Thursday, April 8, 2010

ငုပန်း နှင့် လူတို့၏စရိုက်များ




နွေရာသီရဲ့ ပူပြင်းလှတဲ့နေရောင်အောက် ၊ အယ်နီညို ကြောင့် ဆိုပြီး ပိုတိုးလာတဲ့ အပူချိန် တွေရဲ့ အလယ်မှာ ရွှေဝါရောင်

အပွင့်အဖူးတွေနဲ့ လမ်းမတစ်လျှောက်မှာ အလှဆင်ထားတဲ့ ပန်းတွေပေါ့ ။


သူတတ်နိုင်တဲ့ အားနဲ့ လောက ကို အလှဆင်နေတာပါပဲ ။ ဒါပေမဲ့လည်း လူတွေကတော့ သူ့ တန်ဖိုးနဲ့ သူ့ ပါဝင်မှုကို

အသိအမှတ်မပြုကြပါဘူး ။ ပင်လုံးဝေအောင်ပွင့်ခဲ့ပေမဲ့လည်း သူ့ အလှ သူ့ သဘာဝကို အသိမှတ်ပြုသူ ရှားပါးလွန်းလှပါတယ်။


သူဟာ သူ့ကိုယ်ပိုင် ရွှေဝါရောင်တွေနဲ့ လော ကကြီးကို လှပအောင် အစွမ်းကုန်ကြိုးစားပေးခဲ့တယ် ။ ကြိုးစားပေးနေဆဲ

ဖြစ်တယ်ဆိုတာ ကို ကျွန်တော် တို့တွေ မငြင်းနိုင်ကြပါဘူး။


သူ့မှာ အားနည်းချက် ကလေး ရှိတာက စွဲမက်လောက်တဲ့ ရနံ့မရှိတာပါပဲ ။ ရနံ့ဆိုတာက လည်းဗျာ ကြိုက်တဲ့ သူ

ရှိသလို
မကြိုက်တဲ့လူလည်း ရှိတာပဲ ။ သူ့အတွက် အရမ်းကောင်းတယ်ပြောတဲ့ အနံ့ကို တခြား တစ်ယောက် က လုံးဝ

အနံ့မခံနိုင်တာမျိုးတွေလည်းဖြစ်တတ်တာပဲ။ ဒါကြောင့် ရနံ့မရှိတာ ဟာ သူ့ အပြစ်လို့တော့မပြောလိုပါဘူး။


ငုပန်းလို့ ပြောလိုက်တာနဲ့ လူတွေက ပိတောက် နဲ့ ယှဉ်ပြီးကြည့်ကြတယ်။ သင်္ကြန် ရဲ့ သင်္ကေတ အဖြစ် ပိတောက်ပန်းကို


ပဲသတ်မှတ်ကြတယ်။ ပိတောက်ပန်း ဆိုတာ ကတော့ အချိန်ပိုင်း ခဏ သာ ပွင့်ပြီး ရနံ့နဲ့ပြည့်စုံတော့ လူတွေ စုံမက်ကြတယ်ပေါ့။


ပိတောက်မှာရှိတဲ့ အရည်အသွေးတွေကြောင့် သူ့ကို ဦးစားပေးတာ မထူးဆန်းပေမဲ့ ပိတောက်ရဲ့ရှေ့မှာ လောကကြီးကို လှပအောင

ရက်ပေါင်းများစွာ အစွမ်းကုန် အလှဆင်ပေးထားတဲ့ ငုပန်းကတွေကိုတော့ မစော်ကားသင့်ပါဘူး။

အခုတော့ အစွမ်းကုန် ပွင့်ဖူးနေတဲံ ငုပန်းပင်ဘေး ကနေပြီး ဘယ်ဆီမှန်း မသိသေးတဲ့ ၊ ဘယ်တော့များမှ ပွင့်ဖူးမယ်မှန်းမသိသေးတဲ့


ပိတောက်ပန်းရဲ့ဂုဏ်တွေကို ချီးကျူး ၊ အရုးမူး ဖြစ်နေကြတာတော့ မကောင်းပါဘူးဗျာ။


မပွင့်သေးတဲ့ ပိတောက်ပန်း ဟာ ပွင့်လန်းလာခဲ့ရင် အဆင်း ၊ အနံ့နဲ့ ပြည့်စုံပြီး လောကအလယ် လွန်တင့်တယ် ဆိုသလို


ဖြစ်မယ်ဆိုတာ ငြင်းစရာတော့မရှိပါဘူး။


ပိတောက်ပန်းမပွင့်သေးခင်မှာ ပွင့်လန်းနေရှာတဲ့ ငုပန်းလေးကိုလည်း မမေ့စေချင်ပါဘူး . . .


ပိတောက်ပန်းပွင့် ချိန်မှာလည်း ပိတောက်ရှေ့မှာ သူ့အစွမ်း ရှိသလောက် လောက ကြီးကို အလှဆင်သွား ရှာတဲ့


ငုပန်းကလေးတွေကို အောက်မေ့တသ သတိရနေကြမယ်ဆိုရင်ဖြင့် လောကကြီးက တရားတယ် လို့ဖြစ်သွားမယ်ထင်ပါတယ်။


သြော် … လောကကြီးမှာ ငုပန်းကလေးလိုပဲ သူ့အစွမ်းရှိသလောက် ကြိုးစားပြီး ငုပန်း ကလေးတွေလိုပဲ အမေ့ခံ ၊ အပယ်ခံဘ၀ ကို


ရောက်သွား ကြရှာတဲ့ ဘ၀တွေ ဘ၀တွေ ဆိုတာ ဘယ်လောက်တောင်များ နေပြီလဲ ။


ဘယ်တော့မှ တွေ့ရမှန်းမသိတဲ့ သူရဲကောင်းကို မျှော်ပြီး ကိုယ့်ရှေ့ က ၊ ကိုယ့်ဘေးက သူရဲကောင်းကို အသိမှတ်မပြုဘဲ ချောင်ထိုးဖို့


ကြိုးစားမိကြတဲ့ထဲမှာ ကျွန်တော် တို့ တွေများပါနေပြီလားမသိပါဘူးဗျာ။


နောင်တချိန်မှာ အဆင်းအနံ့နဲ့ ပြည့်စုံတဲ့ ပိတောက်ပန်းတွေ ဝေနေအောင် ပွင့်တဲ့အချိန်မှာ ဒီပန်းမပွင့်ခင်က ဘ၀ နဲ့ရင်းပြီး


စတေးသွားကြတဲ့ .. ပန်း ကလေးတွေကိုမေ့သွားကြဦးမှာပါပဲ။

ပန်းနဲ့တူတဲ့လူ

လူနဲ့တူတဲ့ပန်း

မင်းစွမ်းသလောက်

လန်းခဲ့ပေမဲ့ ..

အခုတော့ . . .

သူတို့တွေ … ကျေးဇူးကန်း ကုန်ကြပြီ . .

ဘာပဲပြောပြော ..

လောကကြီးထဲမှာ မင်း

အစွမ်းကုန် ပွင့်လန်း ခဲ့တယ် ဆိုတာကို

ငါ . . ဂုဏ်ယူနေမယ် . . .


ဘ၀ နှင့် ရင်းပြီး လောကကို အလှ ဆင်သော ပန်းများ ၊ လူများ ကို စော်ကားသူများ မဖြစ်ကြစေဖို့ လေးစားစွာ သတိပေးချင်ပါသည်။


လေးစားစွာဖြင့်

နေစိုးနိုင်

4 comments:

flowerpoem said...

ငုပန်းက လှပေမယ့် လူတွေက ပိတော်လှတာပဲ အမြဲ ချီးမွမ်းကြပါတယ် သူ့အလှနဲ့ သူတော့ သဘာဝကြီးက ဖန်တီးပေးထားတာပါပဲ

leomark said...

ငုပန်းက ကံဆိုးတယ်ပြောရမှာပေါ့ကိုနေစိုးနိုင်ရေ။ ပန်းတောက် နဲ့ အဆင်းသဏ္ဍန်ခြင်း တူတာရယ် ၊ ပွင်လန်းတဲ့ အချိန်က လည်း နီးဆက်တာရယ်ကြောင့် လူတွေက ငုပန်းကို သတိတောင် မထားတတ်ကြတာ ဖြစ်တတ်တဲ့ သဘာလေးပါ။
ဒါပေမဲ့ ငုပန်းက သူ့အချိန်တန်ရင်သူ ဖူး ပွင့် လာတာပဲလေ။ သူ့နည်း သူ့ဟန်နဲ့ လောကကြီးကို အလှဆင်တယ်ပေါ့ဗျာ။ လူတွေ သူ့ကို ပိတောက်ထက်စာရင် လေးစားမူ့နည်းပေမဲ့ သူ့တန်းဖိုးကိုတော ငုပန်းက ထိန်းထားနိုင်တယ်နော်။ ပိတောက်ကို လည်း “ ဟာ ..ငါ့ထက်သာတယ် ၊ ငါ့ထက်လှတယ်ဆိုပြီး“ မနာလို ၀န်တိုစိတ်မရှိ ရှာဘူး။ နောက် သူ့ထက်သာလို့လည်း သူ့ခမျာ မပုတ်ခက်ရှာပေဘူးဗျ။း) သူ့တာဝန်ကို သူ ကျေပွန်စွာ ထမ်းဆောင်ရင်း ပျော်ရွှင်နေပုံ ပေါက်ပါတယ်။
ကျွန်တော်တို့ လူတွေလို ဘေးက မြှောက်ထိုး ပင့်ကော် လုပ်ပေးမဲ့ ပန်းငလောင် တွေလည်း မရှိဘူးလေ။ ပိတောက်လည်း ပိတောက် အလျှောက် ၊ ငုပန်းလည်း ငုပန်း အလျှောက် လောကကြီး ကို အလှဆင် ရင်း နေနေကြတာပါ။ ကျွန်တော်တို့ကသာ သူတိုကို အရောင်စိုး ပြီး တွေး ရေး နေကြသာ။ သူတို့တော့ သူတို့အလုပ်ကို သူတို့လုပ်လို့ဗျာ....။

ရေတမာ said...

သူများနဲ့မတူတဲ့အမြင်ကို လေးစားပါတယ် အကိုရေ။ နှစ်သစ်မှာ မိသားစုနဲ့အတူ ပျော်ရွင်ကြည်နှုးနိုင်ပါစေ။

Anonymous said...

ပန်းငုဝါကိုလည်းကြိုက်တယ်။ ပန်းပိတောက်ကိုလည်း
ကြိုက်တယ် အစ်ကိုနေစိုးနိုင်ရေ။ အပင်ကြီးတွေပေါ်
မှာ ဝေစာနေအောင်ပွင့်တက်တဲ့ သူတို့ တွေရဲ့အလှက
လူ့ စိတ်တွေကိုတော့ လန်းဆန်းစေတယ်။ :)
ဒီနေ့ တော့ ဒီလောက်ပဲဝင်ရောက်ဆွေးနွေးမယ်နော့်။
ခင်မင်လေးစားစွာဖြင့် ...ခင်မာလာအောင်...:)