မမြဲခြင်းနိယာမ ဒီသင်္ခါရ
ဘယ်အရာမှ မတည်မြဲ
တည်မြဲခြင်း အလျင်းမရှိ
ဖြစ်လွယ် ပျက်လွယ်
ဆုံးရှုံးလွယ်၍
ပေးတိုင်းကိုမူ
ပြန်မမျှော်တဲ့
ရယူခြင်း
တောင်းတဲ့ဆုတိုင်း
ပြည့်ခဲ့မယ်ဆိုရင်
ဖြစ်လေရာ ဘဝ
ထိုတစ်ခဏ၌
ရယူသူမဟုတ်
ပေးဆပ်သူသာ
ဖြစ်ရပါစေဘုရား ....။ ။
နွေဦး
2 comments:
အင်း.......မွန်မြတ်လိုက်တဲ့ ဆုတောင်းလေးပဲ။
ကိုယ်လဲ အဲလိုတောင်းနိုင်တဲ့ ဆန္ဒလေးရှိဖို့ ကြိုးစားလိုက်ပါမယ်။ ပေးဆပ်သူသက်သက်ပဲဖြစ်ပါရစေလို့။
သိတယ်မို့လား တို့က အတ္တခပ်ကြီးကြီး မေတ္တာတရားဆိုလဲ အားလုံးကို မပေးနိုင်ပဲ၊ အားလုံးဆီက လိုချင်နေပြန်တယ်လေ။ ဟင်း လွယ်ပါဘူး။ အဓိပ္ပာယ်ရှိပြီး မွန်မြတ်တဲ့ ကဗျာလေး လာခံစားသွားပါတယ် နွေဦးရေ...
နွေဦးရေ
ဆုတောင်းခန်းကလေးကို အလွန်ပဲသဘောကျတယ်ဗျာ။ စောင့်မျှော် အားပေးလျက်ပါနော်။
အောင်စည်ဟိန်း
Post a Comment