ချစ်မုန်းကြောက်ဖွယ၊် လူသွယ်သွယ်ကြောင့်၊
တို့ဝယ်တစ်စေ၊ မသွေဝမ်းနည်း၊
ကြောက် ပျော်မြဲနှင၊့် ဒေါသကဲပို၊
အလိုမကျ၊ ခံပြင်းရလျှင်၊
ရေပြင်ပမာ၊ ကျင့်အပ်ရာ၏။
ဘယ်ကြောင့်ဆိုလျင်၊ သင်ပစ်သမျှ၊
လုံးဝန်း၊လေးထောင၊့် အမြှောင့်၊အချွန်း၊
သဏ္ဍန်မျိုးပြား၊ ပစ္စည်းများကို၊
ဤရေပြင်သည၊် ၀န်းစက်တိဝိုင်း၊
လှိုင်းဂယက်သာ၊ ပွက်စေရာ၏။
စိတ်ထွေမျိုးပြား၊ တွေ့ကြုံငြား၍၊
ခံစားမှုထွေ၊ ရောယှက်နေလည်း၊
မှားမှန်ချင့်ချိန် ၊ စိတ်လှိုင်းငြိမ်လျက်၊
ရင့်ကျက်ကြည်သာ၊ မေတ္တာထုံသက်၊
စက်ဝန်းပွက်သာ ၊ မြဲပွက်ရာ၏။ ။
နှင်း
2 comments:
နှင်း...
မေတ္တာရေပွက်များ အမြဲပွက်နိုင်ပါစေ....
LMK
နှင်း . . .
အင်မတန်ကောင်းတဲ့ အတွေးအခေါ် တစ်ရပ်ပါပဲ။ လေးစားဂုဏ်ယူမိပါတယ်။
ရေပြင်ပမာကျင့်ကြံနိုင်ဖို့
ကျွန်တော်တို့ ကြိုးစားကြပါစို့
အောင်စည်ဟိန်း
Post a Comment