အို... အသင် ရွက်လှေငယ်
လှိုင်းတံပိုးကြား ရွက်စုံဖွင့်လို့
မုန်တိုင်းရန်မကြောက်
မာန်ဝံ့ကြွားလို့
အဘယ်သို့များ ဦးတည်နေသလဲ။
ကျွန်ုပ်သည်
သင့်ကို ၀ါးမြိုနိုင်၏
အသင့်ဘ၀ ကြေပျက်သွားအောင်
လက်တစ်ဖျစ်ကာလ စွမ်းဆောင်နိုင်၏
အသင် ရွက်ငယ် ကြေပျက်စေရန်
နောင်တော် မုန်တိုင်း စွမ်းဆောင်နိုင်၏
ကျွန်ုပ်အလိုကျ ဆောင်ရွက်နိုင်၏
အသင် မကြောက်ရွံ့သလော။
အို... ပင်လယ်ပြာ
အသင် မကြားဖူးရော့သလား
ရယ်စရာ ကောင်းလိုက်ပါဘိ
လှိုင်းကြီးလှေအောက် တောင်ကြီးဖ၀ါးအောက်
စကားရှိခဲ့ပါ၏လော
ယုံကြည်ချက်ပန်းတိုင် အရောက်လှမ်းဖို့
မကြောက်မရွံ့ ယုံကြည်မှုနဲ့
ခရီးဆက်ရာ
တစ်ဝက်ခရီး ကျော်လွန်ခဲ့ပြီ
လှိုင်းလေမုန်တိုင်း ဒုက္ခမျိုးစုံ
ကြုံတွေ့လာသော် ငါ မမှုပြီ
ယုံကြည်ရာပန်းတိုင်ငါ့ခရီးကို
င့ါရွက်ထိန်းရင်း ဆက်သွားဦးမည်။
နွေးထွေးစွာဖြင့်
ဇေယျာဦး
4 comments:
လှိုင်းလေမုန်တိုင်း ဒုက္ခမျိုးစုံ
ကြုံတွေ့လာသော် ငါ မမှုပြီ
ယုံကြည်ရာပန်းတိုင်ငါ့ခရီးကို
င့ါရွက်ထိန်းရင်း ဆက်သွားဦးမည်။
ကောင်းချက်ကယ် .. ချပြရရင် တစ်ပုဒ်လုံးဖြစ်တော့မယ်။
ငဇော် ဦးသွားပါလား။ ဟွန်းးးးးး
ကောင်းမှကောင်း ကိုဇေယျာဦးရေ...
ငဇော်ပြောသလိုပဲ ချပြရရင် တပုဒ်လုံးဖြစ်တော့မယ်။
အဓိပ္ပာယ်ပြည့်စုံတဲ့ ကဗျာလေး လာဖတ်သွားတယ်နော်။
ကောင်းတယ်လို့ပဲပြောပါရစေဗျာ
ကဗျာလေး ကနေတွေးစရာလေးတွေရတယ်
ဒါကိုကျွန်တော်ကြိုက်တယ်
ရွက်လှေငယ်ကို ပဲ့ကိုင်မယ့်သူ မပါဘဲ ပင်လယ်ထဲမျော ရင် ဘယ်လိုနေမလဲ..
ရွက်လှေငယ်မှာ ရှိတဲ့ အစွမ်းကို အသုံး ချနိုင်စွမ်း ရှိတဲ့ ပဲ့ကိုင်ရှင်ကောင်း တစ်ယောက် ရဲ့ အရေးပါမှူ ကိုလည်း သတိရစေချင်ပါတယ်
ကိုဇေယျာရဲ့ အတွေးနဲ့ အရေး ကိုတော့ လေးစားလျှက်ပါဗျာ
ကောင်းလိုက်တဲ့ကဗျာလေးဗျာ။အားမာန်ပါတယ်။အရေးအဖွဲ့ နှင့် စာသားလေးက အားကျစရာဗျာ။ရေးတတ်တယ်။
Post a Comment