ဘဝသမိုင်း၊ မရိုင်းစေရန်
စိတ်မာန်မချ၊ မာနမပါ
တို့ စွမ်းရာဖြင့်၊ တို့ သာသနာ
တို့ ပြည်ရွာကို၊ သာယာစေမှု
လုံ့ လပြုအံ့။
စိတ်မာန်မချ၊ မာနမပါ
တို့ စွမ်းရာဖြင့်၊ တို့ သာသနာ
တို့ ပြည်ရွာကို၊ သာယာစေမှု
လုံ့ လပြုအံ့။
သီတဂူဆရာတော် အရှင် ဥာဏိဿရ
ကျွန်တော်တို့  မြန်မာနွယ်ဖွား ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓရဲ့  အဆုံးအမကို ဦးထက်ပန်ဆင်ပြီး အလှူရေစက် လက်နဲ့ မကွာ နေထိုင်လာခဲ့ကြပါတယ်။ တစ်ဦးနဲ့ တစ်ဦး ချစ်ချစ်ခင်ခင် နဲ့  ရပ်ရွာ သာသနာအကျိုးကို စုစုစည်းစည်း သယ်ပိုးလေ့လည်း ရှိကြပါတယ်။ ဒါပေမယ့် အခု ကျွန်တော်တို့  ရောက်ရှိနေကြရာ အရပ်ဒေသ မှာတော့ သူသူကိုယ်ကိုယ် အချိန်နဲ့ အမျှ ပြေးလွှားရုန်းကန် လှုပ်ရှားနေရသလို ဘာသာရေး သာသနာရေး များကိုလည်း လွယ်လင့်တကူ လုပ်ကိုင်နိုင်ဖို့ ရာ အခြေအနေမပေးတာ အားလုံအသိပါပဲ။ ဒီလိုအခက်အခဲတွေကြားက UAE နိုင်ငံရောက် မြန်မာအများစုပေါင်းပြီး ဒီလိုတရားပွဲမျိုးကို အစဉ်အလာမပျက် ဖြစ်နိုင်မှာ မဟုတ် ပါဘူး ဆိုတဲ့ အတွေးအမြင်တွေကို ချေဖျက်ပြီး ဖြစ်မြောက်အောင် ကျင်းပလာခဲ့တာ အခုဆိုရင် တတိယ အကြိမ် တိုင်ခဲ့ပါပြီ။

ဒီနိုင်ငံမှာ ဟိန္ဒူဘာသာ ခရစ်ယန် ဘာသာဝင်တွေဟာ သူတို့ သံရုံးအထောက်အပံ့တွေနဲ့  သူတို့ ဘာသာရေးပွဲတွေကို ထင်ထင်ပေါ်ပေါ် အောင်အောင်မြင်မြင် ကျင်းပဆင်နွှဲနေနိုင်ကြသော်လည်း ကျွန်တော်တို့ မှာတော့ ဒီလိုအခွင့်အရေးတွေ ရှိမနေသေးပါဘူး။ ဒီ့အပြင် မြန်မာ အသင်းအဖွဲ့ တစ်ခုခု စနစ်တကျ မရှိသေးတဲ့အတွက်လည်း ကိုယ့်လူမျိုးတစ်ယောက် အရေးတကြီး လိုအပ်နေတဲ့ အကူအညီကို ထိထိရောက်ရောက် ပေးနိုင်ကြဖို့ ကိုထားလို့  ဒီလို အများ သဒ္ဓါတရား ကြီးစွာထားအပ်တဲ့ ဘာသာရေး ကိစ္စတစ်ခုကို စီစဉ်ရတဲ့ နေရာမှာတောင် အခက်အခဲတွေ အများကြီး ကြုံတွေ့ နေကြ ရပါတယ်။
ဒါကြောင့် ကျွန်တော်တို့  မြန်မာလူမျိုးတွေရဲ့ ဘာသာရေး လူမှုရေး ကိစ္စရပ်တွေကို အခုထက် ထိရောက် အောင်မြင်အောင် အတူတကွ ပူးပေါင်းဆောင်ရွက် နိုင်ကြစေရန် ရည်စူးပြီး ဒုဘိုင်း မြန်မာ အသင်း (DUBAI MYANMAR ASSOCIATION (DMA)) ကို စတင်ဖွဲ့ စည်းနိုင်ဖို့  ကျွန်တော်တို့  ပြင်ဆင်လုပ်ဆောင် နေကြပါတယ်။ Myanmar In Dubai Forum Website (http://myanmar-in-dubai.ning.com) ကိုစတင် တည်ထောင်ထားပြီး အဲဒီ Forum ကတစ်ဆင့် DUBAI MYANMAR ASSOCIATION (PRE) အဖွဲ့ ငယ်လေးတစ်ခု စတင် ပေါ်ပေါက်လာဖို့  ကျွန်တော်တို့  ကြိုးစားနေကြပါတယ်။ စိတ်ပါဝင်စားသူတိုင်း တတ်စွမ်းသရွေ့  ဝိုင်းဝန်း ပါဝင် ဆွေးနွေး အကြံပေး ကြဖို့ ကိုလည်း ဒူဘိုင်းရောက် ညီအစ်ကို မောင်နှမ မြန်မာများအားလုံးကို မေတ္တာရပ်ခံ ဖိတ်ကြားအပ်ပါတယ်။ အကယ်၍ ရှေ့ ဆက် စီစဉ်ဆောင်ရွက်ကြမယ့် ကျွန်တော်တို့ ရဲ့  ဘာသာရေး နဲ့  လူမှုရေး ကိစ္စများနဲ့ ပတ်သက်ပြီး ဆက်သွယ်အကြောင်းကြားနိုင်ဖို့ အတွက် မိမိတို့ ရဲ့ အမည်နဲ့  ဆက်သွယ်ရမယ့် phone no./email address များကို အောက်ပါ ကွက်လပ်အတွင်းမှာ မိမိတို့  ဆန္ဒအလျောက် ထားရစ်ခဲ့ နိုင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
နေစိုးနိုင်
No comments:
Post a Comment