Thursday, March 18, 2010

ကျွတ်ခန်းတိုင်ပေါင်းပါ့မယ်

ကုဏ္ဍလာ ဒုမ္မာမြင့်
မုန်လာပွင့် ဖြစ်စေ
ယုံပါသင့် ချစ်ဆွေငယ်
ပစ်မသွေပါဘဲ။

ရွှေပဏ္ဍု ခေါင်ရမ်းရေငယ်
မှောင်သန်းစေ မည်းတော့မလွဲ။
ကျေးသူဝ မြကိုယ်ရောင်မှာ
လှခိုတောင်ဖြစ်လဲ။

ဟိုတိမ်တောင် ရိပ်ထဲက
လိပ်ဝဲလို့ပျံစေ ။

ပရွက်တောင် ငှက်ကောင်ဖြစ်စေတော့
ဖက်နှောင်ချစ် ဘုန်းကမသွေ ။

မြွေ ပု လို့ ခရု ရှည်စေ
သမုဆွေသာကီငဲ့
ပါရမီ့ သစ္စာခိုင်
ယိမ်းလို့မယိုင် ။

မေတ္တေယျ ထွတ်နန်းပိုင်တောင်
ကျွတ်ခန်းတိုင် ပေါင်းမယ် ပလေး . .။

ဦးပုည


ချစ်သူချင်း ၊ လင်မယား ချင်း ကြား မှာ သစ္စာ ကြီးစွာ ချစ်ခင်ကြသော စုံတွဲများအတွက် ရှေးစာဆိုတော်ကြီး ဦးပုည ရဲ့ သစ္စာထားဖွဲ့ တစ်ပုဒ်နဲ့ ဂုဏ်ပြုလိုက်ပါတယ်ဗျာ။

လေးစားစွာဖြင့်
နေစိုးနိုင်

9 comments:

Unknown said...

စာဆိုရှင် ပုညာက၀ိကိုဖြင့်
စာဂုဏ်ဆင့် ပူဇော်ချင်။
စကားရယ်ကြွယ်
ကျောက်ဆင်းတု
ခေါင်းတော်ငြိမ့်အောင်
လုပ်တတ်ပေတယ်။
တစ်ခေတ်မှာ တစ်ယောက်ထူးပါဘိ
မြန်မာ့ကဗျာက၀ိ။

ရေတမာ said...

အကို ညီတို့ စုံတွဲကို ပြောတာလားးP ဧကန်န ဒီလူပြိုကြီး မရိုးတော့ဘူး။ ဖတ်ရတာ လေးလေးပင်ပင်ရှိတယ် သဘောကျတယ်။ ပုံခိုင်းနှိုင်းသွားတာတွေကလည်း လေးစားစရာပါ

leomark said...

ဟေ့..ရာတမေတဲ့ ရေတမာ..လူထင်ကြီးအောင် လျှောက်ပြေနေတာလား..။ ဟီးး
ကဗျာ ကို နားမလည်း လို့ သုံးလေးခေါက်လောက် ဖတ်ယူရတယ်။ အင်း..မြန်မာဖြစ်ပြီး မြန်မာစာကို နားမလည်သေးမှန်း ခု မှ နဖူးတွေ့ ဒူးတွေ့ပဲ။

may16 said...

ကဗျာကောင်းလေးကို ပြန်လည်ဖော်ပြပေးတာကျေးဇူးပါ ရှင်

Unknown said...

ညီ

ကျေဇူးတင်တယ်နော်
ကို့  FB က Note မှာလည်း မင်းလက်ရာလေးနဲ့  တင်ထားလိုက်တယ်.. လာအားပေလှည့်ဦးနော်..

မိုးဇော်လွင်

Angel Shaper said...

အောင်မယ်... ရာကြီးကတော့ လူအထင်ကြီးအောင် ဟစ်နေပါတယ်။ ရှက်လဲမရှက်ဘူး ခစ်ခစ်...
ကိုနိုင်ရေ... အဟမ်း အဟမ်.......
ဘာမှပြောဘူးနော်။ အဟမ်း အဟမ်း ဟုသာ.....
ကဗျာလေး ကြိုက်တယ်။ အဟုတ်

ကျော်ညိုသွေး said...

ကဗျာက ကျစ်ကျစ်လစ်လစ်နဲ့
အဓိပ္ပါယ်ပြည့်ဝတယ် ဒီကဗျာကို ဖတ်ခွင့်ရတာ ကျေးဇူးပါ။

အကြမ်းထည် said...

ရှေးဆရာကျော် ဦးပုညတို့ရဲ့စာကောင်းပေမွန်လေးတွေ အချိန်ရရင်ပြန်လည်ရေးတင်ပါလို့ ထပ်မံတောင်းဆိုချင်ပါတယ်။
ဆိုက်ဒ်ကလေး ကိုဖန်တီးတဲ့ ဆရာတွေရဲ့ အရေးအသားတွေကို လည်း ကျေနပ်သွားပါတယ်။
carry on!!
ပျော်ရွှင်နိုင်ကြပါစေ။

HTETOOWAIYAN said...

I like that very much