လူရယ်လို့ဖြစ်လာကြလျှင် ကိုးကွယ်ရာဘာသာတရားဆိုတာရှိကြစမြဲပါ။ အများသောအားဖြင့် မိရိုးဖလာကိုးကွယ် ယုံကြည်မှူများ များပါတယ် မိဘကိုးကွယ်သောဘာသာကိုကိုးကွယ်ကြခြင်းပါ ။ ကိုးကွယ်မှူအများဆုံးဘာသာတွေ ကတော့ ခရစ်ယာန်ဘာသာ ။ အစ္စလာမ် ၊ ဗုဒ္ဓဘာသာ နှင့် ဟိန္ဒူ ၀ါဒတွေဖြစ်ကြပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ဒီဘာသာကြီးလေးခုကို အဓိက ကိုးကွယ်ကြပါတယ် ။ အချို့အချို့ သောဘာသာဝင်တို့ သည် မိမိတို့ကိုးကွယ်သောဘာသာတရား၏ အနှစ်သာရကိုလည်းမသိ ၊ သူတပါးကိုးကွယ်သော ဘာသာ၏အကြောင်းကိုလည်းမသိပါဘဲလျှက် ဘာသာတရားလေးခုရဲ့ အဓိက ရည်ရွယ်ချက်ပန်းတိုင်က ပဲတူသရောင်ရောင် ရေးတတ် ၊ ပြောတတ် ကြပါတယ်။ အများအားဖြင့်တော့ ပဥာတ်ချက်တွေကိုကြည့်ပြီးပြောတာပါ ။ သူများပစ္စည်းမခိုးရဘူး ၊အရက်မသောက်ရဘူး ဒါမျိုးတွေက ဘာသာတိုင်းမှာလိုလိုပါနေတော့ တူသလိုလိုဖြစ်သွားတာပေါ့ ။ ဒါကိုသတိမထားပဲ တူတာလေးတစ်ခုလောက်တွေ့တာနဲ့ ရှိရှိသမျှ ရောချတော့တာပဲ ။
ဒါနဲ့ပတ်သတ်ပြီးအမေးအဖြေလုပ်ထားတာလေးကိုတွေ့လို့ ပြန်လည်ဝေငှပေးလိုက်ပါတယ်...
ဘယ်ဘာသာဝင်မဆိုမိမိတို့ကိုးကွယ်ရာဘာသာအပြင် အခြားဘာသာအကြောင်းကိုသိထားတော့ ဆက်ဆံကြတဲ့နေရာမှာကောင်းတာပေါ့ . . ခုတော့ ကိုယ်က မသိလို့ပြောလိုက်တာ တဖက်လူကို စော်ကားသလို ဖြစ်သွားတတ်တယ်။ သိ အောင်လုပ်ကြတာပေါ့ .... သိ မှခွင့်လွှတ်လို့ရတာ
မေးခွန်းကလေးက ကနေဒါကိုရောက်နေတဲ့ ကွန်ထန် ဆိုတဲ့ပုဂ္ဂိုလ် ကမေးထားပြီးတော့ ဆရာတော် ဦးကေလာသ ဓမ္မာစရိယ B.A(Philo), M.A (Buddhism) ကပြန်လည်ဖြေကြားထားတာပါ..
မေးး အိန္ဒိယကိုဘုရားသွားဖူးစဉ်က မြန်မာဘုန်းကြီးကျောင်းတခုမှာ မြန်မာ ၊ ဟိန္ဒီ ၊ အင်္ဂလိပ် ဘာသာများဖြင့် ဗုဒ္ဓဘာသာ ၊ ခရစ်ယာန်ဘာသာ ၊ အစ္စလာမ် ဘာသာဟူသောကမ္ဘာ့ဘာသာများမှာနာမည်သာ ကွဲပြားပြီး ဟောကြားသည့်တရားမှာ အတူတူ ဖြစ်သည်ဟု နံရံမှာ စာလုံးကြီးဖြင့်ရေးထားတာကိုတွေ့ခဲ့ရ၍အံ့သြမိပါသည်။ ထိုအယူအဆနှင့်ပတ်သက်၍ ဗုဒ္ဓမြတ်စွာက မည်သို့ဟောကြားသည်ကိုသိလိုပါသည်ဘုရား..
ဖြေး ၀ါဒပုံစံနှစ်မျိုး
ဘာသာတရားတွေအားလုံးကိုခြုံ ကြည့်လိုက်ရင် တွေ့ကြုံသိဝါဒ နှင့် စိတ်ကူးပုံဖော်ဝါဒလို့ နှစ်မျိုးတွေ့ရတယ် ဗုဒ္ဓဟာကိုယ်တိုင်ကျင့်ကြံအားထုတ်ပြီးတရားထူးကိုသိခဲ့တယ်။အဲဒီအသိကို သူတပါးတို့ကိုသင်ပေးတယ်။ လိုက်နာသူအားလုံးလည်း ဗုဒ္ဓသိတဲ့အသိကိုသိပြီး ချမ်းသာသွားကြတယ်။ ဒါကြောင့် ဗုဒ္ဓ၀ါဒဟာ ပထမ အမျိုးအစား(တွေ့ကြုံသိဝါဒ)မှာပါတယ်။ ဒီအမျိုးအစားမှာ နားလည်မှူ ဟာယုံကြည်မှူ ရဲ့အခြေခံဖြစ်တယ်။ ဒုတိယတမျိုးက ရှေးဦးဟောပြောသူတို့၏စိတ်ကူးစိတ်သန်း ( Conception ) ကိုဗဟိုပြုတဲ့အတွက် တည်ရှိပြီးယုံကြည်ျမှူ နှင့် လူမျိုးမတူလို့ဖြစ်ရတဲ့ခြားနားမှူတွေကို လက်တွေ့ (ကိုယ်ကာယ )နဲ့ဆန့်ကျင်ဖို့ တော်လှန်တိုက်ခိုက်ဖို့တိုက်တွန်းတာတွေ တွေ့ရတယ်။နာကြည်းစိတ်အခြေခံကြောင့်က္ကုဿာ(မနာလိုမှူ)၊ ဝေရပ္ပဋ္ဋိကာယ ( လက်စားချေမှူ ) နဲ့ အာဃာတ (အငြိုး )တွေဖြစ်ပေါ်စေတဲ့ လမ်းညွှန်ချက်တွေကို ကျမ်းမြတ်တွေမှာ အတိအကျ မှတ်တမ်းတင်ထားပါတယ်။
ကျမ်းဂန်ညှိခြင်း
ထွက်း ၂၀း၃ ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့် ၊ ၄။ အထက်မိုးကောင်းကင် ၌လည်းကောင်း။ မြေကြီးအောက်ရေထဲ၌ရှိသော အရာနှင့်ပုံသဏ္ဍန်တူအောင် ရုပ်တုဆင်းတုကို ကိုယ့်အဘို့မလုပ်နှင့် ဦးချဝတ်မပြုနှင့် အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား(ဖြစ်သတည်း)၊ ငါ့ကိုမုန်းသောသူတို့၏အမျိုးအစဉ်အဆက် တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင် အဖတို့၏အပြစ်ကိုသားတို့၌ ဆပ်ပေးစီရင်သော ဘုရားဖြစ်သတည်း။ (သမ္မာကျမ်းစာ)
စက္က၀တ္တိသုတ် ပိုဒ် ၈၀း ရဟန်းတို့သင်တို့သည် မိမိကိုသာလျှင်၊ ဓမ္မကိုသာလျှင် ကျွန်းသဖွယ်မှီခိုရာပြု၍ ၊ မိမိကိုသာလျှင် ဓမ္မကိုသာလျှင် ကိုးကွယ်ရာပြု၍ မိမိမှတပါး ဓမ္မမှတပါး အခြားအရာများကို အားမကိုးပဲနေကြလော့ (အဘယ်သို့နည်းဟူမူ) ဤသာသနာတော်၌ ရဟန်းသည် ကာယ ၊ ဝေဒနာ ၊ စိတ္တ ၊ ဓမ္မ တို့၌သတိဖြင့်အဖန်ဖန်ရှူ၍နေမူ မိမိကိုသာလျှင် ၊ ဓမ္မကိုသာလျှင် မှီခိုရာပြု၍ ကိုးကွယ်ရာပြု၍ အခြားကို အားမကိုးပဲ နေသည်မည်၏။ ( ဒီ ၃၊ ၄၃ )။(ဗုဒ္ဓ )
ကျမ်းဂန်ညှိခြင်း ၂
ဝတ်ပြု ၂၄း၁၉ လူသည်အိမ်နီးချင်းကိုနာအောင်ပြုလျှင် သူ့ကိုပြုသည့်အတိုင်း ကိုယ်ခံရမည်။ ၂၀။အရိုးကိုချိုးသည့်အတွက်အရိုးချိုးခြင်းကိုလည်းကောင်း။မျက်စိကိုဖျက်သည့်အတွက် မျက်စိဖျက်ခြင်းကို လည်းကောင်း၊ သွားကိုချိုးသည့်အတွက် သွားချိုးခြင်းကိုလည်းကောင်း၊ သူ့ကိုနာကျင်စွာပြုသည့်အတိုင်း ကိုယ်တိုင် နာကျင်စွာခံရမည်။ ၂၁။ လူကိုသတ်သောသူသည် အသေသတ်ခြင်းကို ခံရမည်။ ငါသည် သင်တို့၏ထာဝရဘုရားသခင် ဖြစ်၏ဟု မောရှေအား မိန့်တော်မူ၏။ (သမ္မာကျမ်းစာ)
ကုရ်အာန် ၉း၃၉ အကယ်၍ သင်တို့သည်(အလ္လာရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန်) မထွက်ကြပါလျှင် ထိုအရှင်မြတ်သည် သင်တို့အား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို ပေးတော်မူအံ့။ ထိုမှတပါးလည်း ထိုအရှင်မြတ်သည် သင်တို့အစား အခြားလူမျိုးတမျိုးကို လဲလှယ်(ဖန်ဆင်း)တော်မူအံ့။ ထို့ပြင် အသင်တို့သည် ထိုအရှင်မြတ်အား အနည်းငယ်စိုးစဉ်းမျှလည်း အကျိုးယုတ်အောင် ပြုနိုင်ကြမည် မဟုတ်ပေ။ စင်စစ်သော်ကား အလ္လာအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူသော အရှင်မြတ် ဖြစ်တော်မူပေ သတည်း။ ကုရ်အာန် ၄း၇၄ ။ စင်စစ်သော်ကား မည်သူမဆို အလ္လာအရှင်မြတ် ၏လမ်းတော်၌ စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်အံ့။ ထိုသို့တိုက်ခိုက်ရာတွင် ထိုသူသည် အသက် အသတ်ခံရသည်ဖြစ်စေ ၊ အောင်နိုင်သည်ဖြစ်စေ ငါအရှင်သည် ထိုသူအား မကြာမြင့်မီအတွင်း ကြီးကျယ်မြင့်မြတ်သောအကျိုးကို ပေးသနားတော်မူအံ့။ (အစ္စလာမ်)
ဥပက္ကိလေသသုတ် ၊ ပိုဒ် ၂၃၇ ။ ရန်ကို ရန်တုန့်မူ၍ ရန်မငြိမ်းနိုင်။ ရန်မတုန့်ပြန်ခြင်းဖြင့်သာ ရန်ငြိမ်းနိုင်၏ ဤသည်မှာဘုရားရှင်တို့၏အဆုံးအမဖြစ်၏၊ (မ ၃ ၊ ၁၉၂ )(ဗုဒ္ဓ)
အမှားနဲ့အမှန်
ဗုဒ္ဓ ပရိနိဗ္ဗာန်စံခါနီးမှာ သုဘဒ္ဒပုရဗိုဇ်က " အယူဝါဒတည်ထွင်သူတွေဟာ မိမိ ၀ါဒသာမှန်တယ် လို့ဟောပြော ကြပါတယ်။ အမှန်တရားကို ဘယ်လိုသိနိုင်မလဲ လို့ ဗုဒ္ဓကိုမေးပါတယ်။ ဗုဒ္ဓရဲ့အဖြေက အကြင်သာဿနာတော်၌ အင်္ဂါရှစ်ပါးရှိသော အရိယာမဂ် ဟူသော ဓမ္မမရှိ၊ ထိုသာဿနာတော်၌စိတ်ပိုင်း ဘ၀ တိုးတက် ရင့်ကျက်မှူဖြစ်စဉ်မရှိ။
ငါ(ဗုဒ္ဓ) ၏သာဿနာ၌မူ ဓမ္မ ရှိသောကြောင့် စိတ်ပိုင်းဘ၀တိုးတက်မှူဖြစ်စဉ်ရှိ၏" လို့ဖြေကြားခဲ့ပါတယ်။ ဗုဒ္ဓ၀ါဒအလိုအရ အမှားနဲ့အမှန် ကို မဂ္ဂင် ရှစ်ပါးပေတံနဲ့တိုင်းပါတယ်။
မတူပါဘူး
ဘုန်းကြီးရဲ့အမြင်အရ ဘာသာဝါဒတိုင်းမှာ ဦးတည်ချက်ပန်းတိုင်ကိုယ်စီရှိကြလို့ ဘာသာရေးမှန်ရင်အတူတူပါလို့ " ရောကြော်" မလုပ်ပစ်နိုင်ပါဘူး။ မေးခွန်းမှာပါတဲ့ဘာသာတရားတွေက စကြာဝဠာကိုစိုးပိုင်တဲ့ဖန်ဆင်းရှင် ( က္ကုဿရနိမ္မာန) ပုဂ္ဂိုလ်ကိုယုံတယ်။ ဗုဒ္ဓ၀ါဒီတွေကမယုံဘူး ။ အဲဒါအဓိကခြားနားချက်ပဲ။ အဲဒီလိုအခြေခံယုံကြည်ချက်မတူရင် ဟောကြားတဲ့တရားဓမ္မလည်းမတူနိုင်ပါဘူး။ ဘာကြောင့်ဆို စိုးပိုင် ဖန်ဆင်းရှင်ဝါဒက ထာဝရတည်မြဲတဲ့ ဘုရားရှိတယ် ဆိုတာကို ယုံဖို့မဖြစ်မနေ တောင်းဆိုသလို မယုံတဲ့ ဗုဒ္ဓ၀ါဒက ကိုယ့်အားကို ကိုယ်ကိုးဖို့ အဓိက ညွှန်ပြတဲ့အတွက် ကြောင့်လို့ အတိုချုပ် မှတ်နိုင်ပါတယ်။
ဒါကတော့ အားလုံးသိထားသင့်တယ် ထင်တဲ့ ဘာသာရေးအမေး အဖြေလေး ကို ဝေငှပေးတာပါ ။ နားမလည်တာရှိရင် သိတဲ့လူကို မေးပေါ့ ၊ ဆွေးနွေးပေါ့ ဒါမှပဲ ကျွန်တော်တို့ ကိုးကွယ်ရာအစစ်ဆိုတာ တွေ့နိုင်မှာပါ ကိုးကွယ်ရာအစစ်နဲ့တွေ့မှလည်းကျွန်တော်တို့ရင်ထဲက ဝေဒနာတွေကို ဖယ်ရှားနိုင်မှာပေါ့ ။
ဘယ်ဆေးဝါးမဆို စမ်းသပ်မှူ တွေ ရဲ့နောက်မှ စစ်မှန်တဲ့ အဖြေဆိုတာရှိတာပါ ။ စမ်းသပ်ကြည့်ကြပါ .... အောင်မြင်ပါလိမ့်မယ်......
သြော်မေ့နေလို့ ဗုဒ္ဓ၀ါဒ အရ ဘာသာတရားတစ်ခုကို မှန်တယ် မှားတယ် ဆို တာကို မဂ္ဂင်ရှစ်ပါးတရား ပေတံနဲ့တိုင်းတယ်လို့ပြောခဲ့တယ်နော် ။ ဒီတရားအကြောင်းကို နောက် post မှာမှ ဝေငှပေးမယ်။
ဒီနေရာမှာကျနော်ပြောလိုက်ဦးမယ် .... နေစိုးနိုင်က သူများရေးပြီးသားတွေ လိုက်တင်နေတာပါလို့အပြစ်တင်ချင်ရင် ကြိုပြောပါရစေ ... ဝေငှပေးခြင်းပါ ... ကော်ပီခိုးယူခြင်းမဟုတ်ပါ မူရင်းနှင့်တူနေခြင်းမှာ ပိုင်ရှင်၏လက်ရာကိုထိန်းသိမ်းခြင်းသာဖြစ်ပါကြောင်း...
စစ်မှန်သောအယူ ..စစ်မှန်သောအမြင် ...မကြာခင်မှာရကြပါစေ......

2 comments:
သင် ဘာသာရေးကို တလေးတစားရှိတာ သိရတဲ့အတွက် ခင်မင်ချင်စိတ်ဖြစ်မိပါတယ်
တခြားဘာသာတွေအကြောင်း မဝေဖန် မသုံးသပ်ခင်မှာ
ကိုယ့်ရဲ့ မိရိုးဖလာ ဘာသာကို ပြီးပြည့်စုံအောင်လေ့လာပါ
အားရသွားပြီဆိုရင် တခြားဘာသာတွေကို လေ့လာပါ
အစွဲဆိုတဲ့ ပေတံနဲ့  တိုင်းရင် အမှားတွေ မမြင်နိုင်တော့ဘူး
ကျနော်လည်း အဲဒီထဲမှာ ပါချင်ပါနေမှာပါ
စိတ်မဆိုးပါနဲ့ 
မိတ်ဆွေက ကုရ်အာန်ကျမ်းစာကို သရော်ထားတာတွေ့ ရလို့ စိတ်မကောင်းတော့ဖြစ်မိတယ်
ကျမ်းစာထဲမှာ ခေတ်ပညာက မဖြစ်မနေ လက်ခံရတဲ့ အချက်တွေ အများကြီးပါတယ်
လေ့လာပါ ပြီးရင်ဝေဖန်ပါဦး
စာတလုံးမှ မတတ်တဲ့ မိုဟာမက် ကို ပယောဂတခုခုကပူးပြီး ပြောခဲ့တဲ့ကျမ်းစာလို့ စွပ်စွဲကြတာ ကြားဖူးမှာပါ
မိတ်ဆွေ လေ့လာပြီးရင် ကျနော့်ကို စာပို့ ပါ
ကြိုဆိုပါတယ် aungkyawmoe73@gmail.com
အခုလို comment လေးတွေရေးပေးထားခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျား
ဒါပေမယ့်
ကျွန်တော့်ရဲ့ post မှာ ကုရ်အာန်ကျမ်းစာကိုသရော်ထားတာ တွေ့ရလို့ ဆိုတာကို ကျွန်တော်နားမလည်ပါ... ကိုရ်အာန်ကျမ်းစာ ထဲမှာမပါပဲ ကျွန်တော်မှားယွင်းစွာဖော်ပြမိတာရှိရင် ပြောပေးပါ.. ချက်ချင်းပြင်ပေးပါ့မယ်..
Post a Comment