Thursday, March 11, 2010

စကားလုံးများမလို

စကားလုံးများမလို
နေညိုရင်ဘယ်ကိုလွမ်းရပါ့ . . .
ပြောပြပါအမေရယ် . . .
နေမညိုခင် အကြိုလွမ်းကြည့်ချင်လို့ပါ . . .

စကားလုံးများမလို
နေညိုရင် သားမောင်လွမ်းချင်သော်လည်း
လွမ်းခြင်း ဒဏ် သားမောင်သိသော်လည်း
ဖုံးဖိကား သိမ်းဆည်းထား . .
ဝေးရောက်တဲ့သားပါ အမေ . . .

မွေးမေကို သားငယ်လွမ်း သော်လည်း . . .
လွမ်းတေးမသီ ... စာ မစီခဲ့ . . .
သားအလွမ်းတွေ .. အမေ မသိစေချင်ဘူး အမေ . . .
စကားလုံးများမလို
နေညိုရင် သားမောင်လွမ်းချင်လဲ
အမေသိ မှာ စိုးတယ် အမေ . . .

တကယ်ဆို စကားလုံးများ မလို ပါဘူး . .
နေမညိုခင် လွမ်းပါရစေ ... အ မေ


လေးစားစွာဖြင့်
နေစိုးနိုင်




2 comments:

Angel Shaper said...

တကယ်ဆို စကားလုံးများ မလို ပါဘူး . .
နေမညိုခင် လွမ်းပါရစေ ... အ မေ
ကဗျာလေး ကောင်းချက် ကယ်....

leomark said...

ပို လွမ်းအောင် လုပ် ပြန်ပြီ...။ !_!