Thursday, January 15, 2009

ခေါင်းငုံ့ခြင်း

ခေါင်းငုံ့ထားပါတယ်
နွေရာသီသာ စောရောက်လာခဲ့ရင်
ထင်းစိုတွေ အခြောက်မလှန်းတော့ပါဘူး
ဗီးနပ်စ် ရယ်...
နင့်ရဲ့ ဒြပ်မဲ့နေတဲ့ လက်တစ်စုံသာ ကမ်းလှည့်ပါ .
နံရံကိုလည်း လက်သီးနဲ့ထိုးခဲ့ပါ ..

မနေ့ကဆိုရင်
ကိုယ့်ကိုယ် ကို ထွန်းညှိထားရတာ
မီးပြတိုက်တောင် မလင်းရဲရှာဘူး. . .

ငါကိုးကွယ်တဲ့ ဘာသာမှာ
အမုန်းဆိုတာ မပါခဲ့လို့
ခေါင်းငုံ့ထားပါတယ် . .

မျှော်တော်ယောင်
5:19
MT

No comments: