Thursday, January 15, 2009

အလွမ်းပြေ

လွမ်းရတဲ့ အချိန်တွေ
ဖြေမဆည်နိုင် ငါ့ရင်ခွင်

ဒီရင်မှာ ဟာတာတာနဲ့
ဖက်ခဲ့တဲ့ ခေါင်းအုံးဖြူ
ချွေးစွန်း လို့ မည်းနက်လွန်းလည်း
အလွမ်း ဆယ်ကမ္ဘာ မကုန်နိုင်ခဲ့

T.B.R လင်း

အလွမ်းပြေ (၂)

ကျောင်းဆင်းချိန် ကလေးအုပ်ကို
ငေးမောကာ မျှော်ကြည့်ရင်းနဲ့
သူမပါ သေချာသိလည်း

ဒီချိန်ဆို စောင့်မျှော်ကြိုလို့
ဆားကျင်းကုန်း လမ်းဆုံထိပ်ထိ
ပို့နေကြ ချိန်ကာလကို
ပြန်တွေးကာ မှေးမှိတ်မိတဲ့
မျက်ဝန်းစုံ မြင်အာရုံ ထဲ
ရင်ထဲအလွမ်း ပြေပါစေကွယ် . .

ဆရာဇော် ဘော်ဒါ ဆင်းချိန်
ကလေးတွေ လိုက်ကြည့်မိရင်း
ဟိုတချိန် လိုက်ပို့နေကြ
ညီမလေးကို လွမ်းမိတဲ့စိတ်တွေ
ကိုကို့ ရင်ထဲ ပေါ်လာမိတယ်

T.B.R လင်း

No comments: