတာ ကို တော့ အာမခံရဲတယ်။
တစ်ယောက်ချင်းဆီ ဆိုခိုင်း ရင်ချောနေမှာပါ ။ ဒါပေမယ့် အများနဲ့ ဆိုတဲ့အခါ ဘာလို့ အသံမတူ ကြတာလဲ ။ ဒီနေရာမှာ ကျွန်တော် စဉ်းစား မိတာကတော့ နယ်မြေဒေသ မတူတဲ့ နေရာ ကနေ လာတွေ့တဲ့ လူတွေ ဖြစ်နေကြလို့ဆိုတာပါပဲ။
မုံရွာမှာ ကျောင်းတက်တုန်း က .. အသံမညီဘူး .. ဘာလို့လည်း နယ်ပေါင်းစုံ က လူတွေ စုနေလို့
ဇာတိရွာမှာ ကန်တော့တော့ အသံညီတယ် .. ဘာလို့လည်း .. အားလုံးက ငယ်ကလေး ကတည်း က တစ်ကျောင်းတည်း တနယ်တည်း သား တွေ (ကျောင်းမတက်ခင် ကန်တော့နေကျ )
ဒူဘိုင်းမှာ ကန်တော့တော့ အသံမညီပြန်ဘူး .. ဘာလို့လည်း ... နယ်တွေ ကွာလို့ .. ကျွန်တော်က အညာ က နောက်တစ်ယောက် က မွန်ပြည်နယ်က .. နောက်တစ်ယောက် ကရန်ကုန်က .. စသဖြင့် ကွာကုန်ရော .. အဲ့ အားလုံပေါင်းလိုက်တော့ ဘုရားရှိခိုးသံက သာယာနာပျော်ဖွယ်မကောင်းတော့ဘူး။ တစ်ယောက် တစ်ပေါက် ဖြစ် နေကြတယ်။
ဘယ်သူမှားတယ် ။ ဘယ်ဘုရားရှိခိုးမှ မှန်တယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ဘုံ သတ်မှတ်ထားတဲ့ (Standard ) ကန်တော့ချိုးရှိဖို့လိုပါမယ်။ ဒီနေရာမှာ ကန်တော့ချိုးမဟုတ်ဘဲ နိုင်ငံတော် သီချင်း ကို ဆိုခိုင်းကြည့်ပါလား ။ အားလုံး တသံပဲ ထွက်လာလိမ့်မယ်။ လူ အားလုံးနဲ့ ညီတူညာတူ ဆိုတဲ့ အခါမှာ ပိုပြီး စိတ်အား ထက်သန်မှူ ဖြစ်ပါတယ်။ နားထောင်ရတဲ့ သူအနေနဲ့ လည်း နားဝင် ကောင်းပါမယ်။ ကြည်နူးစိတ်တွေ ဖြစ်လာမယ်။
နိုင်ငံတော်သီချင်းနဲ့ ဘုရားရှိခိုး .. ဘုရားရှိခိုးတာကို ကျွန်တော်တို့ အရင်တတ်ခဲ့ကြတာပါ။ ဒါဆိုဘာကြောင့် နိုင်ငံတော်သီချင်း ဆိုရင် အသံညီပြီး ၊ ဘုရားရှိခိုး ဆိုရင် အသံမညီတာလဲ ဆိုတော့။ ဘုရားရှိခိုး မှာ အားလုံး အတွက် သတ်မှတ်ထားတဲ့ ဘုံ ဘုရားရှိခိုး မရှိသောကြောင့်ဖြစ်ပါတယ်။
မိမိတို့ နေထိုင်ရာ ဒေသ အလျှောက် ဘုရားရှိခိုးတဲ့ပုံစံတွေ ကွဲသွားပါတယ်။ ဖြစ်သင့်တာကတော့ မိမိဖာသာ တစ်ဦးတည်း ဘယ်ပုံစံ ဆိုနေနေ လူအများနှင့် ဘုရားရှိခိုးဆိုတဲ့ အခါမှာ ဒါကိုပဲ ဆိုရမယ်ဆိုတာမျိုးကို နိုင်ငံတော်အနေနဲ့ သံဃာပိုင် အဖွဲ့ အစည်း ဆရာတော်ကြီးများ နှင့် တိုင်ပင်ပြီး သတ်မှတ်ပေး ကာ Media များ မှ တစ်ဆင့် ဖြန့်ဖြူးပေးခြင်း ။ ကျောင်းတွေမှာ ကန်တော့ခိုင်း ခြင်း ( ကျွန်တော်တို့ကျောင်း က တော့ ကျောင်းတက်ခေါင်းလောင်းထိုးတာနဲ့ ဘုရားကန်တော့ ရပါတယ် .. ဗုဒ္ဓဘာသာဝင်များသာ .. ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေတော့ ထိုင်နေပေါ့။ ) များကို လုပ်ဆောင်ပေးသင့်ပါတယ်။
ဒါဆိုရင် လူဦးရေ ဘယ်လောက်များများ ရှိခိုးသံတွေ ဟာ ထပ်တူကြပြီး နားထောင်ရသူတို့ အဖို့ အားကြစရာ ကြည်နူး စရာ များ အဖြစ် မြင်ရကြားရကြရမှာပါ။
ခုတော့ဗျာ .. တရားပွဲ အစ .. သြကာဿ မှာ ကတည်း က ကမောက်ကမ တွေဖြစ်နေလိုက်ကြတာ ရှက်ဖို့တောင်ကောင်းတယ်။
နောက်ဆုံးအနေနဲ့တော့ သက်ဆိုင်ရာ လုပ်ခွင့်ရှိ၍ လုပ်ခွင့်ရ သူတို့ အနေနှင့် အားလုံးအတွက် တခုတည်းသော ( Standard) ဘုရားရှိခိုးကို ကြိုးစား ဖော်ထုတ်ပေးကြပါလို့ ဒီဘလော့ ကလေးက နေ မေတ္တာရပ်ခံ အပ်ပါသည်ခင်ဗျား. . .
လေးစားစွာဖြင့်
နေစိုးနိုင်
Wednesday, April 1, 2009
မှတ်ထားလိုက်ပါ ... ပြီးတော့
စေတနာ ရဲ့ စေတနာပေါ့ဗျာ .. ) သူရေးထားတာ က ဒီလို...
နေစိုးနိုင်ရဲ့ လူစကားပြောသော တိ၇ိစ္ဆာန် post ပါ show ပွဲလေးအပေါ် စာရေးသူ( စေတနာ )ရဲ့ အမြင်ကို ပြန်လည် မျှဝေလိုခြင်းပါ။ ဦးဆုံးအနေနဲ.ြေ
ဒီ showပွဲလေးဟာ စာရေးသူ( စေတနာ ) ရင်ထဲကို အမြင်နှစ်မျိုးနဲ. ဝင်ရောက်ခဲ့ပါတယ်။ လုံးဝ (လုံးဝ) လက်သင့်
စက်ဆုပ်ရွံရှုာဖွယ် show ပွဲ
တကယ်တော့ ဒီ show ပွဲလေးဟာ ထူးဆန်းအံ့သြမှူကို အခြေခံပြီး အောင်မြင်ကျော်ကြားလိုမှု ဇော တစ်ခုတည်းကြောင့် ဖြစ်ပေါ်လာတာပါ၊၊ သူတို့နိုင်ငံမှာ လွတ်လပ်လို့ လုပ်ချင်တာလုပ်တာ လို့တော့ သင်ပုန်း မချေလိုက်ပါနဲ့၊၊ နေစိုးနိုင် ပြောသလို ဗုဒ္ဓ ရုပ်ပွါးတော်၊ရုပ်ပုံတော်၊စေတီေ
အဲဒီတော့ တို့ဘာသာအပေါ် နားလည်မှုတွေ ၊လေးစားမှုတွေ၊ စာနာ ထောက်ထားမှုတွေ ဘေးဖယ်ထားတဲ့ show ပွဲလေး ဆိုတာတော့ မှတ်ထားကြစေချင်တယ် သူငယ်ချင်း။
အဲဒီလို သူတို့အပေါ် ဒေါသ ထွက်မိသလိုပဲ မိမိကိုယ်ကိုလည်း ဒေါသ ထွက်မိပြန်ပါတယ်။အခုဆိုရင် ဒူးဘိုင်းမှာ ရွှေအတော်များများ လာရောက် အလုပ် လုပ်ကိုင် နေကြပြီ ဖြစ်ပါတယ်။ စာရေးသူ(စေတနာ) အပါအဝင် ရွှေအတော်များများဟာ အင်္ဂလိပ်စာ အရမ်း အားနည်း ကြပါတယ်။ အဲဒီလို အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား အားနည်းတဲ့အတွက် လုပ်ငန်းကျွမ်းကျင်သလောက် ရသင့်ရထိုက်တဲ့ အခွင့်အရေး မရရှိကြတဲ့ အကြောင်းလည်းကြားဖူးကြမှာပါ။ အဲ
ရုပ်ပွါးတော်၊ရုပ်ပုံတော်၊စေတီေ
ဗုဒ္ဓ ရုပ်ပွါးတော်တွေကို တန်ဖိုးမထားကြတဲ့ အခြားအကြောင်းအ၇င်း တစ်ခုကိုလည်း ဒူဘိုင်း ရောက်မှ သိရှိရတာမို့ ပြန်လည် မျှဝေလိုပါသေးတယ်။ ညဖက်ဘုရားရှိခိုးတော့ အခန်းဖော် နိုင်ငံခြားသားတွေက မေးကြတယ်။ praying လုပ်တာလားတဲ့။မေးသာမေးပြီး သေသေချာချာ မသိချင် သူတွေကိုတော့ “suppose you can say just pyaying,but it’s not praying” လို့ပဲ ပြန်ပြော လိုက်တယ်။ နားထောင်ချင်တဲ့လူ ဆိုရင်တော့ ငါးပါးသီလအကြောင်း ၊လောဘ ၊ဒေါသ၊မောဟ အကြောင်း ၊ငါးပါးသီလ စောင့်ထိန်းဖို့ ၊ဒေါသ ၊လောဘ ၊မောဟ တို့ရဲ့ ဆိုးကျိုးကို သိမြင်ပြီး၊ မိမိစိတ်ကို စင်ကြယ်အောင် အားထုတ်တာ ( တနည်းအားဖြင့် စိတ်ကို ကျင့်ယူတာ )လို့ ရှင်းပြမိတယ်။ ပြီးတော့ တို့ဘာသာမှာ ဆုတောင်းနေရုံနဲ့လည်း မရဘူးလို့ ရှင်းပြမိတယ်။
ဟုတ်တယ်လေ။ ဆုတောင်းနေရုံနဲ့ ရမယ် ထင်သူတွေအတွက်တော့ ဒီသက်မဲ့ ရုပ်ပွါးတော်တွေက ဘာလုပ်ပေးနိုင်မှာတုန်း။ အဲဒီတော့ ဆုတောင်းခြင်းနဲ့ စိတ်စင်ကြယ်အောင် လုပ်တာနဲ့ မတူတာကိုလည်း ပြောပြကြဖို့ မှတ်ထားကြစေချင်တယ် သူငယ်ချင်း။။
အတုယူဖွယ်၊ ကြည်နူးဖွယ် မြင်ကွင်းလေး တစ်ခု
ဘုရားနောက်ကျောက အရံမင်းသမီး ထွက်လာပြီးတဲ့နောက် အဲဒီမင်းသမီးနဲ့ ဘုန်းကြီးသဏ္ဍန် အကမင်းသား တစ်ယောက် မတော်တရော် ပြကွက် ပြတဲ့ အခိုက်မှာ ပရိတ်သတ်ထဲက သမီး တစ်ယောက် ရဲ့အမေ လုပ်၇ပ်လေးပါ။ ဘုန်းကြီးဆိုတာ ဒီလိုမလုပ်ဘူး ဆိုတာ သူမ သိချင်မှ သိပါလိမ့်မယ်။ ဒါပေမယ့် ဒီပြကွက်ဟာ ယုတ်မာတဲ့ပြကွက၊် မိမိသမီးပျို မမြင်သင့်၊အတုမယူသင့် တဲ့ပြကွက်မို့လို့ သမီးမျက်လုံးကို အတင်း ပိတ်နေတဲ့ အဲဒီအမေရဲ့ လုပ်ရပ်လေးဟာ အမေတွေရဲ့ အရေးပါ အရာရောက်မှု ကို ကွက်ကွက်ကွင်းကွင်း မြင်သာလှပါတယ်။ စာရေးသူ( စေတနာ) ရဲ့ရင်ထဲမှာ တကယ့်ကို ကြည်ကြည်နူးနူးလေး ခံစားမိတယ် တကယ်ပါ။ အဲဒီမိခင်ကို လေးစားမိတယ်။အတုလည်း ယူမိတယ်။ ရွှေအမ ၊ညီမတွေ အနေနဲ့ အတုယူထိုက်တဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်လေး လို့လည်း မှတ်ထားကြစေချင်တယ် သူငယ်ချင်း။။
နောက်ဆုံးအနေနဲ့ ဆရာတော် အရှင်ဆေကိန္ဒ စကားငှါး သုံးရရင်တော့ သိသင့်၊သိထိုက် တာကို သိအောင် မကြိုးစားကြတဲ့ အတွက် “လုပ်သင့် လုပ်ထိုက်တာကို မလုပ်မိ၍ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်မိကြတဲ့ သူတွေ " ကို သနားလိုက်ပါ သူငယ်ချင်းရယ်။ ။
စေတနာ
29-03-2009(11း50)
Wednesday, March 25, 2009
လူစကားပြောတဲ့ တိရိစ္ဆာန်
သူငယ်ချင်းတစ်ယောက် ဆီကနေ Forward Mail တစ်စောင်ရလို့ ဖွင့်ကြည့်လိုက်တယ်။ ကြည့်လိုက်တော့ ရင်ထဲမှာ နင့် ခနဲ ကိုနေသွားတာပဲဗျာ ။
ဘုရားဆင်းတုတော်ပုံထွက်လာတယ်..
နောက် တဖြည်းဖြည်းလည်သွားပြီး နောက်ကျောက အပေါက်ကနေ မင်းသမီး ( အရံ ) ထွက်လာတယ်။ ဒီကတည်းက စိတ်ထဲမှာ မကြိုက်တော့ဘူး။
နောက် အပြင်ထွက်လာလာချင်း ပဲ စင်ပေါ်မှာ ၀ိုင်းပြီးတော့ ထိုင်နေတဲ့ ဘုန်းကြီး (သင်္ကန်းဝတ် )ပုံစံ ယောက်ျား တစ်ယောက် ထွက်လာပြီး အမြင်မကောင်းတာတွေ စပြီး လုပ်ပြတော့တယ်။
ဒီမှာသိလိုက်ပြီ . . .
ဒါဘာသာရေးအရ ထိုးနှက်ချက်တစ်ခု ဖြစ်တယ်ဆိုတာကို ပါ။( ဗုဒ္ဓဘာသာ အကြောင်းမသိတဲ့သူ ၊ သံဃာတော်တွေ အကြောင်း မသိတဲ့ သူ သာ ဒါကို ကြည့်မိရင် ဘုန်းကြီးမြင်တိုင်း ဒါကြီးကို သတိရနေပါလိမ့်မယ် ။ ကလေးတွေဆိုရင်တော့ သေရာပါမှာ ပေါ့ ဗျာ )
အစပိုင်းမှာတော့ သူတို့တွေ နိုင်ငံမှာ လွတ်လပ်လို့ လုပ်ချင်တာလုပ်ကြတာနေမှာပေါ့ လို့ စဉ်းစားမိတယ်။ ဒါပေမယ့် လုပ်ခွင့်ရှိတိုင်းလုပ်တယ် ဆိုတာ မျိုးတော့မဖြစ်သင့်ဘူး။ လူသားချင်းစာနာပါတယ်ဆိုတဲ့ စကား က သူတို့တွေ ပါးစပ်ဖျားကပဲ ထွက်လာတာပါ။
လုပ်လို့ရတိုင်း လျှောက်လုပ်နေတာ ဟာ အခွင့်အရေး ကို အသုံးချတာမဟုတ်ဘဲ စည်းကမ်းမရှိတာ ဖြစ်သွားတယ်။ ဒါသူတို့ရဲ့လုပ်ရပ်ဟာ မှားတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။ ကိုယ်ကိုးကွယ်တဲ့ဘာသာ မဟုတ်တော့ စိတ်ထဲမှာ ဘယ်လိုမှလဲ နေကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလုပ်ရပ်ဟာ လူ့စည်းကမ်း မရှိတဲ့ ၊ လူ့စည်းကမ်း ကို မသိတဲ့ တိရိစ္ဆာန်သာသာ လုပ်ရပ်ပါ။
မင်း က မင်း ဘာသာ ထိလို့နာတယ်လို့ပြောမယ်။ အဖြေက ရှင်းပါတယ်။ ဟုတ်ပါတယ်ခင်ဗျာ။ ကျွန်တော် စိတ်နာပါတယ်။ ကျွန်တော့်ကိုးကွယ်တဲ့ ဘာသာ ကိုထိလို့ပါ။
သာမန် ရုပ်ပွားတော် တစ်ခု ကို ဒီလိုထင်တိုင်း လုပ်နေကြတာပါပဲ ။ ဒါစိတ်ထဲမှာ ဘယ်လိုမှ မနေပါဘူး။ ကျွန်တော်တို့တွေ ကိုးကွယ်နေတာ က ဒီပုံ ကြီး ကို ကိုးကွယ်နေတာမှ မဟုတ်တာ။ ဥပမာ ပြောရမယ်ဆိုရင်တော့ အာဇာနည်နေ့ တို့ လွတ်လပ်ရေးနေ့ တို့ မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ရှေ့မှာ သွားပြီး အလေးပြုကြတယ်။ ဒါဒီကြေးရုပ် ကြီးကို အလေးပြုနေတာမဟုတ်ဘူး။ ဒီကြေးရုပ်ကြီးရဲ့နောက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ရပ်တွေကို အလေးပြုတာပါ။ကြေးရုပ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ လူရဲ့ သင်္ကေတ တစ်ခုပဲ ။ ကြေးရုပ်ကြီးက အောင်ဆန်းမဟုတ်ဘူး ။ အောင်ဆန်းဟာ လည်း ကြေးရုပ်မဟုတ်ဘူး။ အလေးပြုတာ ဟာ ကြေးရုပ်ကြီးရဲ့နောက်က အောင်ဆန်းကို ဖြစ်တယ်။
ယခုလည်း ဒီလိုပါပဲ ရုပ်တုကိုးကွယ်တယ် ( ဘာသာခြားတွေ အမြင် ) ဆိုတာ ဒီရုပ်တု ကြီး ကို ထိုင် ကန်တော့နေတာ မြင်ရတော့ သာမာန် လူပြိန်းကြည့်ကြည့်ရင် ရုပ်တုကြီး ကိုးကွယ်နေတယ်ပေါ့။ ဒါပေမယ့် တကယ် အရိုအသေပေး ကန်တော့နေတာ က ဒီရုပ်တုကြီး ကို မဟုတ်ဘူး ။ ရုပ်တုကြီး ဆိုတာ က သင်္ကေတ တစ်ခုပဲ ။ ဒီရုပ်တုကြီး နောက်မှာ ရှိခဲ့တဲ့ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ကန်တော့နေကြတာ။ သတိထားသင့်တာက ရုပ်တုကြီး က ဂေါတမ မဟုတ်သလို၊ ဂေါတမ ဟာလည်း ရုပ်တုကြီး မဟုတ်ဘူး ။ ကိုးကွယ်နေကြတာဟာ ရုပ်တုကြီးရဲ့နောက် က ဂေါတမ ရဲ့ လုပ်ရပ်တွေကို ဖြစ်တယ် ဆိုတာပါ။
ဥပမာ ။ ။ ဘယ်ဘာသာဝင်တွေ ပဲဖြစ်ဖြစ် မိဘ ကို တန်ဖိုးထားကြတယ် ။ အဝေးရောက်နေရင် ပိုတာပေါ့ ။ ကိုယ့် မိဘ ကို သတိရတယ် ဆိုရင် သာမာန် သတိရတာထက် ဓာတ်ပုံကလေး ထုတ်ကြည့် လိုက်ရရင် ပိုပြီး အလွမ်းပြေတယ်။ ဒီဓာတ်ပုံ က ကိုယ့်မိဘ မဟုတ်တာ လူတိုင်း သိပါတယ်။ ဓာတ်ပုံ ကလေးကို ထိုင်ကန်တော့တယ်။ ဒါစက္ကူကို ကန်တော့တာလား .. . ဒါကို သဘောမပေါက်သေးဘူးဆိုရင်တော့ ကိုယ့် မိဘ ဓာတ်ပုံ ကို အောက်ချပြီး ခြေထောက်နဲ့ ဘယ်သူ နင်း ချင်လဲ ပြောပါ။ ဘယ်ဘာသာဝင် မှ လုပ်လိမ့်မယ် မဟုတ်ဘူး ဆိုတာကို ကျွန်တော်ယုံတယ်။
ဒီဗွီဒီယိုမှာ ပါတဲ့ ရုပ်ပွားတော်ကြီး ဟာ လည်း သာမန်ရုပ်တုကြီး တစ်ခုပါပဲ ။ မန္တလေး ကို ရောက်ဖူးရင်သိပါလိမ့်မယ် ။ ဘုရားကြီး အနောက်မုခ် မှာ ကျောက်ဆစ် တန်း ရှိတယ်လေ ကျောက်ဆင်းတုတွေ တုံးလုံးပက်လက် ပါပဲ အ၀တ်တွေ ဘာတွေ တောင် လှန်းထားလိုက်သေး ။ ဒါကို ဘယ်လို ခံစားရလဲ ။ ဘယ်လိုမှ မခံစားရဘူး။ ဘာလို့လဲ။
သာမာန်ကြေးရုပ်ကြီး တစ်ခု လမ်းလည်ခေါင်မှာ သွားချထား .. ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ဒါ ဗိုလ်ချုပ်အောင်ဆန်း လို့ သတ်မှတ်လိုက် ရင် သူ့တန်ဖိုးပြောင်းသွားတယ်။ ဒီသဘောတရား ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။
ဗုဒ္ဓပုံတော် တစ်ခု ကို ၀ယ်ပြီး ထင်သလိုလုပ် ပြနေကြတာဟာ ။ သူငယ်ချင်း တစ်ယောက်ရဲ့ မိဘ ပုံ ကို ငါ့မိဘ မှမဟုတ်တာ ဆိုပြီး ခြေထောက်နဲ့ ချနင်း သလို ဖြစ်နေပါတယ်။ အနင်း ခံရတဲ့ သူငယ်ချင်းရဲ့ မိဘတွေ ကိုလည်း ဘာမှ မထိခိုက်နိုင်ပါဘူး။ စက္ကူ ကြီး ချနင်းတာကိုး ။ ဒါပေမယ့် ချနင်းလိုက်တဲ့ သူအတွက်တော့ သူငယ်ချင်းဖြစ်သူရဲ့ လုပ်ရက်လေချင်း ဆိုတဲ့ သတ်မှတ်ချက် ကိုတော့ခံရမယ်။ ပတ်ဝန်းကျင်ရဲ့ လူမဆန်တဲ့ လုပ်ရပ် လို့ပြောတာ ကို ခံရမယ်။ ဒါသူ့အတွက် ရလဒ်ပဲ။
ကျွန်တော်တို့တွေရဲ့ ဘ၀မှာ ကိုယ်သဘောနဲ့ ကိုယ် လုပ်ချင်တာတွေကို လုပ်လို့ရတယ် ။ ဒါပေမယ့် ကိုယ်လုပ်လိုက်တဲ့ အလုပ်က လုပ်သင့်လား ဆိုတဲ့ စဉ်းစားနိုင်တဲ့ ဦးနှောက်တော့ ရှိဖို့လိုမယ် ။ ဒါမှမဟုတ် ရင်တော့ ကိုယ့်ရဲ့လုပ်ရပ်တွေဟာ ဗရမ်းဗတာ ဖြစ်သွားပြီးတော့ ။ လူစကားပြောတဲ့ တိရိစ္ဆာန် ဖြစ်သွားမယ်။ တိရိစ္ဆာန် နဲ့လူမှာ အဓိက ကွာတာက ဘာသာစကား နဲ့ လုပ်သင့်တာ ၊ မလုပ်သင့်တာ ကို စဉ်းစား နိုင်ခြင်းပဲလေ။ ဟုတ်ဘူးလား။
သူငယ်ချင်းရေ . . .
လုပ်လို့ရတိုင်း လျှောက်လုပ်တဲ့လူ ကို လူစကားပြောတဲ့ တိရိစ္ဆာန် လို့ ခေါ်မယ်နော်
လုပ်သင့်တာကို လုပ်တဲ့ လူ ကို မှ လူ စကားပြောသော လူပီသတဲ့ လူလို့ ခေါ်မယ်နော်
မင်း .. သဘောတူလား ?
မတူလည်း မတတ်နိုင်ဘူး ... ငါကတော့ ဒီအတိုင်းပဲ ..
အထက်ဖော်ပြပါ video မှာ Music and Lyric 2007 အစီစဉ်မှ ဖြစ်ကြောင်းသိရပါတယ်။
ဒီနေရာ http://www.imdb.com/title/
လူစိတ် ရှိ၍ လူစကား ပြောသော ..... လူပီသတဲ့ လူတွေ ဖြစ်ကြပါစေ ဗျာ
လေးစားစွာဖြင့်
နေစိုးနိုင်
Wednesday, December 31, 2008
နှစ်သစ်လက်ဆောင်
နှစ်တစ်နှစ်ကနေ နောက်နှစ်သစ်တစ်နှစ်ကို ပြောင်းတယ်ဆိုတာ တကယ်ဆိုတော့ ၁ စက္ကန့်ပဲ ကြာတာပါ။ ဒါပေမယ့် ဒီတစ်စက္ကန့်ကလေးကို ရောက်ဖို့အတွက် ကျွန်တော်တို့ ၃၆၄ ရက် ၂၃ နာရီ ၊ ၅၉ မိနစ် နှင့် ၅၉ စက္ကန့်တိတိ စောင့် ခဲ့ကြရတာပါ။
ဒီလို နှစ်သစ် ကာလလေးမှာ ကိုယ်ချစ်ရသော မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်း ...အစရှိသော ကိုယ်နှင့် ပတ်သက်သူ တို့ကို နှစ်ကူးဆုတောင်းလေးတွေ ပေးကြတယ် .. လက်ဆောင်လေးတွေ ပေးကြတယ်။ ချစ်စရာကောင်းတဲ့ ဓလေ့ကလေးတခုပါ။
မိမိရဲ့လုပ်ရပ် တခုဟာ လူတစ်ဦးတစ်ယောက်ကို ချမ်းသာစေလိုတဲ့( ကိုယ်၊ စိတ် ) ဆန္ဒလေးနဲ့လုပ်ပေးလိုက်တယ် ဆိုရင် လုပ်ပေးလိုက်တဲ့ သူ ရော လက်ဆောင်ကလေးတွေ လက္ခံရရှိ တဲ့ သူအတွက်ရော အရမ်းကို စိတ်ချမ်းသာစရာကောင်းပါတယ်။ ဆုတောင်းလေးတွေ ပို့တဲ့လူ အနေနဲ့ က ကိုယ့် ရင်ထဲမှာ ရှိတဲ့ စကားလေးတွေရဲ့ တစိတ်တဒေသ ကိုကိုယ် ပြောချင်တဲ့ သူဆီကို ပြောဖို့ အခွင့်အရေးရ တယ်။ လက္ခံရရှိတဲ့သူ အနေနဲ့ကလည်း မိမိ ကိုယ် စေတနာထားတဲ့ လူ တွေရှိတာကို သိရတဲ့ အတွက် ပိတိလေးတွေ ခံစားရမယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ ကာလ ကလေးပါ။
ကျွန်တော်လည်း စဉ်းစားတယ် ကျွန်တော်ချစ်တဲ့ ကျွန်တော့် သူငယ်ချင်းတွေကို နှစ်သစ်လက်ဆောင် ဘာပေး ရမလဲပေါ့။ အလကားရတဲ့ E-Card ပဲ ပေးရမလား ကိုယ့်ဘာသာ ကဒ်တခု လျှောက်လုပ်ပြီး ပေးရမလား .. ဘာပေးရမလဲ စဉ်းစားနေတာ။ နောက်ဆုံးတော့ အဖြေပေါ်သွားတယ်။ တခါမှ မပေးဘူးသေးဘူး ။ တခါမှလဲ မရဘူးသေးတဲ့လက်ဆောင်ပေးမယ်။
သူငယ်ချင်းတွေ ကို မေတ္တာပို့မယ်။
ဟုတ်ပြီ ... ဆရာတော်ဘုရား တွေ အသံနဲ့ တော့မပို့ချင်ဘူး ကိုယ့်သူငယ်ချင်း ကို ပေးတဲ့ လက်ဆောင်မှာ ကိုယ့် အငွေ့အသက်ကလေး တော့ ပါသွားစေချင်သေးတယ် လေ။ ဒါ့ကြောင့်ပဲ ကိုယ်တိုင် ကြိုးစား အသံသွင်း လိုက်ပါတယ်။
သူငယ်ချင်း တွေထဲမှာ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ သူငယ်ချင်းတွေ ပါတဲ့အတွက် အနည်းငယ် ရှင်းပြလိုပါသည်။ ကျွန်တော်၏ စိတ်ကူးကို ဖြစ်ပါသည်။
ကိုယ်ခင်တဲ့ သူ ၊ ကိုယ်ချစ်တဲ့သူ အတွက် ဆန္ဒလေးတွေပြုပေးကြသည်။ 'ဆုတောင်းသည'် ဟုခေါ်သလို 'မေတ္တာပို့'သည်ဟုလည်းတစိတ်တဒေသ မှတ်ယူလို့ရပါသည်။ အနှစ်ချုပ်ကြည့်လိုက်လျှင် သက်ဆိုင်သူကို ကောင်းကျိုးချမ်းသာတွေ ခံစားရစေချင်တာဖြစ်သည်ကို အမှတ်ရစေလိုပါသည်။
ကျွန်တော်တို့၏နေ့စဉ်ဘ၀တွင် လူအချင်းချင်း နှုတ်ဆက်ပုံချင်းကွဲပါသည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့၏ ဘာသာစကားမတူသောကြောင့်ဖြစ်ပါသည်။ ၄င်းနုတ်ဆက်စကားများ၏နောက်တွင်ရှိသော ၄င်းတို့၏ နှလုံးသားများ၊ စိတ်ထားများမှာ တစ်ခုတည်းသာဖြစ်ပါသည်။
ထို့ကြောင့် နေစိုးနိုင် သည် ဗုဒ္ဓဘာသာ ဖြစ်သောကြောင့် ဗုဒ္ဓဘာသာ မေတ္တာပို့ နည်းဖြင့် လက်ဆောင် ပေးပါသည်။ စာသားများသည် ကွဲပြား နေနိုင်ပါသည်။ သို့သော် စာသားများ၏နောက်မှ နေစိုးနိုင် ၏ စေတနာ နှင့် နှလုံးသား ကို မြင်အောင်ကြည့် စေလိုပါသည်။
နောက်ဆက်တွဲ ဆုတောင်းအဖြစ် ဆုတောင်းပေးလိုက်ပါတယ် .....
စိတ်ကိုညစ်နွမ်းစေသောအရာမှန်သမျှ နှစ်ဟောင်းမှချန်ထားခဲ့ပြီး အောင်မြင်မှူ များနဲ့နှစ်သစ်ကို ချီတက်နိုင်ပါစေ....
နှစ်သစ်မှာ ကျော်လွှားနိုင်တဲ့ အခက်အခဲများသာ တွေ့ပါစေ . . .
မေတ္တာပို့ကိုတော့ နားထောင်လိုက်တော့နော်...
နေစိုးနိုင်
Saturday, November 22, 2008
ဘယ်လိုအယူဝါဒကို ယုံကြည်ရမှာလဲ
ကေသမုတ္တိသုတ်(သို့ )ကာလာမသုတ်
ဘုရားရှင်သည် နယ်စပ်ရွာကြီးတစ်ရွာဖြစ်သော ကေသမုတ္တိရွာကြီးသို့ ရောက်ရှိခဲ့စဉ် ၎င်းရွာကြီးတွင် ဘုရားရှင်အရှေးဦးစွာ တိတ္ထိပုဂ္ဂိုလ်(၆)ဦးမှ ငါဟောတာယုံ
သူများပြောတာမယုံနဲ့ ဆိုပြီး မှားယွင်းသောအယူဝါဒများစွာကို ဟောကြားခဲ့ပြီးဖြစ်လို့ 
ရွာသားများအားလုံး အယူဝါဒနဲ့ ပတ်သက်ပြီး တွေဝေနေကြသောအချိန်တွင် ဘုရားရှင်မှ
ကေသမုတ္တိသုတ်ကို ဟောတော်မူခဲ့သည်။
၎င်းသုတ္တန်သည် ယနေ့ ကမ္ဘာပေါ်တွင်ရှိသမျှသော အတွေးအခေါ်ပညာရှင်ကြီးများအားလုံးမှ
အထူးလေးစားဆုံးနှင့် ချီးမွမ်းရသောသုတ္တန်တစ်ခုဖြစ်ခဲ့ပြီး
(၁)The Bravest Announcement
အရဲရင့်ဆုံးသော ကြွေးကြွော်သံ
(၂)The Freedom of Thought
အတွေးအခေါ်ပိုင်းဆိုင်ရာ လွတ်လွတ်လပ်လပ်တွေးနိုင်ခြင်းဖြစ်ကြောင်းမှတ်တမ်းတင်ဂုဏ်ယူ
နေသောသုတ္တန်ဖြစ်ပေသည်။
၎င်းသုတ္တန်တွင်အချက်(၁၀)ချက်ကို အလွယ်တကူလက်ခံယုံကြည်ခြင်းမပြုဘဲ ခေတ္တထားပြီး
သေချာစီစစ်ပြီးမှ ယုံရန်ဖြစ်ပေသည်။
(၁)ဆင့်-တစ်ဆင့်စကားပြောလာသော စကားကိုမယုံနဲ့ အုံး
(၂)ကော-ကောလာဟလ စကားကိုလည်း မယုံနဲ့ အုံး
(၃)စာ-စာအုပ်ထဲက ပြောတိုင်းလည်း မယုံနဲ့ အုံး
(၄)စဉ်-အစဉ်အလာ ဘိုးဘွားစဉ်ဆက် စကားကိုလည်းမယုံနဲ့ အုံး
(၅)ကူး-ဟိုနည်း ဒီနည်း နည်းကူးချပြီးလည်း မယုံနဲ့ အုံး
(၆)တွေး-အတွေးကောင်းတိုင်းမှန်တယ်ဆိုပြီးလည်း မယုံနဲ့ အုံး
(၇)ဆင်-ယုတ္တိများနဲ့ ဆင်ခြေပေးတိုင်းလည်း မယုံနဲ့ အုံး
(၈)ငါ့-ငါ့အယူဝါဒသာမှန်တယ်ဆိုပြီးလည်း မယုံနဲ့ အုံး
(၉)လေး-လေးစားကြည်ညို ထိုက်သောသူ ပြောတိုင်းလည်းမယုံနဲ့ အုံး
(၁၀)ရာ-ငါ့ဆရာပြောတိုင်းလည်း အားလုံးမှန်ပြီလို့ မယုံနဲ့ အုံး
မည်သည့်အယူဝါဒဖြစ်စေ ကိုယ်တိုင်သာလျှင်သိအောင်လုပ်ကြပြီး ကိုယ်တိုင်
လက်တွေ့ လုပ်ကြည့်လျှင်မှား/မှန် ၊ ဆိုး/ကောင်းကို ကိုယ်တိုင်သိမြင်ပြီးမှ
လက်ခံယုံကြည် ကျင့်သုံးကြရန်ဟောကြားတော်မူခဲ့လေသည်။
(တစ်ခဏဖြစ်ရ လူ့ ဘဝအနှစ်ပြည့်အောင်ကြိုးစားကြ စာအုပ်မှ)
http://sakarwarmyay.blogspot.com မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
အယူဝါဒ တစ် ခု ဒါမှမဟုတ် သတင်းတစ်ခု နဲ့ပတ်သက်ပြီး ကောလဟာလ ဆိုတာတော်တော်ကို ဆိုးရွားလွန်းလို့ ဒီကာလာမ သုတ်ကို ရှာဖွေတင်ပြပေးတာပါ.. တခြားသောဘာသာများနှင့်ဗုဒ္ဓဘာသာ ရဲ့ အဓိက ကွဲပြားသောအချက်လို့ပြောလို့ရသလို ၊ ဗုဒ္ဓ၀ါဒ ရဲ့ အနှစ် ၊ အသက် လို့တောင်ပြောလို့ရလောက်တဲ့ သုတ်တစ်ခုပါ ။ လူဆိုတဲ့သတ္တ၀ါ က သူများပြောရင် ယုံလွယ်လွန်းလို့ ခေတ်အဆက်ဆက် လိမ်လည်ခံခဲ့ကြရတာပဲ ။ ခုထိလည်းယုံနေကြတုန်းပဲ ။ ဒါကြောင့်ပဲ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ဦးနှောက်က နည်းလာကြရော.
သတိ ။ ။ ဒီမှာရေးထားတာတွေကိုလည်း အရမ်းကာရော သွားမယုံလေနှင့်ဦး
Wednesday, October 22, 2008
လူတို့ကိုးကွယ်ကြရာဘာသာတရားများ
ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ဒီဘာသာကြီးလေးခုကို အဓိက ကိုးကွယ်ကြပါတယ် ။ အချို့အချို့ သောဘာသာဝင်တို့ သည် မိမိတို့ကိုးကွယ်သောဘာသာတရား၏ အနှစ်သာရကိုလည်းမသိ ၊ သူတပါးကိုးကွယ်သော ဘာသာ၏အကြောင်းကိုလည်းမသိပါဘဲလျှက် ဘာသာတရားလေးခုရဲ့ အဓိက ရည်ရွယ်ချက်ပန်းတိုင်က ပဲတူသရောင်ရောင် ရေးတတ် ၊ ပြောတတ် ကြပါတယ်။ အများအားဖြင့်တော့ ပဥာတ်ချက်တွေကိုကြည့်ပြီးပြောတာပါ ။ သူများပစ္စည်းမခိုးရဘူး ၊အရက်မသောက်ရဘူး ဒါမျိုးတွေက ဘာသာတိုင်းမှာလိုလိုပါနေတော့ တူသလိုလိုဖြစ်သွားတာပေါ့ ။ ဒါကိုသတိမထားပဲ တူတာလေးတစ်ခုလောက်တွေ့တာနဲ့ ရှိရှိသမျှ ရောချတော့တာပဲ ။
ဒါနဲ့ပတ်သတ်ပြီးအမေးအဖြေလုပ်ထားတာလေးကိုတွေ့လို့ ပြန်လည်ဝေငှပေးလိုက်ပါတယ်...
ဘယ်ဘာသာဝင်မဆိုမိမိတို့ကိုးကွယ်ရာဘာသာအပြင် အခြားဘာသာအကြောင်းကိုသိထားတော့ ဆက်ဆံကြတဲ့နေရာမှာကောင်းတာပေါ့ . . ခုတော့ ကိုယ်က မသိလို့ပြောလိုက်တာ တဖက်လူကို စော်ကားသလို ဖြစ်သွားတတ်တယ်။ သိ အောင်လုပ်ကြတာပေါ့ .... သိ မှခွင့်လွှတ်လို့ရတာ
မေးခွန်းကလေးက ကနေဒါကိုရောက်နေတဲ့ ကွန်ထန် ဆိုတဲ့ပုဂ္ဂိုလ် ကမေးထားပြီးတော့ ဆရာတော် ဦးကေလာသ ဓမ္မာစရိယ B.A(Philo), M.A (Buddhism) ကပြန်လည်ဖြေကြားထားတာပါ..
မေးး အိန္ဒိယကိုဘုရားသွားဖူးစဉ်က မြန်မာဘုန်းကြီးကျောင်းတခုမှာ မြန်မာ ၊ ဟိန္ဒီ ၊ အင်္ဂလိပ် ဘာသာများဖြင့် ဗုဒ္ဓဘာသာ ၊ ခရစ်ယာန်ဘာသာ ၊ အစ္စလာမ် ဘာသာဟူသောကမ္ဘာ့ဘာသာများမှာနာမည်သာ ကွဲပြားပြီး ဟောကြားသည့်တရားမှာ အတူတူ ဖြစ်သည်ဟု နံရံမှာ စာလုံးကြီးဖြင့်ရေးထားတာကိုတွေ့ခဲ့ရ၍အံ့သြမိပါသည်။ ထိုအယူအဆနှင့်ပတ်သက်၍ ဗုဒ္ဓမြတ်စွာက မည်သို့ဟောကြားသည်ကိုသိလိုပါသည်ဘုရား..
ဖြေး ၀ါဒပုံစံနှစ်မျိုး
ဘာသာတရားတွေအားလုံးကိုခြုံ ကြည့်လိုက်ရင် တွေ့ကြုံသိဝါဒ နှင့် စိတ်ကူးပုံဖော်ဝါဒလို့ နှစ်မျိုးတွေ့ရတယ် ဗုဒ္ဓဟာကိုယ်တိုင်ကျင့်ကြံအားထုတ်ပြီးတရားထူးကိုသိခဲ့တယ်။အဲဒီအသိကို သူတပါးတို့ကိုသင်ပေးတယ်။ လိုက်နာသူအားလုံးလည်း ဗုဒ္ဓသိတဲ့အသိကိုသိပြီး ချမ်းသာသွားကြတယ်။ ဒါကြောင့် ဗုဒ္ဓ၀ါဒဟာ ပထမ အမျိုးအစား(တွေ့ကြုံသိဝါဒ)မှာပါတယ်။ ဒီအမျိုးအစားမှာ နားလည်မှူ ဟာယုံကြည်မှူ ရဲ့အခြေခံဖြစ်တယ်။ ဒုတိယတမျိုးက ရှေးဦးဟောပြောသူတို့၏စိတ်ကူးစိတ်သန်း ( Conception ) ကိုဗဟိုပြုတဲ့အတွက် တည်ရှိပြီးယုံကြည်ျမှူ နှင့် လူမျိုးမတူလို့ဖြစ်ရတဲ့ခြားနားမှူတွေကို လက်တွေ့ (ကိုယ်ကာယ )နဲ့ဆန့်ကျင်ဖို့ တော်လှန်တိုက်ခိုက်ဖို့တိုက်တွန်းတာတွေ တွေ့ရတယ်။နာကြည်းစိတ်အခြေခံကြောင့်က္ကုဿာ(မနာလိုမှူ)၊ ဝေရပ္ပဋ္ဋိကာယ ( လက်စားချေမှူ ) နဲ့ အာဃာတ (အငြိုး )တွေဖြစ်ပေါ်စေတဲ့ လမ်းညွှန်ချက်တွေကို ကျမ်းမြတ်တွေမှာ အတိအကျ မှတ်တမ်းတင်ထားပါတယ်။
ကျမ်းဂန်ညှိခြင်း
ထွက်း ၂၀း၃ ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့် ၊ ၄။ အထက်မိုးကောင်းကင် ၌လည်းကောင်း။ မြေကြီးအောက်ရေထဲ၌ရှိသော အရာနှင့်ပုံသဏ္ဍန်တူအောင် ရုပ်တုဆင်းတုကို ကိုယ့်အဘို့မလုပ်နှင့် ဦးချဝတ်မပြုနှင့် အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား(ဖြစ်သတည်း)၊ ငါ့ကိုမုန်းသောသူတို့၏အမျိုးအစဉ်အဆက် တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင် အဖတို့၏အပြစ်ကိုသားတို့၌ ဆပ်ပေးစီရင်သော ဘုရားဖြစ်သတည်း။ (သမ္မာကျမ်းစာ)
စက္က၀တ္တိသုတ် ပိုဒ် ၈၀း ရဟန်းတို့သင်တို့သည် မိမိကိုသာလျှင်၊ ဓမ္မကိုသာလျှင် ကျွန်းသဖွယ်မှီခိုရာပြု၍ ၊ မိမိကိုသာလျှင် ဓမ္မကိုသာလျှင် ကိုးကွယ်ရာပြု၍ မိမိမှတပါး ဓမ္မမှတပါး အခြားအရာများကို အားမကိုးပဲနေကြလော့ (အဘယ်သို့နည်းဟူမူ) ဤသာသနာတော်၌ ရဟန်းသည် ကာယ ၊ ဝေဒနာ ၊ စိတ္တ ၊ ဓမ္မ တို့၌သတိဖြင့်အဖန်ဖန်ရှူ၍နေမူ မိမိကိုသာလျှင် ၊ ဓမ္မကိုသာလျှင် မှီခိုရာပြု၍ ကိုးကွယ်ရာပြု၍ အခြားကို အားမကိုးပဲ နေသည်မည်၏။ ( ဒီ ၃၊ ၄၃ )။(ဗုဒ္ဓ )
ကျမ်းဂန်ညှိခြင်း ၂
ဝတ်ပြု ၂၄း၁၉ လူသည်အိမ်နီးချင်းကိုနာအောင်ပြုလျှင် သူ့ကိုပြုသည့်အတိုင်း ကိုယ်ခံရမည်။ ၂၀။အရိုးကိုချိုးသည့်အတွက်အရိုးချိုးခြင်းကိုလည်းကောင်း။မျက်စိကိုဖျက်သည့်အတွက် မျက်စိဖျက်ခြင်းကို လည်းကောင်း၊ သွားကိုချိုးသည့်အတွက် သွားချိုးခြင်းကိုလည်းကောင်း၊ သူ့ကိုနာကျင်စွာပြုသည့်အတိုင်း ကိုယ်တိုင် နာကျင်စွာခံရမည်။ ၂၁။ လူကိုသတ်သောသူသည် အသေသတ်ခြင်းကို ခံရမည်။ ငါသည် သင်တို့၏ထာဝရဘုရားသခင် ဖြစ်၏ဟု မောရှေအား မိန့်တော်မူ၏။ (သမ္မာကျမ်းစာ)
ကုရ်အာန် ၉း၃၉ အကယ်၍ သင်တို့သည်(အလ္လာရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန်) မထွက်ကြပါလျှင် ထိုအရှင်မြတ်သည် သင်တို့အား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို ပေးတော်မူအံ့။ ထိုမှတပါးလည်း ထိုအရှင်မြတ်သည် သင်တို့အစား အခြားလူမျိုးတမျိုးကို လဲလှယ်(ဖန်ဆင်း)တော်မူအံ့။ ထို့ပြင် အသင်တို့သည် ထိုအရှင်မြတ်အား အနည်းငယ်စိုးစဉ်းမျှလည်း အကျိုးယုတ်အောင် ပြုနိုင်ကြမည် မဟုတ်ပေ။ စင်စစ်သော်ကား အလ္လာအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူသော အရှင်မြတ် ဖြစ်တော်မူပေ သတည်း။ ကုရ်အာန် ၄း၇၄ ။ စင်စစ်သော်ကား မည်သူမဆို အလ္လာအရှင်မြတ် ၏လမ်းတော်၌ စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်အံ့။ ထိုသို့တိုက်ခိုက်ရာတွင် ထိုသူသည် အသက် အသတ်ခံရသည်ဖြစ်စေ ၊ အောင်နိုင်သည်ဖြစ်စေ ငါအရှင်သည် ထိုသူအား မကြာမြင့်မီအတွင်း ကြီးကျယ်မြင့်မြတ်သောအကျိုးကို ပေးသနားတော်မူအံ့။ (အစ္စလာမ်)
ဥပက္ကိလေသသုတ် ၊ ပိုဒ် ၂၃၇ ။ ရန်ကို ရန်တုန့်မူ၍ ရန်မငြိမ်းနိုင်။ ရန်မတုန့်ပြန်ခြင်းဖြင့်သာ ရန်ငြိမ်းနိုင်၏ ဤသည်မှာဘုရားရှင်တို့၏အဆုံးအမဖြစ်၏၊ (မ ၃ ၊ ၁၉၂ )(ဗုဒ္ဓ)
အမှားနဲ့အမှန်
ဗုဒ္ဓ ပရိနိဗ္ဗာန်စံခါနီးမှာ သုဘဒ္ဒပုရဗိုဇ်က " အယူဝါဒတည်ထွင်သူတွေဟာ မိမိ ၀ါဒသာမှန်တယ် လို့ဟောပြော ကြပါတယ်။ အမှန်တရားကို ဘယ်လိုသိနိုင်မလဲ လို့ ဗုဒ္ဓကိုမေးပါတယ်။ ဗုဒ္ဓရဲ့အဖြေက အကြင်သာဿနာတော်၌ အင်္ဂါရှစ်ပါးရှိသော အရိယာမဂ် ဟူသော ဓမ္မမရှိ၊ ထိုသာဿနာတော်၌စိတ်ပိုင်း ဘ၀ တိုးတက် ရင့်ကျက်မှူဖြစ်စဉ်မရှိ။
ငါ(ဗုဒ္ဓ) ၏သာဿနာ၌မူ ဓမ္မ ရှိသောကြောင့် စိတ်ပိုင်းဘ၀တိုးတက်မှူဖြစ်စဉ်ရှိ၏" လို့ဖြေကြားခဲ့ပါတယ်။ ဗုဒ္ဓ၀ါဒအလိုအရ အမှားနဲ့အမှန် ကို မဂ္ဂင် ရှစ်ပါးပေတံနဲ့တိုင်းပါတယ်။
မတူပါဘူး
ဘုန်းကြီးရဲ့အမြင်အရ ဘာသာဝါဒတိုင်းမှာ ဦးတည်ချက်ပန်းတိုင်ကိုယ်စီရှိကြလို့ ဘာသာရေးမှန်ရင်အတူတူပါလို့ " ရောကြော်" မလုပ်ပစ်နိုင်ပါဘူး။ မေးခွန်းမှာပါတဲ့ဘာသာတရားတွေက စကြာဝဠာကိုစိုးပိုင်တဲ့ဖန်ဆင်းရှင် ( က္ကုဿရနိမ္မာန) ပုဂ္ဂိုလ်ကိုယုံတယ်။ ဗုဒ္ဓ၀ါဒီတွေကမယုံဘူး ။ အဲဒါအဓိကခြားနားချက်ပဲ။ အဲဒီလိုအခြေခံယုံကြည်ချက်မတူရင် ဟောကြားတဲ့တရားဓမ္မလည်းမတူနိုင်ပါဘူး။ ဘာကြောင့်ဆို စိုးပိုင် ဖန်ဆင်းရှင်ဝါဒက ထာဝရတည်မြဲတဲ့ ဘုရားရှိတယ် ဆိုတာကို ယုံဖို့မဖြစ်မနေ တောင်းဆိုသလို မယုံတဲ့ ဗုဒ္ဓ၀ါဒက ကိုယ့်အားကို ကိုယ်ကိုးဖို့ အဓိက ညွှန်ပြတဲ့အတွက် ကြောင့်လို့ အတိုချုပ် မှတ်နိုင်ပါတယ်။
ဒါကတော့ အားလုံးသိထားသင့်တယ် ထင်တဲ့ ဘာသာရေးအမေး အဖြေလေး ကို ဝေငှပေးတာပါ ။ နားမလည်တာရှိရင် သိတဲ့လူကို မေးပေါ့ ၊ ဆွေးနွေးပေါ့ ဒါမှပဲ ကျွန်တော်တို့ ကိုးကွယ်ရာအစစ်ဆိုတာ တွေ့နိုင်မှာပါ ကိုးကွယ်ရာအစစ်နဲ့တွေ့မှလည်းကျွန်တော်တို့ရင်ထဲက ဝေဒနာတွေကို ဖယ်ရှားနိုင်မှာပေါ့ ။
ဘယ်ဆေးဝါးမဆို စမ်းသပ်မှူ တွေ ရဲ့နောက်မှ စစ်မှန်တဲ့ အဖြေဆိုတာရှိတာပါ ။ စမ်းသပ်ကြည့်ကြပါ .... အောင်မြင်ပါလိမ့်မယ်......
သြော်မေ့နေလို့ ဗုဒ္ဓ၀ါဒ အရ ဘာသာတရားတစ်ခုကို မှန်တယ် မှားတယ် ဆို တာကို မဂ္ဂင်ရှစ်ပါးတရား ပေတံနဲ့တိုင်းတယ်လို့ပြောခဲ့တယ်နော် ။ ဒီတရားအကြောင်းကို နောက် post မှာမှ ဝေငှပေးမယ်။
ဒီနေရာမှာကျနော်ပြောလိုက်ဦးမယ် .... နေစိုးနိုင်က သူများရေးပြီးသားတွေ လိုက်တင်နေတာပါလို့အပြစ်တင်ချင်ရင် ကြိုပြောပါရစေ ... ဝေငှပေးခြင်းပါ ... ကော်ပီခိုးယူခြင်းမဟုတ်ပါ မူရင်းနှင့်တူနေခြင်းမှာ ပိုင်ရှင်၏လက်ရာကိုထိန်းသိမ်းခြင်းသာဖြစ်ပါကြောင်း...
စစ်မှန်သောအယူ ..စစ်မှန်သောအမြင် ...မကြာခင်မှာရကြပါစေ......
Wednesday, October 15, 2008
ဟိန္ဒူဝါဒနှင့်ထေရ၀ါဒဗုဒ္ဓဘာသာ
အတ္တာဟိအတ္တနောနာထော ဆိုတဲ့ပါဠိစကားကတော့လူတိုင်းရင်းနှီးပြီးသားပါ မြန်မာလိုတော့ မိမိကိုယ်သာကိုးကွယ်ရာပေါ့ဗျာ..
ကျွန်တော်ကဗုဒ္ဓဘာသာအကြောင်းကို သိလွန်းတတ်လွန်းလှလို့တော့မဟုတ်ပါဘူး ဒါပေမယ့် သိသလောက် ဆွေးနွေးတဲ့သဘောပါ ကျွန်တော်ပြောတဲ့အကြောင်းအရာတွေထဲမှာ ခင်ဗျားတို့မကြိုက်တာတွေလည်းပါမှာပဲ..
ဗုဒ္ဓ၀ါဒ ဟာဖန်ဆင်းရှင်ကို လက်မခံ့ပါဘူး ... သတ္တ၀ါမှန်သမျှမိမိတို့ပြုခဲ့ဖူးသော အတိတ်၏ကံအလျှောက်သံသရာမှာကျင်လည်နေကြရတယ်လို့ယုံကြည်ပါတယ်...
ဗုဒ္ဓ၀ါဒဟာဖန်ဆင်းရှင်ကိုလက်မခံပါဘူး ဒါပေမယ့် ကျွန်တော်တို့တွေဟာ ရောင်ဝါးဝါးဖြစ်နေပါတယ်...ဒါဘာကိုအခြေခံပြီးပြောတာလဲဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ဟိန္ဒူ ဘာသာဝင်တွေဟာ သူတို့ကိုယ်သူတို့ ဟိန္ဒူဗုဒ္ဓဘာသာ ဆိုပြီးပြောတတ်ပါတယ် ဒါကို ကျွန်တော်တို့ဗုဒ္ဓဘာသာ ၀င်တွေကလည်းလက်ခံထားကြပါတယ် . ကျွန်တော်ဆိုအရင်တုန်းက ဂရုမစိုက်မိခဲ့ပါဘူး .. နောက်မှ သိလာတော့ တော်တော်လေးကို ခံပျင်းပါတယ် ... ကျွန်တော်နည်းနည်းထပ်ရှင်းပြပါရစေ... ဟိန္ဒူဝါဒဟာဖန်ဆင်းရှင်ကိုယုံကြည်ပါတယ် နောက်ပြီးနတ်ဘုရားပေါင်းသောင်းချီပြီးကိုးကွယ်ပါတယ် ဒါခုမှမဟုတ်ပါဘူး ဗုဒ္ဓဘုရားပွင့်တော်မမူခင်ကတည်းက ကိုးကွယ်ခဲ့ကြတာပါ.. စဉ်းစားကြည့်ကြရအောင်.....
ဗုဒ္ဓဘုရားရဲ့တစ်ဆွေလုံးတစ်မျိုးလုံးက ဟိန္ဒူဘာသာဝင်တွေပါ ဒါကို သူတို့ဝါဒကို အတ္တ၀ါဒ လို့ ခေါ်ပါတယ် .. အမြဲတမ်းတည်ရှိနေတယ် ( ဗြဟ္မာ ကြီး) ကိုယုံကြည်တာပါ .. ဒါကို ဗုဒ္ဓက လောကမှာ ဘယ် အရာမှတည်မြဲတယ်ဆိုတာ မရှိဘူး ဆို တဲ့ (အနတ္တ)အယူဝါဒကို တင် ပြခဲ့သူ ပါ အားလုံးနဲ့ ဆန့်ကျင်ဘက် ကြီးပါ တကယ်လို့သာဟိန္ဒူဝါဒနှင့်ဗုဒ္ဓ၀ါဒဟာ အတူတူသာဆိုရင် ဗုဒ္ဓဘာသာဆိုတာပေါ်လာစရာအကြောင်းမရှိပါ..
ဒါကိုကျွန်တော်တို့ကဟိန္ဒူဗုဒ္ဓဘာသာဆိုတာမျိုးကိုလက်ခံနေရင် ကျွန်တော်တို့ကိုးကွယ်ရာ ဖြစ်တဲ့ဗုဒ္ဓဘုရားရှင် ၏ကျေးဇူးတော်များ လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုရာရောက်နေပါတယ်။ ကျွန်တော်ဒီစာကိုရေးတာ ဘာသာရေးပဋိပက္ခဖြစ်အောင်လုပ်တာမဟုတ်ပါ ဗုဒ္ဓဘာသာမဟုတ်သော အခြားသောဘာသာဝင်များလည်းမိမိတို့သက်ဆိုင်ရာဘာသာကိုလွတ်လပ်စွာ
ကိုးကွယ်နိုင်ကြပါတယ် ဒါပေမယ့် မိမိဘာသာမှမိမိဘာသာ တခြားဘာသာများကို စော်ကားတာမျိုး ချိုးနှိမ်တာမျိုးမလုပ်ကြစေချင်ပါ .. အကြောင်းရှိပါသည် ... အခြားသောဘာသာဝင်များ သည် ဗုဒ္ဓဘာသာဝင်များကို အမျိုးမျိုး ဆွဲဆောင်ကြပါတယ်
ဟိန္ဒူ ဘာသာက တော့ ဒီလိုဗြောင်ကျကျ ဆွဲဆောင်တာမျိုးမရှိပါ သို့သော် ဗုဒ္ဓစာပေ ယဉ်ကျေးမှူများမှာ ဖြတ်ညှပ်ကပ်လုပ်ပြီး ဗုဒ္ဓဘာသာကို ပူးပြီးသတ်နေပါတယ် ဒါကို ကျွန်တော်တို့ သတိထားရပါမယ် .. ဘယ်လောက်တောင်ဆိုးနေပြီလည်းဆိုရင် မြန်မာပြည်ဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံပါ လို့ ပြော မယ် ဆိုရင် ဈေးကွက်မှာ အရောင်းအကောင်းဆုံးဖြစ်နေတဲ့ ယတြာ မဂ္ဂဇင်း ၊ဂျာနယ်များ ၊ ဘုရားရင်ပြင်တော်ပေါ်က ဂြိုလ်ပြေနံပြေ ရုပ်တုများ .. ပြဿဒါး၊ ရက်ရာဇာများ ....စတာတွေပြန်တွေးပြီး နုတ်ဆွံ့နေမိတယ် ဒါတွေဟာပူးပြီးသတ်ခံရတာတွေဆိုတာကို သတိရစေချင်တယ် ....
သတိ .... ဗုဒ္ဓဘာသာစတင်အခြေခံရာ ... ဗုဒ္ဓဘုရားမွေးဖွားရာ နီပေါနိုင်ငံ ၊ အိန္ဒိယ နိုင်ငံတို့ဟာ ခုဆို ဟိန္ဒူနိုင်ငံ တွေဖြစ်နေပြီ သူတို့တွေပူးသတ်ခံခဲ့ရတာ
မြန်မာပြည်ကိုဒီဘေးမှကယ်တင်ပါ