Thursday, September 30, 2010

ခါချဉ်တစ်ကောင်၏ တီးတိုးစကားသံလေးများ

ခါချဉ်တစ်ကောင်…
တောင်စဉ်ရေမရ ပြောနေကျစကားသံတွေ
ဘယ်သူတွေများ ကြားလေမလဲ….

ရေကိုသားလို့ အကြားမထင်တဲ့
အများကို မြင်ပြတတ်ကြသမျှ
ကိုယ့်ကိုယ်ကိုကျတော့ လုံးဝမှလုံးဝ
မပြုံးပြတတ်တာလား…အသုံးမချတတ်တာလား..

အစကတော့ ရေကြည်
မြေဆီနဲ့ စည်းတားကြလေတော့
ဟိုဖက်လည်းမဲ ဒီဖက်လည်း မဲ
ကျွန်တော်တို့မှာတော့ အသည်းကွဲနေသည်…

မြတ်နိုးစွာသော ခေါင်းစဉ်တွေကို
အတ္တတစ်ဖက် အာဃာတတစ်ဖက်
သပ်လျှိုလာဘ်ထိုးထားခံရတဲ့ ညဉ်ဆိုးတွေနဲ့
ရိုက်ချိုးဖျက်ဆီးနေကြတဲ့ လူနှစ်စု…
ကျွန်တော်တို့မှာတော့ အပူတွေ မိလို့ပေါ့ …

နာကျင်စွာနဲ့ မြင်နေမိတယ်..
မဲမဲမြင်တိုင်း ပစ်သတ်တတ်တဲ့ လက်တွေနဲ့
လွဲလွဲထင်တိုင်း ညစ်ရက်တတ်ကြတဲ့ ပါးစပ်တွေ
သဲသဲကွဲကွဲ မြင်တတ်ကြပါစေ…

အတ္တကို အတ္တနဲ့ပြိုင်
ဘယ်သူတွေက နိုင်မလဲ
ပိုင်ဆိုင်မှုနဲ့ ဖြစ်နိုင်ချေ
ဘယ်လို ဝေခွဲကြမှာလဲ…

စကားစကား ပြောပါများ
စကားထဲက ဇာတိပြသတဲ့
စကားက တရားဖြစ်သလို
စကားက ဓားလည်းဖြစ်နေပြန်သေးတယ်…

နွံနစ်တဲ့အဖြစ်
နစ်လို့ရုန်း ရုန်းလို့နစ်
ကြိုးပစ်ပေးတဲ့ အသိညဏ်
လူသားတွေထံမှာပဲ ရှိတယ်…

သြော်…ခါချဉ်တစ်ကောင်
တောင်စဉ်ရေမရ ပြောနေကျတီးတိုးစကားသံတွေ
ဘယ်သူတွေများ ကြားလေမလဲ…

စေတနာ
30.09.2010(22:07)

2 comments:

leomark said...

မိုက်ဒလယ်ဗျိုးးး။း) ခင်ချာတဲ့ ခါချဉ်
ကိုက်ရင် ဘုကြီးတွေ ထ တယ်။း) ခါချဉ်အုံတွေကို တောင် သတိရမိသေး။ သရက်သီး တတ်ခူးတဲ့အခါ အဲ့ဒီ အကောင်တွေ ရန်က ရှောက်ရသေး...။ ဟူး လွမ်းပါ့ ငယ်ဘ၀။

Anonymous said...

မြတ်နိုးစွာသော ခေါင်းစဉ်တွေကို
အတ္တတစ်ဖက် အာဃာတတစ်ဖက်
သပ်လျှိုလက်ထိုးထားခံရတဲ့ ညဉ်ဆိုးတွေနဲ့ 
ရျုက်ချိုးဖျက်ဆီးနေကြတဲ့ လူနှစ်စု....
ကျွန်တော်တို့ မှာတော့ အပူတွေမိလို့ ပေါ့။။။

အတ္တကို အတ္တနဲ့ပြိုင်
ဘယ်သူတွေက နိုင်မလဲ
ပိုင်ဆိုင်မှုနဲ့ ဖြစ်နိုင်ချေ
ဘယ်လို ဝေခွဲကြမှာလဲ…

အမှန်တရားတွေကို စာစီကုန်းထားပုံများ
ဖတ်သူတောင် နှလုံးသားတွေ ပူလာပြန်တယ်။
ကောင်း၏။။ Brother...:)
လေးစားခင်မင်လျှက်...ခင်မာလာအောင်..
တလက်စတည်း..အားလုံးကို သတိရပါတယ်ဗျို့ ။။:)
ပျော်ရွှင်ပါစေ။။။။