Showing posts with label UAE အကြောင်း. Show all posts
Showing posts with label UAE အကြောင်း. Show all posts

Friday, May 8, 2009

UAE နိုင်ငံပြည်ဝင်ခွင့် နှုန်းထားများ

UAE နိုင်ငံ အတွင်းသို့ ၀င်ရောက်ရန် ဗီဇာ ခ များ ကို ဖော်ပြပေးလိုက်ပါသည်။ ငွေကြေးတန်ဖိုးမှာ ယူအေအီး နိုင်ငံသုံး Dirham ဖြင့် ဖော်ပြထားပါသည် ။ ငွေကြေးဈေးနှုန်းမှာ အမေရိကန် ၁ ဒေါ်လာ = ၃.၆၇ dhs ဖြစ်ပါသည်။

VISA FEES
Type of visa
Fees in Dhs
Short Entry (visit) Visa
500 (1 month)
Long Entry (visit) Visa
1,000 (3 months)
Multiple Entry Visa
2,000
Entry Visa for Study
1,000
Renewal of Study Visa
500
Entry Visa for Medical Treatment
1,000
Renewal of Medical Treatment Visa
500
Entry Visa for Expos and Conferences
100
Tourism Entry Visa
100
Renewal of Tourism Visa
500
Entry Visa for GCC State Residents
100
Renewal of GCC State Resident’s Visa
500
Entry Visa for GCC State Resident’s Companions
100
Renewal of GCC State Residents Companions’ Visa
200
Mission Entry Visa
200
Transit Entry Visa
100

အသေးစိတ် လေ့လာနိုင်ရန် မူရင်း သတင်းကိုဖော်ပြပေးလိုက်ပါသည်။


Visit visas to the UAE will cost Dh500 from August 1 following the revamp of the structure and charges of entry documents in line with a cabinet decision, a senior official said. New types of visas have also been introduced.

"Visit visas valid for 30 days will cost Dh500. This cannot be renewed," said Lieutenant General Mohammad Salem Al Khaili, Director-General of Federal Naturalisation and Residency Department.

"If a person wishes to stay for an extended period, he or she must obtain a visa valid for 90 days which costs Dh1,000."

A health insurance policy is mandatory for visitors and a Dh1,000 deposit will be collected by the department before issuing visas.

Residents can apply for the visa for their spouse or blood relatives. Sponsoring other relatives will need the approval of senior officials. Only UAE nationals can sponsor friends.

Multiple entries

Some 16 types of visit visas have been defined by the FNRD specifying the reason for visit, such as education, treatment, or for participating in an exhibition or conference.

"A multiple entry visa has also been introduced. The visa [costing Dh2,000] is valid for six months, but a person can stay in the country only for 14 days at a stretch, " said Al Khaili.
"New types of visas are introduced to keep up with the fastpaced development of the country," he added.

Student visit visas will cost Dh1,000. To obtain this, a person must be registered in one of the universities in the UAE and must obtain health insurance. Additionally a refundable deposit of Dh1000 must be paid.

Those wishing to undergo treatment must take visit visa for treatment purpose that costs Dh1,000 for 90 day duration.
This can be renewed for a similar period at Dh500.

Those visiting to attend conferences or exhibitions can obtain a visa for this purpose at Dh100.

One-month long tourist visas will cost Dh100, as before. This may be renewed only once. Transit visas will cost Dh100 while mission visas will cost Dh200.

Apart from the 16 new types of visas, complimentary visit visas could be issued by all government departments free of cost to delegates, dignitaries and others.


နေစိုးနိုင်

Wednesday, April 29, 2009

မေဒေး အမီ ထုတ်တဲ့ ဥပဒေ


၂၀၀၉ ခုနှစ် မေလ ၁ ရက်နေ့မှာ ရောက်လာတော့မယ့် အလုပ်သမားနေ့ မတိုင်မီ UAE အစိုးရ က အလုပ်သမားတွေနှင့် သက်ဆိုင်တဲ့ ဥပဒေ အချို့ ကိုထုတ်ပြန် ပေးပါတယ်။ ၂၀၀၉ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ ။

UAE နိုင်ငံ အလုပ်သမားဝန်ကြီးဌာန သည် အလုပ်သမားများ အတွက် ဥပဒေ တစ်ခု ကို ပြဌာန်းလိုက်ကြောင်း။ ၄င်း ဥပဒေမှာ

အလုပ်သမားများ နေထိုင်ရာ အဆောင် ကို အဆင်မီ အောင် ပြုပြင်နိုင်ရေး၊

လစငွေ ကို အချိန်မီ ပုံမှန်ရရှိနိုင်ရေး တို့ အတွက် အဓိက ဖြစ်ကြောင်း ရေးသားထားပါတယ်။

အလုပ်သမားများ နေထိုင်ရာ အဆောင်များ ကို ကုမ္ပဏီများ အနေနှင့် အလုပ်သမား ၀န်ကြီးဌာနမှ သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် အညီလိုက်လံ ပြုပြင်ပေးရမှာဖြစ်ပါတယ်။ ကုမ္ပဏီ တစ်ခု အနေဖြင့် လက်ရှိ အလုပ်သမား အဆောင်အား အဆင့်မီ မပြုပြင်နိုင်မချင်း နောက်ထပ် အဆောင် အသစ်ဆောက်ခွင့်မပြုပါ။ သတ်မှတ်ကာလ အတွင်း standard မီအောင် လုပ်မပေးသော ကုမ္ပဏီများကို အရေးယူသွားမယ် လို့ ရေးထားပါတယ်။ကာလ ကိုတော့ ဖော်ပြမထားပဲ အချိန်အတိုင်းအတာ တစ်ခုတော့ ပေးရမယ်လို့ ဖော်ပြထားပါတယ်။

အလုပ်သမား အဆောင်ပြဿနာ ဟာ အဓိက ပြဿနာမဟုတ်သော်လည်း ထည့်သွင်းဖြေရှင်းရမည့် အကြောင်းအရာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

နောက်ထပ်အကြောင်းအရာ တစ်ခု မှာ အလုပ်သမားတို့ ၏ လစာများ အချိန်မီ ပုံမှန်ရရှိရေး ဖြစ်ပါတယ်။ အလုပ်သမားများ၏ လစာများကို အချိန်မီပုံမှန်ပေးရမှာ ဖြစ်ကြောင်း။ ဖြစ်နိုင်လျှင် ဘဏ်စနစ်ဖြင့် ပေးချေဖို့ ပြောပါတယ်။ လက်ရှိအနေအထားအရ ကုမ္ပဏီ အားလုံး ဘဏ်စနစ် ဖြင့် လစာပေးချေရန် အခက်အခဲ ရှိနေကြောင်း ၊ အဘယ့်ကြောင့်ဆိုသော ၀င်ငွေလစာ အရမ်းနည်း သော အလုပ်သမား များ အတွက် ဘဏ် မှ အကောင့်ဖွင့်ပေးရန် အခက်အခဲရှိနေကြောင်း၊ သို့သော် ဒီပြဿနာကိုလည်း ဗဟိုဘဏ်၏ အကူအညီဖြင့် ဖြေရှင်းနိုင်မှာဖြစ်ကြောင်း ။ လက်ရှိမှာ မူ ဘဏ်မှ တဆင့် လစာငွေရရှိသော အလုပ်သမားအရေအတွက် မှာ ၅ သိန်းခန့်သာရှိကြောင်း ဖော်ပြထားပါတယ်။

ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့် ကုမ္ပဏီများမှ ၀န်ထမ်းများ ကို ခွင့်ပြန်ခိုင်းခြင်း ၊ အခြားနိုင်ငံများသို့ အလုံးအရင်းနှင့် ထွက်ခွာသွားခြင်းတို့ကြောင့် အလုပ်သမားဝန်ကြီးဌာနမှ ကုမ္ပဏီများ အနေဖြင့် နိုင်ငံခြား အလုပ်သမား များ ကို အစုလိုက် အပြုံလိုက် ပြန်လွှတ်ခြင်းကို ပိတ်ပင်လိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေးပြဿနာကို ရင်ဆိုင်နိုင်ရန်အတွက် ဒေသတွင်း အလုပ်အကိုင် ပြောင်းရွေ့မှူ စရိတ်စက သက်သာအောင် စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံခြားကနေ အသစ်ဝင်လာမယ့် အလုပ်သမားထက် နိုင်ငံတွင်းမှာ ရှိနေတဲ့ ( အတွေ့အကြုံ ရှိတဲ့ ) အလုပ်သမား က ပိုသေချာကြောင်းပြောပါတယ်။

ထို့ကြောင့် ၂၀၀၈ ခုနှစ် အောက်တိုဘာလ မှ ၂၀၀၉ ခုနှစ် မတ်လ အတွင်း ၀န်ကြီးဌာနမှ work permit ပေါင်း 662,000 ထုတ်ပေးခဲ့ပြီး 405,000 ကို ပယ်ဖျက်ပစ်ခဲ့ကြောင်း ဖော်ပြထားပါတယ်

ယခုနောက်ဆုံး မတ်လ ၂၉ ရက် ၊ ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်မှာမူ

အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် My Salary ဆိုသော အစီအစဉ်တစ်ခု ကို အကောင်အထည်ဖော်လိုက်ပါတယ်။ ဒါကတော့ ရောက်လာတော့မယ့် အလုပ်သမားနေ့ အမီ အလုပ်သမားတွေ အတွက် ကျင်းပ ပေးလိုက်ခြင်းတမျိုးပါပဲ

အလုပ်သမားတို့ အနေဖြင့် လစာ ပုံမှန်မရခြင်း ၊ မတရား လစာဖြတ်ခြင်း ၊ အကြောင်းမဲ့ အချိန်ကြန့်ကြာခြင်း စသည် တို့ ကို အလုပ်သမား ၀န်ကြီးဌာန ရှိ My Salary ဆိုသော အစီအစဉ်တွင် ၀င်ရောက် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားသော အလုပ်သမား ၏ ကုမ္ပဏီကို လိုအပ်သည့် စစ်ဆေးမှူများ ပြုလုပ်၍ တရားဥပဒေနှင့် အညီ ဖြစ်စေမှာဖြစ်ကြောင်း ။ တိုင်ကြားသူ အလုပ်သမား ၏ ကိုယ်ရေးရာဇ၀င် ကိုတော့ ဖော်ပြမှာ မဟုတ်ကြောင်းနှင့် ယခုကဲ့သို တိုင်ကြားခြင်းကြောင့် အလုပ်သမား ၏ လက်ရှိ အလုပ်နှင့် ရပိုင်ခွင့် ကို လုံးဝ မထိခိုက် စေရန်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တကယ်လို့ တိုင်တန်းချင်တယ်ဆိုရင် သောကြနေ့မှ လွဲ၍ ရုံးချိန် မနက် ၇ နာရီမှ ည ၁၁ နာရီ အတွင်း အလုပ်သမား ၀န်ကြီှးဌာန၏ တယ်လီဖုန်း ( သို့) web site သို့တိုင်ကြားနိုင်ကြောင်း ဖော်ပြထားပါတယ်။


( ယခုနောက်ပိုင် ကုမ္ပဏီတွေက နေစရာ စားစရာ စီစဉ်မပေးဘဲ လူအသစ်တွေ ခေါ်တာ များလာတယ်)

လေးစားစွာဖြင့်

နေစိုးနိုင်

Ref:
Gov. of Dubai /refre/
Local news papers
and
PM website


Saturday, April 25, 2009

Dubai 1

Dubai ၏ အဓိပ္ပါယ် အမျိုးမျိုးရှိပါသည်။ အချို့က ဒူဘိုင်းဆိုသည်မှာ Combination of Two Brother လို့ Farsi စကား နဲ့ အဓိပ္ပါယ်ရသည် ဟု ဆိုကြသည်။ Two Brothers ဆိုသည်မှာ Deira နှင့် Bur Dubai ဟု အဆိုရှိပါသည်။ အချိ့ ကတော့ ဈေးနာမည် Daba ဆိုသည်မှ တဖြည်းဖြည်း ပြောင်းလဲလာသည့် နာမည် ဖြစ်သည်ဟု ဆိုပါသည်။ Saudi Arbia နိုင်ငံ ရှိ Riyadh နှင့် Ad Dammam ကြားတွင်လည်း Dubai ဟုခေါ်တွင်သော နေရာ တခု ရှိပါသေးသည်။

1833 - 1958

၁၈ ရာစု အချိန်ထိ Dubai ဆိုသည်မှာ တံငါလုပ်ငန်း လုပ်သော ရွာကလေးမျှသာဖြစ်လေသည်။ ဒူဘိုင်း ကိုဦးဆောင်သော ရွာသူကြီးမှာ Bani Yas အမည်ရှိ ပုဂ္ဂိုလ်ဖြစ်လေသည်။

1833 တွင် Al Bu Falash နှင့် အပေါင်းအပါနောက်လိုက်များ Abu Dhabi မှခွဲထွက်ချိန် တွင် Al Maktoum မိသားစု သည် အဆိုပါတံငါရွာလေး တွင် စတင် အခြေချ ၍ ဦးဆောင်မှူ ပေး ခဲ့လေသည်။

Sheikh Maktoum bin Buti သည် ငယ်ရွယ်သော်လည်း ရွာကလေး အား ကောင်းစွာ ခေါင်းဆောင်မှူ ပေးနိုင်ခဲ့လေသည်။ လူဦးရေတိုးပွားလာသည်နှင့် အမျှ တံငါရွာကလေး အဆင့်မှ ကုန်သည်များ ရောင်းဝယ် ဖောက်ကား ရာ အချက်အချာ ကျသော ဆိပ်ကမ်းမြို့ ကလေး ဖြစ်လာ ခဲ့ပါသည်။ လူဦးရေတိုးပွား လာသည်နှင့် အမျှ ခရိုင်မြို့ အဆင့်ထိ ဖြစ်လာခဲ့ပါသည်။ Deira သည် အဓိကနှင့် အကြီးဆုံး ကုန်းသွယ်ရေး ဌာန တစ်ခု ဖြစ်လာခဲ့ပါသည်။

မြည်းနှင့် ကုလားအုပ် များကို လမ်းပန်းဆက်သွယ်ရေး တွင် အသုံးပြုကြသည်။ Bur Dubai နှင့် Deira ကို ယနေ့ခေတ်မှာ ကဲ့သို့ ပင် လှေငယ်ကလေးများ နှင့် ကူးကြရသည်။ လှေငယ်ကလေးတွေကို Abra ဟုခေါ်ပါသည်။

လျှပ်စစ်မီးကို 1952 တွင် စတင် အသုံးပြုခဲ့သည်။ မီးပြောင်းများ ၊ မီးအိမ်များ ၊ (လျှပ်စစ်) ဖယောင်းတိုင်များ ကို Oman မှတင်သွင်းပါသည်။ အဓိက မှာ ထမင်းချက် ၊ ကောဖီဖျော် ... စသည့် နေရာများတွင် အများဆုံး အသုံးပြုလာကြပါသည်။( ကျွန်တော် နေခဲ့တဲ့ ၄ နှစ်တာ ကာလ (၂၀၀၅-၂၀၀၉) တခါမှ မီးမပျက်ဖူးပါ ... ကွာပါ့ .)

သောက်သုံးရေအဖြစ် ရေချို ကို Dubai အနီး ရှိ ရေတွင်းများ မှ ရရှိပါသည်။

20 ရာစုရောက်လာတဲ့ အခါမှာ ဒူဘိုင်းဟာ အချက်အချာ ကျသော ဆိပ်ကမ်းမြို့ အဖြစ်ရောက်ရှိလာခဲ့ပါသည်။ ၁၉၃၀ ၀န်းကျင်တွင် ဒူဘိုင်းမြို့ ၏ လူဦးရေမှာ 20,000 (နှစ်သောင်းခန့် ရှိလာခဲ့ပါသည်)။

၁၉၅၀ ၀န်းကျင်တွင် ဒူဘိုင်းဆိပ်ကမ်း သို့ ဆိုက်ရောက်လာသော သင်္ဘော အရေအတွက် တနေ့တခြား တိုးလာသောကြောင့် Sheik Rashid bin Saeed Al Maktoum သည် ကုန်စည် ဖလှယ်ရေး အတွက် အရေးပါသော ဆိပ်ကမ်း တစ်ခု ဖြစ်အောင် ကြိုးစား ဆောင်ရွက် နိုင်ခဲ့ပါသည်။

၁၉၆၆ တွင် ရေနံကို စတင် တွေ့ရှိပြီးနောက်ပိုင်း Sheikh Rashid သည် ကျောင်းများ ၊ဆေးရုံများ ၊ အဆောက်အဦးများ ၊ လမ်း များ ၊ ခေတ်မီ ဆက်သွယ်ရေး ကွန်ယက်များ ကို စီမံကိန်းများ ချ၍ အဆက်မပြတ် တည်ဆောက်ခဲ့ပါသည်။ နိုင်ငံတကာ လေဆိပ် ကိုလည်း တိုးချဲ့ ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် လူဖန်တီးသော (သဘာဝ မဟုတ်သော)အကြီးဆုံး ပင်လယ် ဆိပ်ကမ်း အဖြစ် Jebel Ali သင်္ဘော ဆိပ်ကမ်းကို တည်ဆောက်နိုင်ခဲ့ပါသည်။

၁၉၆၀ ၀န်းကျင်တွင် Abu Dhabi စော်ဘွား Sheikh Zayed bin Sultan Al Nahyan နှင့် Dubai စော်ဘွား Sheikh Rashid bin Saeed Al Maktoum တို့သည် အာရပ်စော်ဘွားများ ပြည်ထောင်စု ( United Arab Emirates ) ကို တည်ထောင်ရန်ကြိုးစားခဲ့ပါသည်။ နောက်ပိုင်းတွင် Abu Dhabi , Dubai, Sharjah , Ajman , Umm Al Quawanin နှင့် Fujairah စုစုပေါင်း မြို့ ၆ မြို့ ကို ပေါင်းစည်းနိုင်ခဲ့ပါသည်။ ၁၉၇၂ တွင် Ras Al Khaimah မြို့သည် လည်း UAE အတွင်းသို့ဝင်ရောက်လာပြီး စုစုပေါင်း မြို့ ၇ (ခုနစ်) မြို့ ဖြင့် UAE နိုင်ငံကို တည်ထောင်နိုင်ခဲ့ပါသည်။

ပထမဆုံး UAE နိုင်ငံ၏ President ဟောင်း Sheik Zayed ၏လက်ထက်တွင် UAE နိုင်ငံသည် ကမ္ဘာ့ အချမ်းသာဆုံး စာရင်းဝင်နိုင်ငံ အဖြစ် တိုးတက် လာခဲ့ပါသည်။

လက်ရှိ Dubai အကြောင်းကို Dubai 2 အဖြစ် ဆက်လက်ရေးသားပေးပါမည်

လေးစားစွာဖြင့်
နေစိုးနိုင်


Dubai အကြောင်း ၂

( ကျွန်တော် ရေးသော စာများ မှာ အစီစဉ်ကျချင်မှ ကျပါလိမ့်မည်။ ယူအေးအီး နိုင်ငံ နှင့် ပတ်သက်ပြီး လေ့လာလိုက် ရေးလိုက်လုပ် နေရသောကြောင့်ဖြစ်ပါသည်။ အားလုံးခြုံငုံ မိသောအခါ ဒူဘိုင်း နှင့်ပတ်သက်၍ ယူအေးအီးနှင့်ပတ်သက်၍ အနည်းငယ် စမ်းဝါး မိ ခဲ့လျှင်တောင် ကျွန်တော် အချိန်ကုန်ခံရကျိုးနပ်သည် ဟုခံယူပါသည်။ မပြည့်စုံသည်များ ကိုတွေ့ရှိပါက တတ်နိုင်သည့်ဖက်မှ ၀ိုင်းဝန်း ကူညီပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား ... )


Dubai မြို့ သည် အကျယ်အားဖြင့် 3885 sq kilometer ရှိပြီး Dubai Creek ခေါ် ချောင်းငယ် ကလေး ၏ ကမ်းဘေး တွင် တည်ရှိပါသည်။ ယူအေအီး နိုင် ငံ ၏ ဒုတိယ အကြီး ဆုံး မြို့ဖြစ်ပါသည်။ Dubai Creek သည် Deira နှင့် Bur Dubai ကို ပိုင်း ခြားထားပါသည်။ မြောက်ဖက် ကမ်း မှာ Deira ဖြစ်၍ တောင်ဖက် ကမ်း မှာ Bur Dubai ဖြစ်ပါသည်။

ဒူဘိုင်း မြို့ ၏ရာသီဥတုမှာ အများအား ဖြင့် ကောင်းကင်မှာ တိမ်ကင်းစင် နေတတ်သော ရာသီဥတု ဖြစ်ပါသည်။ အပူဆုံး ကာလများမှာ June လမှ September လအထိဖြစ်ပြီး အအေး ဆုံး ကာလများ မှာ December မှ March လ အထိ ဖြစ်ပါသည်။ ဒူဘိုင်း မြို့ တွင် ရံဖန်ရံခါသာ မိုးရွာလေ့ရှိပါသည်။ အေးသော ကာလများ တွင် မြူ များ ပိတ်ဖုံး နေလေ့ရှိပါသည်။

Bur Dubai နှင့် Deira မှာ ရှေးအချိန်မှ စ၍ ဒူဘိုင်း မြို့ ရာဇ၀င်တွင် အရေးပါသော က`ဏ္ဍမှ ရှိပါသည်။ ယခု အချိန်တွင် Bur Dubai နှင့် Deira ကို တံတား နှစ်စင်း ၊ ရေအောက် ဥမင် တစ်ခု တို့ ဖြင့် ဆက်သွယ်ထားပါသည်။ ရှေး အခါကဲ့သို့ပင် Dubai Creek ကို စက်လှေပေါက်စ လေး များ ဖြင့်လည်း ကူး သွားလို့ ရပါသည်။ ယခု အခါ ၄င်း နှစ်နေရာစလုံးမှာ ဘုရားရှိခိုးကျောင်းများ ၊ လူနေအိမ်များ ၊ ဟိုတယ်များ ၊ ဈေးဆိုင်များ၊ ဆေးရုံများ စသည်တို့ ဖြင့် ပြည့်နှက်လျှက်ရှိပါသည်။ ထို့ကြောင့် ဒူဘိုင်း မြို့ ကို တိုးချဲ့ လာရာ မြောက်ဖက်ပိုင်းတွင် အိမ်နီးချင်း မြို့ ဖြစ်သော Sharjah အထိ တိုးချဲ့ခဲ့ပြီး ၊ အရှေ့ နှင့် အနောက် ပင်လယ်ကွေ့ တလျှောက်တွင် Satwa , Jumeirah , Umm Suqeim စသည်ဖြင့် တိုးချဲ့ခဲ့ပါသည်။

ဒူဘိုင်းမြို့တွင် ပြည်သူများ အပန်းဖြေရန်နှင့် ခရီးသွားဧည့် သည်များ ဆွဲဆောင်နိုင်ရန် အပန်းဖြေ ကမ်းခြေ များ ၊ ပန်းခြံ များစွာရှိပါသည် ။ ထင်ရှားသော ကမ်းခြေနှင့် ပန်းခြံများမှာ Jumeirah Beach and Park , Dubai Creek Side Park, Mushrif Park, Al Mamzar Beach and Park, Safa Park စသည်ဖြင့်များစွာရှိပါသည်။

ဒူဘိုင်း အစိုးရသည် နိုင်ငံခြားသား အလုပ်သမားများထံမှာ ၀င်ငွေခွန် ကောက်ခံခြင်းမရှိပါ။ ( မြန်မာနိုင်ငံသားများ အတွက် မြန်မာနိုင်ငံ ကိုတော့ အခွန်ဆောင်ရမည် ) ဒူဘိုင်း သို့ လာရောက်ရင်းနှီးမြှုပ်နှံ သောလုပ်ငန်းရှင်များ ကိုလည်း ရေနံလုပ်ငန်း နှင့် ဘဏ်လုပ်ငန်း မှလွဲ ၍ အခွန်ကောက်ခံခြင်း မရှိပါ။ ဆိပ်ကမ်းတွင် အချို့ ကောက်ခံသော ကုန်စည်ခွန်မှာ ၄ ရာခိုင်နှုန်းဝန်းကျင်သာ ဖြစ်ပါသည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်း မှာ အောင်မြင်မှူ ရရှိသောကြောင့် ဒူဘိုင်းတွင် ဟိုတယ်များ ၊ အပန်းဖြေရိပ်သာများ မှာ စီးပွားရေးအရ အောင်မြင်သော နေရာများဖြစ်ကြပါသည်။ ဒူဘိုင်းမြို့တွင် နိုင်ငံတကာ အဆင်မီ ဟိုတယ်ကြီးများစွာရှိပါသည်။ ( နောက်ပိုင်းမှ သီးသန့်ရေးပေးပါမည်)

ဒူဘိုင်းမြို့သည် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည့်အားလျှော်စွာ မရှိမဖြစ် နေ့မနားညမနား ကြိုးစားလုပ်ဆောင်နေသော လုပ်ငန်းမှာ ဆောက်လုပ်ရေး နှင့် လမ်း ဖြစ်ပါသည်။ ထို့ကြောင့် အင်ဂျင်နီယာ လောက သည်လည်း ဒူဘိုင်းမြို့ တွင် အခြေအနေကောင်းသော လုပ်ငန်းဖြစ်ပါသည်။

ဒူဘိုင်းမြို့ တွင် လူတိုင်းကြုံ ဖူးသော ပြဿနာ တခုမှာ Traffic Jump ဖြစ်ပါသည်။ ဒူဘိုင်းမြို့သည် ကားအရမ်းပေါသောမြို့ ဖြစ်သည့်အပြင်၊ ကားမှအပ အခြား ယာဉ် မရှိသလောက် ဖြစ်သောကြောင့် သွားရေးလာရေး အတွက် ခက်ခဲပါသည်။ သို့သော် ယခုအခါ မီးရထားလမ်းများ ဖောက်လုပ်လျှက်ရှိရာ ပြီးစီး လု ပြီဖြစ်ပါသည်။

၂၀၀၇ ခုနှစ် စစ်တမ်း အရ ဒူဘိုင်းမြို့ တွင် နိုင်ငံ ပေါင်း ၂၀၀ ကျော် မှ လူမျိုးများ လာရောက် အလုပ်လုပ်ကိုင်လျှက်ရှိပါသည်။ အများဆုံးမှာ အိန္ဒိယလူမျိုး ဖြစ်ပြီး ၊ ဖိလစ်ပိုင် ၊ နီပေါ ၊ ပါကစ်စတန် ၊ ဘင်္ဂလားဒေ့ရှ် .... စသည့် အာရှနိုင်ငံများ အပြင် အခြား အာဖရိက ၊ ဥရောပ ၊ အမေရိက နှင့် အနောက်နိုင်ငံ များစွာမှလူမျိုးများ လာရောက်အလုပ်လုပ်ကိုင်လျှက်ရှိပါသည်။

ယခုအခါ ကမ္ဘာစီးပွားရေးဂယက်ရိုက်မှူ ကြောင့် ဒူဘိုင်းနိုင်ငံ ၏ စီးပွားရေးလုပ်ငန်းများမှာလည်း အထိုက်အလျှောက် ထိခိုက်မှူ ရှိပြီး လုပ်ငန်း အချို့မှာ ရပ်ဆိုင်းခြင်း ၊ အလုပ်သမားလျှော့ခြင်း ၊ အချိန်ပို ဖြတ်ခြင်း စသည်ဖြင့် ကြုံတွေ့နေကြရပါသည်။

ဆက်လက်ဖော်ပြပေးပါမည်

လေးစားစွာဖြင့်
နေစိုးနိုင်

Monday, April 20, 2009

U . A . E သမိုင်း နှင့် Dubai အကြောင်း ၁


( မြန်မာပြည်မှ UAE နိုင်ငံနှင့် ပတ်သတ်၍ Dubai နှင့် ပတ်သတ်၍ မေးမြန်းလာသူ များ လာသောကြောင့် အားလုံး အတွက် အဆင်ပြေစေရန်ရည်ရွယ်၍ လက်လှမ်းမှီသလောက် စုစည်း တင်ပြပေးပါမည်။ မပြည့်စုံသည်များ ရှိခဲ့သော် ကျွန်တော် ၏ ညံ့ဖျင်းမှူ သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ အလုပ်လာလုပ်နေသူ များ ၊ လာရန်ရည်ရွယ်ထားသူများ အတွက် ၀ိုင်း ၀န်း ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ )


U.A.E ( United Arab Emirates )

ယူအေအီး နိုင်ငံဆိုသည်မှာ အာရပ်စော်ဘွားများ ၏ ဒေသများ ကို စုပေါင်းထားသော နိုင် ငံ ( အာရပ်စော်ဘွားများ ပြည်ထောင်စု ) ကို ခေါ်ပါသည်။ Arabian Peninsula ၏ အရှေ့တောင်ဖက် တွင်တည်ရှိပါသည်။ နိုင် ငံ အကျယ် အ၀န်း မှာ 83,000 sqkm ( 32,278 sqmi) ရှိပါသည်။

ပေါင်းစုထားသော စော်ဘွားဒေသများ မှာ ၇ (ခုနစ်) ခုရှိပါသည်။ ၄င်းတို့မှာ ..

1. Abu Dhabi

2. Dubai

3. Sharjah

4. Ajman

5. Umm Al Quiwain

6. Ras Al Khaimah

7. Fujairah

တို့ဖြစ်ကြပါသည်။ အဘူဒါဘီ ( Abu dhabi ) သည် မြို့တော်ဖြစ်ပြီး အကြီး ဆုံးမြို့ လည်း ဖြစ်ပါသည်။

၂၀၀၇ ခုနှစ် စစ်တမ်း များ အရ ယူအေးအီး နိုင် ငံ ၏ လူဦးရေမှာ ၅.၆ သန်း ရှိပြီး အာရဗီ စကားမှာ နိုင်ငံသုံး စကားဖြစ်ပြီး အစ္စလမ် ဘာသာ မှာ နိုင်ငံတော် ဘာသာဖြစ်ပါသည်။ ( Razam ဥပုသ် လ တွင် နေ့ပိုင်း ဆိုင်များ ပိတ်၍ ညပိုင်း တွင်ဖွင့်ပါသည် ) ယူအေးအီး နိုင်ငံတွင် Diharm အမည်ရှိ ငွေကြေးကို သုံးစွဲပါသည်။ ငွေတန်ဖိုးမှာ အမေရိကန် ၁ ဒေါ်လာသည် Diharm 3.67 နှင့် ညီမျှပါသည်။ ( Exchange တွေမှာ 3.8 နဲ့ပဲတွက်တာများပါတယ် )

UAE နိုင်ငံကို 1820 မှ စ၍ Trucial State (သို့) Trucial Coast အဖြစ်သုံးစွဲခဲ့ပါသည်။ 1971 ခုနှစ်တွင်မှ ဗြိတိန်နိုင်ငံ ဆုတ်ခွာသွားခဲ့ပါသည်။ ( ကိုလိုနီပါပဲ)နောက်ပိုင်းမှ သာ UAE ဟူ၍ ဖြစ်လာခဲ့ပါသည်။

UAE နိုင်ငံတွင် အာဏာ အရှိဆုံးမှာ Supreme Councial ဖြစ်ပြီး အထက်ဖော်ပြပါ မြို့ ၇ မြို့ မှာ သက်ဆိုင်ရာ စော်ဘွား ၇ ယောက်ပါဝင်သော အဖွဲ့ အစည်းဖြစ်ပါသည်။ Supreme Councial ၏ အဓိက တာဝန်မှာ နိုင်ငံနှင့်ပတ်သက်သော တရားဥပဒေ ထုတ်ပြန်ခြင်း ၊ President ရွေးချယ် တင်မြှောက်ခြင်း တို့ဖြစ်ပါသည်။ President သက်တမ်း မှာ တကြိမ်လျှင် ၅ နှစ် ဖြစ်ပါသည်။ သို့သော် အကြိမ် အရေအတွက် ကန့်သတ်ချက်မရှိပါ။

UAE နိုင်ငံ ၏ President အဖြစ် Sheik Zayed Bin Sultan Al Nahyan မှ တာဝန်စယူ ခဲ့ပြီး ၂၀၀၄ ခုနှစ် နှစ်ကုန်ပိုင်း တွင် ကွယ်လွန် သွားခဲ့ပါသည်။

ယခု လက်ရှိ President မှာ Sheik Khalifa Bin Zayed Al Nahyan ( Abu Dhabi စော်ဘွား) ဖြစ်ပြီး Prime Minister မှာ Sheik Mohammed Bin Rashid Al Maktoum ( Dubai စော်ဘွား ) ဖြစ်ပါသည်။

စော်ဘွားများ နေထိုင်ရာ ဒေသ ၇ ခု စလုံး တွင် သက်ဆိုင် ရာ ဒေသတွင်း အစိုးရ ရှိပါသည်။ ဒေသအချင်းချင်း နိုင်ငံရေး ၊ စီးပွားရေးများကို ပူးပေါင်းဆောင်ရွက်ကြပါသည်။

ရေနံမှာ အဓိက ထုတ်ကုန် ဖြစ်ပြီး Abu Dhabi မြို့မှ ဦးဆောင် ကာ လုပ်ကိုင်ပါသည်။ ယခုနှစ်များ အတွင်းတွင် UAE နိုင်ငံ ၏ ခရီးသွားလုပ်ငန်း မှာ များစွာတိုးတက်လာ ပါသည်။ ခရီသည်များ ကို အဆင့်မြင့် ဟိုတယ်ကြီးများ၊ အားကစား ပွဲများ၊ ကန္တာရ ဆောင်းဝင် ရာသီဥတု စသည်တို့ ဖြင့် ဆွဲဆောင် ပါသည်။

UAE နိုင်ငံ နှင့်ပတ်သက်သော သမိုင်း အကျဉ်းဖြစ်ပါသည်။ Dubai သမိုင်းနှင့် ပတ်သက်သော အကြောင်း ကို အပိုင်း ၂ အဖြစ် ရေးသားပေးပါမည်။


( ကျွန်တော် ရေးသော စာများ မှာ အစီစဉ်ကျချင်မှ ကျပါလိမ့်မည်။ ယူအေးအီး နိုင်ငံ နှင့် ပတ်သက်ပြီး လေ့လာလိုက် ရေးလိုက်လုပ် နေရသောကြောင့်ဖြစ်ပါသည်။ အားလုံးခြုံငုံ မိသောအခါ ဒူဘိုင်း နှင့်ပတ်သက်၍ ယူအေးအီးနှင့်ပတ်သက်၍ အနည်းငယ် စမ်းဝါး မိ ခဲ့လျှင်တောင် ကျွန်တော် အချိန်ကုန်ခံရကျိုးနပ်သည် ဟုခံယူပါသည်။ မပြည့်စုံသည်များ ကိုတွေ့ရှိပါက တတ်နိုင်သည့်ဖက်မှ ၀ိုင်းဝန်း ကူညီပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား ... )

လေးစားစွာဖြင့်
နေစိုးနိုင်