Wednesday, July 29, 2009

ပေးဆပ်သူ......သို့ 

မမြဲခြင်းနိယာမ ဒီသင်္ခါရ
ဘယ်အရာမှ မတည်မြဲ
တည်မြဲခြင်း အလျင်းမရှိ
ဖြစ်လွယ် ပျက်လွယ်
ဆုံးရှုံးလွယ်၍
ပေးတိုင်းကိုမူ
ပြန်မမျှော်တဲ့
ရယူခြင်း
တောင်းတဲ့ဆုတိုင်း
ပြည့်ခဲ့မယ်ဆိုရင်
ဖြစ်လေရာ ဘဝ
ထိုတစ်ခဏ၌
ရယူသူမဟုတ်
ပေးဆပ်သူသာ
ဖြစ်ရပါစေဘုရား ....။ ။

နွေဦး

2 comments:

Angel Shaper said...

အင်း.......မွန်မြတ်လိုက်တဲ့ ဆုတောင်းလေးပဲ။
ကိုယ်လဲ အဲလိုတောင်းနိုင်တဲ့ ဆန္ဒလေးရှိဖို့ ကြိုးစားလိုက်ပါမယ်။ ပေးဆပ်သူသက်သက်ပဲဖြစ်ပါရစေလို့။
သိတယ်မို့လား တို့က အတ္တခပ်ကြီးကြီး မေတ္တာတရားဆိုလဲ အားလုံးကို မပေးနိုင်ပဲ၊ အားလုံးဆီက လိုချင်နေပြန်တယ်လေ။ ဟင်း လွယ်ပါဘူး။ အဓိပ္ပာယ်ရှိပြီး မွန်မြတ်တဲ့ ကဗျာလေး လာခံစားသွားပါတယ် နွေဦးရေ...

Anonymous said...

နွေဦးရေ
ဆုတောင်းခန်းကလေးကို အလွန်ပဲသဘောကျတယ်ဗျာ။ စောင့်မျှော် အားပေးလျက်ပါနော်။
အောင်စည်ဟိန်း