ကျောင်းပြီးစ လူငယ်တွေ ၊ ကျောင်းမပြီးခင် လူငယ်တွေရဲ့စိတ်ထဲမှာ နိုင်ငံခြားသွား စီးပွားရှာမယ် ဆိုတဲ့ အစွဲ ကြီး က ကျွန်တော် တို့ လူငယ်တွေထဲမှာ တော် တော် နေရာယူနေပါပြီ ။ နိုင်ငံခြားကို ဘာဖြစ်လို့ သွားချင်တာ လဲဆိုတဲ့မေးခွန်းအောက်မှာတော့ ရာခိုင်နှုန်းတော်တော် များ များ က ငွေ ကြောင့်ပါပဲ ။ ကျွန်တော် တို့ လူငယ်တွေ ငွေနောက် အဲလောက်တောင်လိုက်နေကြလား ဆိုတော့ မဟုတ်ပြန်ပါဘူး။ ဘ၀ တွေကို နည်းနည်း ခံစားသုံးသပ်ကြည့်ရအောင်။
မြန်မာပြည်တွင်းမှာနေရင် အနေအစားဆင်းရဲတယ် ၊ လစာနည်းနည်းပဲရမယ် ၊ တက်လမ်းမရှိဘူး ၊ ရည်မှန်းချက် ထားလို့မရဘူး စတဲ့ အတွေးတွေကို အခြေခံပြီးတော့ လစာများများ ရတဲ့ဆီကို ဦးတည်လှမ်း ကြပါတယ်။
စေတနာရှိတာ မရှိတာ ထား နိုင်ငံခြား NGO တွေမှာ အလုပ်ရရင် ဒေါ်လာ ရတယ် ဆိုပြီး NGO တွေမှာ အလုပ်လာလျှောက်သူတွေကလည်း ကြိတ်ကြိတ်တိုးပါပဲ။ သံရုံးတွေမှာ အလုပ်လုပ်ချင်သူ များ လာတယ် ။ ထို့အတူပါပဲ ။ အလုပ်နေရာတစ်ခု လစ်လပ်သွားတယ်ဆိုရင် လာလျှောက်တဲ့သူတွေဆိုတာ မနည်းမနောပါပဲ။ တကယ်တန်း လိုအပ်တဲ့ အရည်အချင်းတွေရှိလို့လာလျှောက်တဲ့ ပုံစံမျိုးမဟုတ်ဘဲ အင်တာဗျူး အတွေ့ကြုံလိုချင်လို့ ၊ ရချင်ရ မရချင်နေ ဘိန်းစားမြင်းတောင်း အလုပ်လျှောက်နည်း တွေများပါတယ်။
ကျွန်တော်ဆိုလိုချင်တာက ကျွန်တော် တို့ လူငယ်တွေမှာ ကိုယ်လျှောက်မယ့်လမ်းကို ရွေးချယ်မှု မခိုင်မာ တာကို ပြောချင်တာပါ။ ဒီပုံစံနဲ့ နိုင်ငံခြားသွားလည်း အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး ။ အဆင်မပြေဘူး ဆိုတာ အလုပ်မရတာ ကိုပြောတာ မဟုတ်ပါဘူး ။ ရနိုင်ပါတယ်။ မြန်မာပြည်က နေ ရရာ အလုပ်နဲ့ သွား ပြီးတော့ လုပ်မယ် ဆိုရင် အလုပ်မရှားပါဘူး ။ ဘာဖြစ်မလဲ ဆိုတော့ ကိုယ့် ရဲ့ ကျွမ်းကျင်တဲ့ field ရယ်လို့ တိတိကျကျ မရှိတာကြောင့် professional ဖြစ်ဖို့မလွယ်တော့ပါဘူး ။ လုပ်ငန်း လုပ်သက် အပေါ်မှာ သာ အားကိုးပြီး ရာထူးတိုးဖို့စောင့်ရပါတော့မယ်။ ဒါတောင် အလုပ်ရှင်က စိတ်ထားကောင်းသူဖြစ်မှပါ။
ကိုယ့်လမ်းကြောင်းရွေးချယ်မှုဆိုတဲ့နေရာမှာ ဈေးကွက်ရှာဖွေရေး ဖြစ်ချင်ဖြစ်နေမယ် ၊ အင်ဂျင်နီယာ ၊ အိုင်တီသမား ၊ ဟိုတယ် ၀န်ထမ်း ၊ ဆေးသမား (ဆေးသုတ်) ၊ သံချည်သံကွေး ၊ ပိုက်ဆက် စသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။
ပြဿနာတစ်ခုက ဘာလဲဆိုတော့ ကိုယ်လုပ်ချင်တဲ့ နယ်ပယ် တစ်ခုမှာ အတိုင်းအတာ တခုထိ ကျွမ်းကျင်မှုရရှိဖို့ အတွက် လုပ်ငန်းအတွေ့အကြုံရှာမယ်ဆိုရင် လည်း ရန်ကုန်ရဲ့ လူနေမှုစရိတ်နဲ့ ပေတေ ပြီး တောင့်ခံနိုင်ဖို့ ကလည်းတော်တော် အရေးကြီးပါတယ်။
ကျွန်တော် ကိုယ်ပိုင်ခံယူ ကောက်ချက်ချထားတာရှိပါတယ်။ လူတစ်ယောက်အောင်မြင်ဖို့အတွက်ဆိုရင် အခက်အခဲဒဏ်ကို ပေပြီးခံနိုင်တဲ့ စိတ်ရှိရမယ်။ အဲ နောက်ပြီး ဒီအခက်အခဲ ကိုဘယ်လို လွတ်အောင်လုပ်မယ် ၊ အောင်မြင်အောင်ဘယ်လိုလုပ်မယ် ဆိုတဲ့ သုံးသပ်တတ်တဲ့စိတ် လည်း လိုတယ် ။ ဒီစိတ်ဓာတ်နှစ်ခု အချိုး ညီညီ ရှိမနေရင် ဘယ်လိုပုဂ္ဂိုလ်မှ သူ့အစွမ်း သူ့ အစ နဲ့ မအောင်မြင်နိုင်ဘူး လို့ ကျွန်တော် က တော့ ယုံကြည်ထားတယ်။
ဒီစိတ်နှစ်ခုကို အချိုး ညီ ညီရှိစေချင်တယ် ဆိုတာကတော့ တချို့ လူတွေက ပေ နိုင်ကြတယ် ဒါပေမဲ့ သူတို့မှာ ဘယ်လို ကျော်မယ် ဆိုတဲ့ အတွေးမျိုးမရှိကြဘူး ။ တချို့လူတွေက တော့ တွေးနိုင်ကြတယ် ဒါပေမဲ့ မပေနိုင်ကြဘူး ။ ဒီတော့ ဘာဖြစ်သွားလဲ ။
ပေနိုင်တဲ့စိတ်တော့ရှိတယ်။ မတွေးတဲ့လူ တွေက အမြဲတမ်းပဲ သူများ ခိုင်းတာ ကို ခံရတဲ့ဘ၀ ကိုရောက်သွားတယ် ။ တွေးတော့တွေးတတ်တယ် မပေနိုင်တဲ့ လူတွေက တော့ ဟိုဟာလုပ် ကောင်းနိုးနိုး ဒါလုပ်ကောင်းနိုး နိုး ၊ ဟို အလုပ်ပြောင်း လိုက် ဒီအလုပ်ပြောင်းလိုက် နဲ့ ဟိုမရောက်ဒီမရောက် နဲ့ စိတ်ကူးယဉ်သမားတွေဖြစ်သွား တယ် ။ ဒီလိုလူမျိုးတွေမှာ စိတ်ကူးတွေအများကြီးရှိတတ်တယ် ။ ကျွန်တော် မလုပ်ချင်လို့ ကျွန်တော်လုပ်လိုက် ရင် ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ စကားတွေဟာ ဒီလို တွေးသာတွေး တတ်ပြီး မပေနိုင်တဲ့ လူတွေဆီက ကြားရတာများတယ်။
ဒါကြောင့် ကျွန်တော် တို့ နယ်ပယ်တစ်ခု မှာ ကျွမ်းကျင်မှုရဖို့ဆိုရင် ပေနိုင်ဖို့လိုမယ် ၊ ပြည်တွင်းမှာပေ ပေ ၊ ပြည်ပမှာ နေနေ ပါ ။ ပေလည်းပေနိုင်လို့ နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်မှုတော့ရပါရဲ့ မမြင်ဘူး မူး မြစ်ထင် နေပြန်ရင်လည်း ဖြစ်သေးဘူး ဗျ။
ဒါကြောင့် ကိုယ်နှစ်သက်ရာ နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်ပြီး အောင်မြင်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်ဗျာ။
1 comment:
ကျွန်တော် တို့ နယ်ပယ်တစ်ခု မှာ ကျွမ်းကျင်မှုရဖို့ဆိုရင် ပေနိုင်ဖို့လိုမယ် ၊ ပြည်တွင်းမှာပေ ပေ ၊ ပြည်ပမှာ နေနေ ပါ ။ ပေလည်းပေနိုင်လို့ နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်မှုတော့ရပါရဲ့ မမြင်ဘူး မူး မြစ်ထင် နေပြန်ရင်လည်း ဖြစ်သေးဘူး ဗျ။ ဒါကြောင့် ကိုယ်နှစ်သက်ရာ နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်ပြီး အောင်မြင်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားသင့်တယ်။
ဟုတ်တယ်။ ကိုနိုင်ရေ... ပိုပြီးလေးစားချစ်ခင်ရပါတယ်။ တကယ်မှန်ပါတယ်။ ကြိုးစားနေပါတယ်နော်။
Post a Comment