Showing posts with label ဆရာဦးမင့်းလူ ၏ ကဗျာအချို့. Show all posts
Showing posts with label ဆရာဦးမင့်းလူ ၏ ကဗျာအချို့. Show all posts

Wednesday, January 28, 2009

ဆွေးနွေးခန်း




မေး။ ။ အကျယ်ဝန်းဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ အစာအိမ် ဖြစ်ပါသည် . . .

မေး။ ။ အရှည်ဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ လျှာ ဖြစ်ပါသည် . . .

မေး။ ။ အဝေးဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ နားရွက် ဖြစ်ပါသည် . . .

မေး။ ။ အခြေခံအကျဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ ဖိနပ် ဖြစ်ပါသည် . . .

မေး။ ။ အမှန်ဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ သမာဓိ ချိန်ခွင် ဖြစ်ပါသည် . . .

မေး။ ။ သစ္စာအရှိဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ မှန် ဖြစ်ပါသည် . . .

မေး။ ။ တန်ဖိုးအကြီးမားဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ ချက်လက်မှတ် ဖြစ်ပါသည် . . .

မေး။ ။ အသန့်အရှင်းဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ ဆပ်ပြာ ဖြစ်ပါသည် . . .

မေး။ ။ စိတ်အချရဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ မသေချာခြင်း ဖြစ်ပါသည် . . .

မေး။ ။ အလျင်မြန်ဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ ရပ်တန့်ခြင်း ဖြစ်ပါသည် . . .

မေး။ ။ လိမ်ညာမှု အများဆုံးနေရာကား အဘယ်နည်း
ဖြေ။ ။ သူမ၏ နှုတ်ခမ်းတစ်စုံ ဖြစ်ပါသည် . . .

မင်းလူ

ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေ

''မျက်နှာတောင် မကြည့်ချင်ဘူး'' တဲ့ …
သြော် … မျက်နှာမြင် ချစ်ခင်မိမှာ စိုးလို့လား။

''အသံတောင် မကြားချင်ဘူးတဲ့'' တဲ့ …
သြော် … အသံကြား သနားမိမှာ စိုးလို့လား။

''ဘာမှ လာမပြောပါနဲ့'' တဲ့ …
သြော် … မေးပါများ စကားရ မှာ စိုးလို့လား။

'' ညည အဆောင်ရှေ့မှာ သီချင်းလာမဆိုပါနဲ့ '' တဲ့ …
သြော် … မအိပ်မနေ အသက်ရှည်မှာ စိုးလို့လား။

'' အခန်းကို နှင်းဆီပန်းတွေ လာမပို့ပါနဲ့ '' တဲ့ …
သြော် … ရေလိုအေးလို့ ပန်းလိုလန်းမှာ စိုးလို့လား။

'' ဘာမှ ပြောစရာမရှိဘူး '' တဲ့ …
သြော်... စကားထဲက ဇာတိပြမှာ စိုးလို့လား။

'' … … ... ... '' တဲ့
သြော် … ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေ။ ။

မင်းလူ (ဦးမင်းလူကောင်းမှူ)

Monday, December 1, 2008

ဦးမင်းလူနုတ်ထွက်သွားခြင်း


ယောက်ျားပီသတယ် ဆိုတာ
ကိုယ်နိုင်တဲ့သူကို
ဖိတွယ်တတ်တာ ဆိုရင် …

ရိုးသားတယ် ဆိုတာ
သူများ မကောင်းကြောင်းနဲ့
ကိုယ်ကောင်းကြောင်း ကို
မကွယ်မ၀ှက် ဖွင့်ပြောတတ်တာ ဆိုရင်...
ကြိုးစားတယ် ဆိုတာ
ကိုယ့်မိသားစု ကောင်းစားရေး
တစ်ခုတည်းအတွက် ကြံစည်တာ ဆိုရင် …

ဂုဏ်သရေရှိတယ် ဆိုတာ
သူတစ်ပါးပေါ်
အထက်စီးက ဆက်ဆံခွင့်ရတာ ဆိုရင် …

အားကိုးရတယ် ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
ခင်တယ် ဆိုတာကို ပြောတာ ဆိုရင် …

မင်းရဲ့
ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ဘေးမှာ
`ရာသက်ပန် ဖျက်သိမ်း´ ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်။ ။

မင်းလူ

ဆရာ မင်းလူ ရဲ့ကဗျာလေးတွေကျွန်တော် အရမ်းကြိုက်တာမို့
မျှဝေပေးတာပါ ။ ဆရာကိုတော့ ဒီစာလေးနဲ့ပဲ ခွင့်ပြုပေးဖို့တောင်းပန်ပါတယ် ... အရမ်းကြိုက်တဲ့ကဗျာ လေးတွေမို့ သူငယ်ချင်းတွေကို ပြန်ပြောပြတဲ့သဘောပါ ဆရာ... ဆရာခွင့်ပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်
သူငယ်ချင်းတွေလည်းကြိုက်ကြမှာသေချာတယ်