ဒီနေ့ ညနေ သီရိလင်္ကာ သံရုံးမှာ ကျင်းပပြုလုပ်တဲ့ ဗုဒ္ဓဘာသာ တရားပွဲကို မြန်မာ ၄၀၀ ခန့်  ဝမ်းမြောက် စွာ လာရောက် တရားနာယူခဲ့ကြပြီး အောင်မြင်စွာ ပြီးဆုံးခဲ့ ပါပြီ။ တရားပွဲမှာ ထူးခြားတဲ့ အစီအစဉ် တစ်ခု အနေနဲ့  DMA နဲ့ ပတ်သက်တဲ့ လက်ကမ်း စာရွက် ကလေးများဖြန့်  ဝေ ပေးခဲ့ပါတယ်။ စာရွက်ထဲမှာတော့...
ငါတို့ ဖြစ်ရ၊ ဤလောကဝယ်
ဘဝသမိုင်း၊ မရိုင်းစေရန်
စိတ်မာန်မချ၊ မာနမပါ
တို့ စွမ်းရာဖြင့်၊ တို့ သာသနာ
တို့ ပြည်ရွာကို၊ သာယာစေမှု
လုံ့ လပြုအံ့။
ဆိုတဲ့ သီတဂူဆရာတော်ဘုရားရဲ့ ဩဝါဒ လင်္ကာလေးနဲ့  အစချီလို့  DMA အဖွဲ့ လေး ပေါ်ပေါက်လာဖို့  ဝိုင်းဝန်းကြစေရန် အကြောင်း မေတ္တာရပ်ခံထားပါတယ်။ တရားပွဲလာ မြန်မာ ညီအစ်ကို မောင်နှမ အားလုံးလိုလိုက စိတ်ပါဝင်စား ကြတာကိုလည်း ကြည်နူး တက်ကြွဖွယ် တွေ့ ခဲ့ရပါတယ်။ တရားပွဲ အပြီး ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုဇော်ကြီး ကလည်း ထပ်ဆင့်ပြီး DMA ရဲ့ ရည်ရွယ်ချက်နဲ့  လုပ်ငန်းစဉ်တစ်ချို့ ကို အကျဉ်းခန့်  ရှင်းလင်းတင်ပြ ကာ အားလုံးပါဝင် ကူညီလာကြရေး မေတ္တာရပ်ခံခဲ့ပါတယ်။ ကိုဇော်ကြီးရဲ့ စကားအဆုံး တစ်ခန်းလုံးဖုံးသွားတဲ့ မြန်မာတွေရဲ့ လက်ခုပ်သံ တွေက DMA ရဲ့ အခြေခံ အုတ်မြစ်များ ဖြစ်ခဲ့ရ ပါကြောင်း။ ။
လေးစားစွာဖြင့်
MID
နေစိုးနိုင်

No comments:
Post a Comment