ကောင်မလေးရေ
လမ်းမှာ မိန်းမလှလေးတွေကို
လိုက်ငေးမိရင်...
online မှာ တခြားမိန်းခလေး တွေနဲ့
chatting လုပ်ရင် . . .
Supermarket သွားလို့
ဈေးဝယ်ကြရင်
မင်းလက်ထဲက ပစ္စည်းထက်
ဈေးရောင်းနေတဲ့ ၀န်ထမ်းမ လေးကို
ငေးငမ်းနေတတ် တဲ့ ငါ့ ကို
နင်စိတ်ပျက်နေပြီလား . . .
ကောင်မလေးရေ ...
ဥပမာတစ်ခု ပြောပြမယ်နော်. .
မနက် မနက်
သတင်းစာထဲမှာ ပါတဲ့
နာရေးသတင်း ထဲမှာ
ိကိုယ် နဲ့ပတ်သက်တဲ့သူ တွေ
ကိုယ့် သူငယ်ချင်းတွေ ကို
လိုက်ရှာတတ်တာ
သူတို့ကို သေစေချင်လို့မဟုတ်ဘူးလေ . . .
ခုလဲဒီလိုပဲပေါ့
သူတို့ကို သေစေချင်လို့ ( အဲ .. မှားပြီ ) ဟုတ်ဘူးလေ
ဘာပြောရမလဲမသိတော့ဘူး
ဖြေတွေးလေး တွေးပေးနော် ...
ဘာမှလည်းမဆိုင်ဘူးနော် ။ ဒါပေမယ့်လည်း အဲဒီလို ဘာမှမဆိုင်တာတွေ ကြောင့်မို့လည်း လောကကြီးက နေလို့ကောင်းတာပါ ။
နေစိုးနိုင်
No comments:
Post a Comment