Monday, June 8, 2009

မိခင်လောင်းများ.....သို့ 

ဖယောင်းတိုင်ဟာ အများအတွက်
သူ့ဘဝ မျက်ရည်စက်တွေ နဲ့ 
အမှောင်ကိုဖဲ့ခွင်း.......
အလင်းသီချင်းကို သီဆိုတယ်။

မိခင်ဆိုတာလည်း သားသမီးတွေအတွက်
သူ့ ရဲ့ အသက်ကို စွန့် စား လို့ 
အနှိုင်းမဲ့ မေတ္တာ တရားတွေနဲ့ 
ရင်သွေးငယ်ကို မွေးဖွားသတဲ့ ကွယ်။

ဒါပေမယ့် မမွေးဖွား ရခင်
ဖခင်..ဆိုတဲ့ အမွေ ကို
သင် ဘယ်လို အသိမျိုးနဲ့ 
သူတို့ အတွက် ရွေးချယ် ပေးမတဲ့လဲ...။

အတုအယောင်များတဲ့  လူ့ ဘောင်ကြားမှာ
အမွေ အမှား ဆိုတာလည်း မသိ
အဖေ ရွေးချယ်ခွင့် ဆိုတာလည်း မရှိရှာတဲ့
သင့်ရဲ့ ရင်သွေး ငယ်တွေ အတွက်
သင့်အမွေ ပေးချက် မှန်ပါစေ....။ ။

နွေဦး

3 comments:

Anonymous said...

မိခင်လောင်း မြန်မာ အမျိုးသမီးများ အားလုံးအတွက် တန်ဘိုးရှိတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ...လူ့ လောကကို ရောက်မလာကြသေးတဲ့ မြန်မာ့မျိုးဆက် ကလေးများ အားလုံးကလည်း ညီမ ကိုကျေးဇူး အထူးတင်ကြမှာ မလွဲပါဘူး...

လေးစားလျက်

LMK

Anonymous said...

ညီမလိုအသိ
ညီမ အမအားလုံးမှာ ရှိကြပါစေ

စေတနာ

Anonymous said...

ရွေးချယ်ခွင့်ရနေတဲ့ အချိန် ရွေးချယ်ခွင့်ရနေတဲ့ဘ၀မှာ အကောင်းဆုံးကိုရွေးချယ်နိုင်ကြပါစေ


နေစိုးနိုင်