တမုဟုတ်ချင်း
အပြောင်းလဲကြီးပြောင်းလဲ
သာယာကြည်နူးမှုတွေကို
ရက်စက်ကြမ်းတမ်းမှုတွေနဲ့
ရုတ်ချည်း အစားထိုးသွား
မာယာတွေ များလှချည့် . . .။
အမုန်းလှိုင်းလုံးတွေ တစ်လုံးပြီးတစ်လုံး
အသည်းနှလုံးကို အကြိမ်ကြိမ်ဖုံးအုပ်ကြပေါ့။
ရေပြင်ပြာပြာနဲ့ ရေလွှာပါးပါးတွေလည်း
အဝေးကို ပြေးထွက်ခဲ့။
ကြည်နူးမှုနဲ့ ကြမ်းတမ်းမှုကို
တစ်လှည့်စီများ ပေးမှာလေလား
တကယ်ပါ အဲသလိုအတွေးနဲ့ပဲ
ပင်လယ်ရဲ့မာယာမှာ စွဲမက်ရူးသွပ်ခဲ့ဖူးတယ်။
ဒါနဲ့များ . . .
နောက်တစ်ကြိမ်များ ကြည်နူးတွေ
ပြန်လာလေဦးမလားလို့ တမ်းတနေမိသေးတယ်။
အောင်စည်ဟိန်း
၉-၂-၂၀၁၀ နံနက် ၀၂း ၀၀ နာရီ
3 comments:
အင်းးးးးး မှိုင်းက ဘယ်မှိုင်းမိမိ မလွယ်ပါလားနော်။
ကဗျာလေး ကောင်းချက် ဗျာ။
အင်း... ဝဋ်ကြွေးရှိသမျှပေါ့....ညီရေ....
အင်း..ဂျူးရဲ့ ပင်လယ်နှင့်တူသော မိန်းမများကို ဘာမဆိုင် ညာမဆိုင် သွား သတိရမိရဲ့ဗျာ.. ဟိ..။
Post a Comment