Wednesday, March 24, 2010

အနာဂတ် သီချင်း



မတူညီတဲ့ ခံယူချက်တွေ အတွက်
ဝေးကွာခြင်းစာသားနဲ့
အမုန်းသံစဉ်တွေ ကို တီးခတ်ခွင့်ပြုပါ ..

မညီတဲ့ကြိုးတွေ ကို တော့
မညှိတာပဲ ကောင်းပါတယ် . . .


နေစိုးနိုင်

6 comments:

kaungkinpyar said...

ညှိကြည့်ရင် ကောင်းမယ်...

Anonymous said...

ညှိတယ်......ဆိုတာကိုက
မညီမှ လုပ်တာလေ.......
ပြီးတော့....
ခံယူချက်မတူပေမယ့်....
ရည်ရွယ်ချက်တွေ တူနိုင်သေးတာပဲ...
ရင်ခုန်သံတွေ တူနိုင်သေးတာပဲ....
အိပ်မက်တွေ တူနိုင်သေးတာပဲ....
ကို့ သဘောကတော့....
အမုန်းသံစဉ် သီချင်းကြီးတွေလည်း
အတီး မစောစေချင်ဘူး....
ဝေးကြပါပြီ ဆိုတဲ့ စကားတွေလည်း
အပြီး မပြောစေချင်ဘူး......

LMK

Angel Shaper said...

အဟမ်းးးးးးးးး အဟမ်းးးးးးးးးးးးး
တို့...ကိုနိုင်ကြီးတော့ .... ဟဲဟဲ...
မတူညီတဲ့ခံယူချက်တွေအတွက် ရည်ရွယ်ချက်၊ ရင်ခုန်သံအိပ်မက်တွေတူရင် လုံလောက်ပါပြီ။ (ကိုလွင်မင်းခန့်ထံမှကော်ပီ၏)
ဝေးကွာခြင်းစာသားတွေက.......
ထိထိမိမိလေးရေးရင် သိပ်လှတတ်တယ်။
အမုန်းသံစဉ်.....တီးခတ်ကြည့်လိုက်ပေါ့.. တစ်ခါတလေ.. နားထောင်ကောင်းတတ်ပါတယ်လေ။

မညီတဲ့ကြိုးကတော့ မညှိလို့ဘယ်ကောင်းမလဲ.....
အမုန်းသံစဉ်တီးခတ်မယ်ဆို???
ကြိုးညှိမှ တီးခတ်၍ ရပါမည်......ဟဲဟဲ

စကားမစပ်....
ကိုနိုင် တစ်ယောက်တည်း တော်တော်သောင်းကျန်းနေပုံရတယ်နော်။ ဟိဟိ
အဆင်ပြေပျော်ရွှင်ပါစေလေ..........

Anonymous said...

မညီတဲ့ ကြိုးကခင်ဗျားရဲ့ ခံစားချက်ကိုပိုပေါ်စေမယ်ထင်တယ်ခင်ဗျားမုန်း နိုင်တယ် ဒါပေမယ့် မမေ့နိုင်ပါဘူး (မလိမ်တက်ရင်)
မတူညီတဲ့ ခံယူချက်က ကြိုးခြောက်ခြောင်းလောက် ညှိရမခက်ပါဘူး ခင်ဗျား နဲ့သူ့ရဲ့ သံယောဇဉ် ကြိုး နှစ်ခြောင်းတည်းပါ လောလောဆယ်မတူညီတဲ့ ခံယူချက်တွေအတွက် တူညိရင်ပျော်စရာကောင်း မယ့်စာသားနဲ့ ခံယူတဲ့ သီအိုရီတွေပဲ တီးခတ်လိုက်ပါ

Unknown said...

ကြိုက်တယ်ဗျို့

Unknown said...

ကဗျာလေးက မဆိုးဘူးကွ တိုတိုလေးနဲ့ အဓိပါယ်လေးနက်တယ်