Monday, 11 May 2009
(၁၀ ၊ ၀၆၊၂၀၀၉) နေ့ ၌ Dubai မြို့ တွင် တရားပွဲကျင်းပမည်။
UAE နိုင်ငံရောက် ရွှေမြန်မာများ အတွက် ၀မ်းသာစရာ သတင်းကောင်းတစ်ခု ပါးလိုက်ပါရစေ။ လောဘ၊ ဒေါသ၊ မောဟ များကိုယ်စီ ဖြင့် မိသားစု စားဝတ်နေရေး အတွက် ရှာဖွေနေရသော ကျွန်ုပ်တို့ အား ဒါနကုသိုလ် ပြုဖို့ရာ အခွင့်ကောင်း ရရှိပါပြီ။ မြတ်စွာဘုရားရှင် ၏ သာသနာ အပ မှ တရားငတ်နေသော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အား တရားရေအေးတိုက် ကျွေးရန် အလို့ငှာ မြန်မာနိုင်ငံမှ ~ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တသာဂရာ ဘိဝံသ~ အား ပင့်ဖိတ် ၍ (၁၀ရက် ၊ ဇွန်လ ၊ ၂၀၀၉) နေ့ ၌ ဒူဘိုင်းမြို့  ရှိ သီရိလင်္ကာ သံရုံးတွင် တရားပွဲ ကျင်းပမည်ဖြစ်၍ နီးစပ်ရာရာ ဓမ္မမိတ်ဆွေများ အား လက်ဆင့်ကမ်း အသိပေး နိုင်ကြစေရန် ရည်ရွယ် ၍ ကြိုတင်အသိပေးလိုက်ရပါတယ် ။
ရွှေမြန်မာမိသားစု{ခေတ္တ UAE}
လေးစားစွာဖြင့်
လွင်မင်းခန့် (28/05/09)
No comments:
Post a Comment