Tuesday, March 16, 2010

မစားကောင်းတဲ့ အသီး

ချစ်တတ်လို့ ပဲဖြစ်ဖြစ်....
ညစ်ပတ်လို့ ပဲဖြစ်ဖြစ်....
လွတ်လပ်တယ် ထင်တဲ့အခါ
ပျော်တာတော့ ပျော်
မလျော်ရင် မပျော်နဲ့ 
(သိထားရမှာက...)
မတော်တဲ့အခါ....
တစ်လှမ်းနဲ့ လည်း “ မှား ” တတ်တယ်...။
တစ်လုပ်နဲ့ လည်း “ ကား ” တတ်တယ်...။

ခု ဖြစ်နေတာက...
ရေကြည်ရာရှာရင်း
ရေညစ်တွင်းတွေထဲ ဆင်းချင်ကြတဲ့ပုံမျိုး.....
ပတ်ဝန်းကျင်က
အတုအပ ဆိုးတွေ ကိုခိုး...
အများ အချိုးတွေ လိုက်မချိုးနဲ့ 
တို့  အမျိုးက ... “ မြန်မာ ” လေ......။

မြန်မာဆို...
မြန်မာလို ကျင့်...
နဂို မြင့်မားတဲ့
ကိုယ်ကျင့်တရားတွေ ဘေးမှာထားလို့ 
သွေးသားကို အရာ အရေး ပေးရအောင်...
( ငါတို့ က......)
ခွါသေးသေး မှ မဟုတ်ဘဲ နော်.............။

ကဲ...
သုံးချင်လည်း သုံး....
မုန်းချင်လည်း မုန်း....
အားလုံးအတွက် သတိပေးလိုက်မယ်......

ညီလေးတို့ ရေ.... ဒါ.......
မသွားကောင်းတဲ့ ခရီး.......။ ။

ညီမလေးတို့ ရေ.... ဒီဥစ္စာ......
မစားကောင်းတဲ့ အသီး.......။ ။

လွင်မင်းခန့်  (16/03/10)

8 comments:

Unknown said...

မစားကောင်းတဲ့အသီး . . တဲ့
ဟုတ်ကဲ့ စကားလုံးတွေကအားရှိ
ကဲကြည့် . . .
ပျော်တာတော့ ပျော်
မလျော်ရင် မပျော်နဲ့ 
ရေကြည်ရာရှာရင်း
ရေညစ်တွင်းတွေထဲ ဆင်းချင်ကြတဲ့ပုံမျိုး..တဲ့
အားကောင်းပုံများပြောပါတယ်။
နဂိုမြင့်တဲ့ ကိုယ်ကျင့်တရား ဆိုတဲ့
ဒီစကားလုံး အကြိုက်ဆုံးပေါ့ဗျာ။
ခဏလေးပဲ ဖတ်ဖတ်
တစ်သက်တာပဲမှတ်မှတ်
ဖတ်မှတ်ရုံနဲ့တော့ မပြီးတာ အသေချာ။

နေစိုးနိုင် said...

ကျွန်တော်တို့တွေက
ခွာသေးသေးမှ မဟုတ်တာ
ဆိုလို့
ကပ်သပ်ပြီး ခွာကြီးကြီးလား လို့မမေးပါနဲ့
ခွာကို မပါတာပါ . . .( ဟုတ်တယ်ဟုတ် )

ကျွန်တော်တို့ပြောပါတယ် .. မေးတဲ့လူကြီးမင်းများတော့ ပါ မပါ နေစိုးနိုင် မသေချာ

မောင်မိုး said...

ဟုတ်ပဗျာ။ မစားကောင်းတဲ့အသီး၊ မသွားကောင်းတဲ့ခရီး။ ဒီထက် ခပ်ပြင်းပြင်း ကဗျာလေးတွေ ရေးပါဦးဗျ။

Angel Shaper said...

မသွားကောင်းတဲ့ ခရီး.........
မစားကောင်းတဲ့ အသီး...........
ကဗျာလေး ကောင်းချက်ကယ်...............

leomark said...

မြန်မာဆို မြန်မာလိုကျင့်ဆိုတဲ့စာသားကို အရမ်းကြိုက်တယ်ဗျိုး..။
ခက်တယ်ဗျာ...
ပတ်ဝန်းကျင် ဆီက ကောင်းတာကို မယူတတ်တာ ကျွန်တော်တို့ ရွှေတွေ ရဲ့ အားနည်းချက်ပဲဗျာ။ မဟုတ်မဟက်တွေပဲ အတုခိုးပြီး ...
ပျော်နေကြပုံများ... မိသားစုတွေ့ ရင်ကျိုးလောက်တယ်။
နောက်ကျရင် အမှန်တကယ် ရှက်ရကြောက်ရမဲ့ တရား ဆိုတာ ဘာလဲ လို့မေးယူရတော့မယ်ဗျိုး။

ShareMyIdea said...

i want to copy your poem, can?

Anonymous said...

hi, nice and meaningful poem, really iit make me more sensitable.Thanks u.

peace horizon said...

thx bro..