Saturday, April 3, 2010

အဖြေ


သုည ဖြစ်နေတဲ့ ဘ၀မှာတောင်
ဝ လုံးကလေး တစ်လုံးရရင်
ဝိ ဖြစ်ပြီလို့ စိတ်ကူးနဲ့ ရူးနေတဲ့ကောင်

ရွှေဒင်္ဂါးတွေ ခင်းပြီးမှ လျှောက်လို့ရတဲ့လမ်းကို
ဘာအားကိုးနဲ့ မင်းလျှောက်ရဲနေတာလဲ။

ခြေဗလာနဲ့ ကန္တရခရီးကြမ်းကို ဖြတ်သန်းရဲတာ
သတ္တိလို့ ခေါ်ရမှာလား . . .

လှေပေါက်နဲ့ ပင်လယ်ဖြတ် ကူးမယ်သူကို
သူရဲကောင်းလို့ ခေါ်ကြမှာတဲ့လား
အေးလေ ......
ရွေးစရာလမ်းမရှိတော့ဘူးဆိုရင်တော့

ဖောင်ပေါ်ရောက်နေတဲ့သူဆိုတာ
ရေငတ်တာ စမ်းတဲ့အရာမှ မဟုတ်ဘဲ။

အောင်စည်ဟိန်း

4 comments:

Anonymous said...

ကဗျာလေးက အရမ်းကောင်းတယ်..ညီ..
“သုည ဖြစ်နေတဲ့ ဘ၀မှာတောင်
ဝ လုံးကလေး တစ်လုံးရရင်
ဝိ ဖြစ်ပြီလို့ စိတ်ကူးနဲ့ ရူးနေတဲ့ကောင်”
အမှန်ပဲ... တို့ တွေ ဝလုံးလေး တစ်လုံးလောက်တော့ ရလိုက်ချင်စမ်းပါရဲ့... ဝိ ပြလိုက်ချင်လွန်းလို့ ... :)

LMK

Unknown said...

ကျေးဇူးတင်ပါတယ် အစ်ကို

နေစိုးနိုင် said...

ဝ မရှိဘဲ ၀ိ လုပ်ချင်တော့
လုံးကြီးတင်ပိ ပြီး ပိုလေးတယ် တဲ့

မှတ်ထားတာလေးပါ

:)

leomark said...

ဝ မရှိပဲ ၀ိ လုပ် လို့ရေးထားတာကို ငယ်ငယ်က အဲ့ဒါ ၀ိ မဟုတ်ဘူး အင်္ဂလိပ် အက္ခရာ 8 ဆိုပြီး ငြင်းကြ ခုန်ကြ တာ သတိရမိတယ်ဗျိုးးး ။း)