Tuesday, March 9, 2010

" မြန်မာ ကြက်ဥ "



တကယ်တော့...ဒါ......
မကြားဝံ့ မနာသာစကား...
ဒါပေမယ့်...ငါ..........
နှလုံးသားနဲ့  နာကြားခဲ့
အများကတော့.......
ဖဝါးနဲ့ သာ နာကြမယ့်စကားမျိုးလေ....။

ကြက်ဥလေးတွေရေ.......
ကိုယ်စိုက်ခဲ့လေသမျှ.....
ရိပ်သိမ်းရပါတယ်ဆိုတဲ့ လောကမှာတောင်.....
ဘယ် ပယောဂနဲ့  ကျကျ....
ပြုတ်ကျတာချင်းအတူတူ.....
တစ်ခြားသူတွေ မလဲပေမယ့်..
မင်းတို့ က ကွဲတတ်တယ်......။

မကွဲခင်တော့သာ...
မာန်လေးက တစ်ကြွကြွ
ဟန်ရေးက တစ်ပြပြ
အေး..........
ကွဲကြပြီလည်း ဆိုရော...
မိဘကစ...
လူမျိုးအထိပါ အရှက်ကွဲရ
ကဲ.....
ခင်ခင် နှမတို့ .....
ဆင်ခြင်ကြဖို့  ကောင်းပြီနော်....။ ။


လွင်မင်းခန့်  (09/03/10)

8 comments:

Anonymous said...

ကြက်ဥ ကဗျာ လေး အတွက် အကိုကြီးလွင်မင်းခန့်ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ

ကြက်ဥဆိုတာ ရေထဲပြုတ်ကျရင်တောင် မကွဲတော့မကွဲဘူး .. အနေကြာရင်ပုပ်သွား တာပဲဗျ . . .

ဒါကြောင့် ကြက်ဥ ရဲ့ဘ၀ ကတော့ ပိုင်ရှင်ဖောက်သောက်တာ မခံရရင် .. ကြက်မြုံထဲမှာနေတာ အလုံခြုံဆုံးပါပဲ . . .:)

Anonymous said...

မြန်မာကြက်ဥ တဲ့လား
အမှန်သွေးမဟုတ်ရင် translation လုပ်ပေးချင်ရဲ့
ရန်သွေးအစုတ်တွေအကြောင်း.....

Angel Shaper said...

ကြက်ဥကဗျာလေး ကောင်းတယ်ဗျာ။။။
အရိုးရဲ့ ဥ သီချင်းကို မဆီမဆိုင် ဆိုပြချင်လာတယ် အဟဲ....
ကြက်ဥပဲဗျာ...မကွဲချင် ငြိမ်ငြိမ်နေပေါ့နော့်။
သမီးကတော့ ကြက်ဥဆို ကြော်စားလိုက်ရမှ။
ပေါင်မုန့်လေးနဲ့ဆိုလဲ စားကောင်းတာပဲ... အဟဲ
ကိုလွင်မင်းခန့် ခံစားနေရလို့ စိတ်သက်သာအောင် လာစတာပါဗျာ....
ကဲကဲကဲ...ကြက်ဥလေးတွေ တန်းစီ.... အဲလေ..
ကြက်ဥလေးများးးးး သတိတရား အသိတရားလေးနဲ့ လုံခြုံမှုရှိပါစေနော့်။

flowerpoem said...

ပညာပေး ကြက်ဥ ကဗျာလေးက ထိမိပါတယ်.

Unknown said...

အစ်ကိုလွင်မင်းခန့်ကို မြန်မာကြက်ဥနဲ့ ပြန်တွေ့လိုက်ရတာ ၀မ်းသာသဗျာ။ နို့ပြီး ကြက်ဥခင်ခင်တွေလို့ တင်စားတာများ ကြိုက်သဗျား။ အစ်ကိုရဲ့ စာကောင်းပေကောင်းများကို မျှော်လင့်လျက်ပါ။
အောင်စည်ဟိန်း

leomark said...

မြန်မာ ကြက်ဥ တဲ့လားဗျာ...။

Anonymous said...

နေစိုးနိုင် ... ကိုပြောနေကျ စကားလိုပါပဲ ... တာဝန်သိတတ်သူအားလုံးမှာ တာဝန်ရှိပါတယ်..
စေတနာ ... ညီလည်း တတ်နိုင်သလောက် ဝိုင်းပြီး educate လုပ်ပေးပါဦး...
အိန်ဂျယ်.... ညည်းလည်း ကိုယ့်ကိုကိုယ် ကြက်ဥလေးတစ်လုံး ဆိုတာ မမေ့နဲ့ နော်... ဘယ်ကိုပဲ ရောက်နေနေပေါ့....
flowerpoem... ကျေးဇူးတင်ပါတယ်ဗျာ
အောင်စည်ဟိန်းရေ.... ကျေးဇူးပါ... ကိုပြန်လာပါပြီ... တို့  ညီအစ်ကိုတွေ ပြန်ဆုံကြတာပေါ့.... :)
ညီလေး Leo ... ဟုတ်တယ် ညီလေး ... ကိုကလည်း မင်းလို မြန်မာတစ်ယောက်ဆိုတော့.. မြန်မာကြက်ဥလေးတွေအတွက် ပိုပြီးစိုးရိမ်နေမိတာပါ ... ကုလားကြက်ဥတွေ အတွက်ကတော့ ကုလားတွေပဲ ပူပါစေ..... ဖါးကြက်ဥတွေအတွက်လည်း အလားတူပါပဲ...

နေစိုးနိုင် said...

ကုလားကြက်ဥ ၊ ဖားကြက်ဥ တဲ့လားဗျ ...
ဘယ်လိုနေမလဲမသိဘူးနော် . . .
ဦးပေါ်ဦး လို ဆားကလေး လိုမလားမသိဘူး..
ဟိ ဟိ
ကုလားကြက်ဥ ၊ ဖားကြက်ဥ က တရုတ်ကလုပ်တဲ့ အတုတွေလိုပါဗျာ . . .
ကြက်ဥတော့ ကြက်ဥပဲ လွှတ်ချ ရင်တောင် ခုန်နေဦးမယ်ထင်တယ် .. ရာဘာဖုံးထားသလားအောင့်မေ့ရမယ် ..