ညီမရေ . . .
ဖြတ်သန်းမယ့် လမ်း
ခရောင်းကြမ်းမို့
အားငယ်ကြစတမ်းဆိုရင်
ဘယ်မှာ ခွန်အားသုံးမလဲ . . .
ညီမရေ . . .
နေပူမယ့်လမ်း
အရိပ်လှမ်း လို့
ချွေးထွက်မယ့်ရေး
တွေးဆွေးနေရင်
ဘယ်မှာ အရိပ်တွေ့မလဲ . . .
ညီမရေ . . .
မောက်မာရိုင်းစိုင်း
လူ့ပေါက်ကျိုင်းကြောင့်
ကိုယ့်စိတ်အစဉ်
ညစ်စေလျှင်
ဘယ်မှာ လွတ်မြောက်နိုင်ပါ့မလဲ . . .
ညီမရေ . . .
လူတို့နေရာ
တို့ရပ်ရွာမှာ
ဒုက္ခကိုကြောက်လို့
ရှေ့ဆက်မယ့်လမ်း
ရပ်စတမ်းဆိုလျှင်
အောင်မြင်မယ့်လူ ဘယ်မလဲ . . .
ညီမရေ . . .
တွန်းထိုးတိုက် ခိုက်
လူတစ်သိုက် ကို
ကြံ့ခိုင်တဲ့ စိတ်ဓာတ်
မယိုင်တဲ့ဇွဲ
မလျော့တဲ့လုံ့လ
ခိုင်မာတဲ့ ဆုံးဖြတ်ချက်တို့နဲ့အတူ
လစ်လျူရှုခြင်း တရားကိုလက်ကိုင်ထားပြီး
ရှေ့ဆက်မယ့်လမ်း
အရောက်လှမ်းဖို့
ခြေလှမ်းတွေတော့မယိုင်စေနဲ့ . . .
ခုတလော အကြောင်းအမျိုးမျိုးကြောင့် ဆုံးဖြတ်ရခက်ပြီး စိတ်ညစ်နေရှာသော ညီမလေး Angel Shaper နှင့် သူမ ကဲ့သို့သော ညီမငယ်များအတွက် ခံစားရေးဖွဲ့ထားပါသည်။ ညီမလေး Angel မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ အတူ အောင်မြင်တဲ့ ဘ၀ တစ်ခုကိုတည်ဆောက်နိုင်တဲ့လူဖြစ်ပါစေ...
လေးစားစွာဖြင့်
နေစိုးနိုင်
3 comments:
ဟေးးးးးးးးးးးးးးးးးး တစ်ကွ တစ် တစ် တစ်.....
ဘူမှ မရောက်သေးဘူးးးးးးးး ဟိဟိ
ကျေးဇူးကြီးကြီးတင်တယ် ကိုနိုင်ကြီးရေ....
ခရောင်းကြမ်းတွေအတွက် အားလဲ မငယ်တော့ပါဘူး။
ချွေးထွက်ဖို့ လဲ မတွေးဆွေးတော့ပါဘူး။
လူမပီသသူတွေအတွက်လဲ ညစ်မနေတော့ပါဘူး။
လူ့ ဒုက္ခကိုကြောက်ပြီးလဲ ခြေလှမ်းတွေလဲ မရပ်တော့ပါဘူး။
ခြေလှမ်းသစ်တွေနဲ့ မယိုင်တဲ့ဇွဲ၊ မလျော့တဲ့လုံ့ လ၊ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနဲ့ အောင်မြင်ခြင်းကို တိုက်ထုတ်ယူလိုက်ပါ့မယ်။ သမီးကိုအားပေးလမ်းပြ ကူညီမဲ့ မိသားစုသာမက၊ ဒီလိုအကိုအမတွေရှိလို့ လဲ ကိုယ့်ကိုယ်ကို ယုံကြည်မိပါ၏။
အကိုပီသတဲ့ ကိုနိုင်ကြီးရေ... ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ 
ချစ်ခင်လေးစားတဲ့
ညီမလေး ဘလော့တေလေ ဟိဟိ
Angel Shaper အတွက် အားတစ်ခု ဖြစ်စေနိုင်မယ့် စာသားတွေပါ။
ကဗျာလေးကို ဖတ်ပြီး အားမာန်တွေ အပြည့်ရပါတယ် ကိုနေစိုးနိုင်
Post a Comment