လူလယ်ခေါင်ဆိုရင်များ...
ရွေ့ တာ လျှားတာက
နှေးသလားမမေးနဲ့ ...
ထစ်ကနဲ ဆိုရင် ခေါင်းကို ဝှက်...
ကြောက်တတ် ရှက်တတ်လိုက်တာကလည်း လွန်ပါရော.....
ဥတွေကတော့ ဥပါရဲ့....
ဒါပေမယ့်လည်း....
အကောင်ပေါက်ရတာက ခပ်နဲနဲရယ်....
မတော်တဆ
ပက်လက်လန် ရရင်တောင်
ယက်ကန် ယက်ကန် လောက်ပဲတတ်တဲ့ကောင်....
အင်း....တော်သေးတာပေါ့...
ဒီကောင်တွေ အခွံပါးရင်လည်း.
မျိုးတုန်းသွားတာကြာလှပြီ... ။ ။
လွင်မင်းခန့်  (23/03/10)
(ကျွန်တော့်ကဗျာများကို ကူးယူပါရစေလို့  ခွင့်တောင်းလာကြသူများ ကို လေးလေးစားစား ကျေးဇူးတင်စွာနဲ့  ပြောချင်ပါတယ်။ မည်သူမဆို ကျွန်တော့်ကဗျာတွေကို ကူးယူဖေါ်ပြခွင့် ရှိပါတယ်။ ပြန်လည်ဖေါ်ပြတဲ့အခါ အကြောင်းကြောင်းကြောင့် ကျွန်တော့်နာမည်လေး မတပ်ပေးခဲ့ရင်တောင် ကျွန်တော် ကြည်ဖြူပါတယ်။ ကျွန်တော်ကဗျာရေးတာ ကျွန်တော်ပေးချင်တဲ့ message လေးတွေ ရည်ရွယ်သူတွေဆီ ရောက်ဖို့ လောက်ပါပဲ။ ကျန်တာတွေ အများကြီး မမျှော်လင့်ထားပါဘူး။ လေးစားစွာဖြင့်... လွင်မင်းခန့် )
5 comments:
ဒီကောင်တွေ အခွံပါးရင်လည်း.မျိုးတုန်းသွားတာကြာလှပြီ. ဒီ Message လေးကို ကြိုက်တယ် :)
ကိုလွင်မင်းခန့်ရေ
လေးစားပြီးရင်း
လေးစားလျက်ပါဗျာ။
အင်း သင်းတို့
မျိုးမတုန်းသေးတာ ဒါကြောင့်ကိုး . . .။
flowerpoem ရေ... ကျေးဇူးပါ :)
အောင်စည်ဟိန်းရေ.... ဟုတ်ပညီရယ်.... ဒီကောင်တွေက ကိုယ့်ဘက်ပဲ ကိုယ်ယက်ကြပေမယ့် ရှေ့ ကို ပီပီပြင်ပြင်ရောက်လားဆိုတော့လည်း မရောက်ဘူး... ဒါပေမယ့် အခွံတွေကတော့ ထူပါ့.... လှိမ့်ပိမ့်ပြီး အံကြိတ်ခံတဲ့နေရာမှာတော့ သူတို့ က ကမ္ဘာ့ချန်ပီယံပဲ...ဒီခံနိုင်ရည်လေး ရှိနေပေ လို့  သာပေါ့.... နို့ မို့ ဆို... :P
LMK
အော်..............
လက်စသတ်တော့.................
ငလိပ်တို့...မျိုးမတုန်းတာ......
အခွံထူပြီး လှိမ့်ပိမ့်ခံနိုင်လို့ကိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Good day!This was a really brilliant topic!
I come from itlay, I was fortunate to seek your subject in google
Also I obtain a lot in your blog really thanks very much i will come every day
Post a Comment