Thursday, September 30, 2010

“တိမ်တစ်ကွက် လတစ်သက်”

ကောင်းကင်ပြင် ကြည်ရွှန်း
ထွန်းလမင်း သာသောခါ
ကမ္ဘာခွင် ကြည်နူး
အလှတွေထူးလို့ပေါ့…။

မြူးလို့ပျော်နေ
ဝေသော လမင်း
သင်းလေ…
အတင်းဇွတ်ရွတ်
တိမ်ကြားသို့ သွပ်သောခါ
ငါ့ကမ္ဘာမှာ…။

ကောင်ကင်ပြာတော့ လှပဆဲ….။

စေတနာ
08.02.2002

(အတ္တတစ်ချို့ကို မတောက်တစ်ခေါက် အဓိပ္ပါယ်ဖော်ကြည့်နေရင်း ကောင်းကင်ကိုမော့ကြည့်မိရာက ရေးဖြစ်သွားခဲ့တဲ့ကဗျာလေးပါ ။ ခွင့်နဲ့ အိမ်ပြန်တုန်း အိမ်မှာစာအုပ်တွေဖွရင်း ပြန်တွေ့မိတဲ့ ကဗျာလေးဆိုပါတော့ ..။)

No comments: