Thursday, September 17, 2009

မာန်နတ်နှင့် သူ၏မျိုးဆက်သစ်များ

ငယ်ငယ်တုန်းက အောင်ခြင်းရှစ်ပါးဆိုတာကို အဖွားပြောပြတဲ့ အိပ်ရာဝင် ပုံပြင်တခု အဖြစ် နားထောင်ပြီး .. ကိုယ် ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ကို ဇာတ်လိုက်မင်းသားအဖြစ်မျက်စိထဲမြင်ပြီး ကျေနပ်နေခဲ့တာပေါ့။ ကြီးလာတော့ စာပေတွေထဲမှာထပ်တွေ့ပြန်ရော။
 
အတွင်းအောင်ခြင်းရှစ်ပါး ၊ အပြင်အောင်ခြင်းရှစ်ပါးတဲ့ ၊ ( ဒီအကြောင်းသိချင်ရင် ရှာဖွေဖတ်ကြပေါ့ဗျာ ) အခုကျွန်တော်ပြောချင်တာကတော့ အပြင်အောင်ခြင်းရှစ်ပါးထဲက ပါ ။ အောင်ခြင်းရှစ်ပါးထဲမှာ မာန်နတ်ကို အောင်မြင်တယ်ဆိုတာပါတယ်လေဗျာ ။ အမျိုးမျိုးတိုက်ခိုက် တာလေ မှတ်မိသေးတယ်မို့လား ။ သူ့သမီးတွေကို သုံးပြီးတော့ အမျိုးမျိုးကြံစည်ခဲ့တယ်ဆိုပဲ။ မျက်စိထဲမှန်းပြီးတော့မြင်ကြည့်ခဲ့မိတာပေါ့။
 
ဒါပေမယ့်ဗျာ မျက်စိထဲမှာမြင်ကြည့်ရတာစိတ်မှန်းနဲ့ဆိုတော့ ဘယ်ပီပြင်မလဲ ။
 
အဲ ညီမလေးတစ်ယောက်က လင့်ကလေးပေးလာတယ် အစ်ကို ဒါလေးကြည့်ကြည့်တဲ့။ ကျေးဇူးတင်လိုက်တာ။ လင့်ကလေးပေးတဲ့ညီမလေးကိုရော။
 
ဓာတ်ပုံထဲမှာသရုပ်ဆောင်ပြကြတဲ့မောဒယ်မလေးတွေရောကိုပေါ့။ တကယ်ကျေးဇူးတင်တာပါဗျာ နေစိုးနိုင်တစ်ယောက် အမြင်ရှင်းသွားတဲ့အတွက်ပါ။
 
သြော် .. မာန်နတ်က သူ့သမီးတွေကို သုံးပြီး မြတ်စွာဘုရားကို နှောက်ယှက်တယ်ဆိုတာ ဒါမျိုးပဲနေမှာဆိုပြီးတော့ ဒါမျိုးကို တော်လှန်နိုင်ခဲ့တဲ့မြတ်စွာဘုရားရဲ့ သီလတော်ကို ပိုမိုကြည်ညိုမိရပါတယ်။
 
ရာဇ၀င်မှာ ဖတ်ခဲ့ဘူးပေမဲ့ ခုလိုဓာတ်ပုံလောက်တော့ဘယ်ရှင်းပါ့မလဲ .. ကိုယ့်ရှေ့မှာ ဒီလောက်လာလုပ်ပြနေတာ သာမာန်လူပုဂ္ဂိုလ်ဆိုရင်တော့ ဘယ်ရမလဲ။ ခုတော့ မျက်နှာတော်တချက်မပျက်ဘူး ။ ဒါကြောင့် အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား
 
လင့်ပေးသွားတဲ့ ညီမလေး မိဇူ ကိုကျေးဇူးတင်ပါတယ်။
အထူးသဖြင့်ကတော့ မာန်နတ်၏မျိုးဆက်သစ်လေးများ ဖြစ်ကြကုန်သော မော်ဒယ်မမ လေးများကိုကျေးဇူးတင်ကြောင်းပါ။
 
 မြတ်စွာဘုရား ၊ မာန်နတ်ရဲ့မျိုးဆက်သစ်တွေကို ဘယ်လိုအနိုင်ယူတယ်ဆိုတာလေးကို ခံစားနိုင်ဖို့အတွက် http://apps.facebook.com/causes/18003/17042633?m=67789dbe&_fb_fromhash=43ee5879fc4af32d94c9c4df9ae08ccf ဒီလိပ်စာကလေးကနေသွားပြီးကြည့်စေချင်
ပါတယ်။
 
တခုတော့ပြောလိုက်မယ်.... မြတ်စွာဘုရားဟာ မေတ္တာတရားနဲ့ အားလုံးကို အနိုင်ယူသွားတာတဲ့။
 
ကျွန်တော်တို့တော့ အတော်လေး လေ့ကျင့်ယူရအုံးမယ်။ ဘာလို့လဲဆိုတော့ လူတွေဟာ မေတ္တာနဲ့တန်ရဲ့လားဆိုတဲ့မေးခွန်းကို ကျွန်တော် ကိုယ့်ဖာသာမေးပြီး မဖြေနိုင်သေးလို့ပါ။
 
သင့်၏မသင့်၏
ကောင့်၏ မကောင်း၏
လုပ်သင့် .. မလုပ်သင့်
စတဲ့မေးခွန်းတွေကိုတော့ ကိုယ့်ဖာသာသာ ဆက်တွေးကြပါတော့ဗျာ။
 
 
လေးစားစွာဖြင့်
နေစိုးနိုင်
--

5 comments:

Anonymous said...

မေတ္တာဆိုတာ ကိုယ်ထားနိုင်သလောက် ပတ်ဝန်းကျင်ကို
အေးချမ်းစေသလို
မိမိကိုယ်ကိုယ်ကို ပထမဆုံးအေးချမ်းစေတဲ့တရားမို့
မေတ္တာများများထားတတ်ဖို့ တတ်နိုင်သလောက်
ကျင့်ကြံသင့်ပါတယ် ။
မိဇူးဆိုလို့
သူစာတစ်ပုဒ်နဲ့ ရပ်သွားပါလား

ခင်မင်တတ်သော
စေတနာ

Angel Shaper said...

ကိုနိုင်ကြီး တွေးတတ်တယ်။
ဘာပဲဖြစ်ဖြစ်ပေါ့ မာန်နတ်ကို အနိုင်ယူကြမယ်ဗျာ...
ဘယ်နည်းနဲ့ ဖြစ်ဖြစ်ပေါ့။
မေတ္တာတရားနဲ့လား၊ နောက်ဆုံးဗျာ...
ဗလအားကိုးပြီးလားးး ဟိဟိ

leomark said...

မသင့်တာတော့ မသင့်ဘူးပေါ့ဗျာ...ဆင်းတုကို ဘယ်မှာထားတာလဲ...buddha barိုမှာထင်တယ်ဗျ...အဲဒါဆိုရင်တော့ မထူးဆန်းသလိုပဲ...
ဘယ်နဲဗျာ....ဘုရားကို bar ထဲမှာထားပြီး လုပ်ချင်တာလုပ်နေတာ...ကျွန်တော်တော့ မခံစားတတ်တော့ ပါဘူး...ထုံနေပြီ...မြင်ပါများလွန်းလို့လေ...

Anonymous said...

အင်း.... leo ပြောသလိုပဲ မြင်ရ တွေ့ ရတာတွေ များလွန်းလို့  ထုံလို့ တောင် နေပါပြီ .. ဖြစ်နေပုံက မသိလို့ ..နားမလည်လို့ .. ပေါ့ပေါ့ဆဆနဲ့  လုပ်နေကြတာတွေ မဟုတ်တော့ပါဘူး... သာမန် ကျပ်ပြည့်တဲ့ လူပြိန်းတစ်ယောက်ရဲ့ အသိတရားနဲ့ တောင် ကံရဲ့ အကျိုးကို လက်မခံဘူးထားဦး ဒီလိုပြုမူရင် ဘယ်သူတွေ ဘယ်လိုခံစားရမယ် ဆိုတာ ကောင်းကောင်းနားလည်နိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်မဟုတ်ရင်တောင်မှ ကိုယ်ချင်းစာစိတ်လေးရှိတဲ့ လူယဉ်ကျေးတစ်ယောက်ဆိုရင် ဒီလိုရိုင်းပျစော်ကားမှုမျိုးကို လက်သင့်ခံကြမှာ မဟုတ်ပါဘူး။ ခုတော့ ကြည့်ရတာ ဘယ်ဘာသာတရားရဲ့ အဆုံးအမ မှာမှ မတည်ကြတဲ့ ပေါက်လွတ်ပဲစား အရိုင်းအစိုင်း အရူးအနှမ်း တွေလို့  ယူဆရတော့မလိုပါပဲ။ ဒါပေမယ့် အရူးဆိုလည်း အရူးပါးတွေပဲလို့ ပြောရမယ်.. ဒီလိုစော်ကားမှုမျိုးကို ရန်ကိုရန်ချင်း တုံ့ နှင်းဖို့  မသင်ကြားတဲ့ ဗုဒ္ဓဘာသာကို မှ လာလာ လုပ်ရဲကြလို့ လေ...

LMK

Anonymous said...

hi,

I cannot read your blog, all the words are cannot read. Please help me to know which myanmar font you use.
Thnks & regards,