ဘာမှမလုပ်ဖြစ်ပါ။ သူငယ်ချင်းများ အရက်သောက်ပြီး ပျော်ပွဲရွှင်ပွဲ လုပ်နေချိန်မှာ ငြိမ်ငြိမ်လေးထိုင်နေခဲ့ရ ပါသည်။ အရက်မသောက်ရဲသော ကြောင့်ဖြစ်ပါသည် ။ လွန်ခဲ့သော ခရစ်စမတ် မှာ အရက်သောက်ပြီး တော်တော် ခံစားလိုက်ရသည့် အတွက် အရက်ကို မသောက်ဘဲနေနိုင်သလောက် နေမည်ဟု ဆုံးဖြတ်ထား သောကြောင့်ဖြစ်ပါသည်။
ခရစ်စမတ်တွင် ဂျပန်ဆာကေး သောက်ပါသည် ။ သောက်ပြီး ထမင်းစား ။ စားပြီးတော့ စ အန်ပါတော့သည်။ အရက်သောက်လျှင် အလက်ဂျစ် (အရေပြား ယားချင်း ) ဖြစ်တတ်သည်မှာ ကျွန်တော့် အတွက်မထူးဆန်း တော့ပါ။ သို့သော် ယခုတခါ ဖြစ်ပုံမျိုးမဖြစ်ဖူးခဲ့ပါ။
အန်သည်ဆိုသည်မှာ အရက်မူး၍ အန်ခြင်း မဟုတ်ပါ။ အရက်မမူးပါ ။ သို့သော် သွေးများအန်ပါသည်။ သွေးများသည် အမည်းရောင်ဖြစ်ပါသည်။ ပြဿနာ သည် အစာအိမ်တွင် ဖြစ်မည်ထင်ပါသည်။ ထို့ကြောင့် အရက်သောက်ခြင်း အား ရက်အကန့်အသတ်မရှိ အနားယူလိုက်ပါသည်။
အားလုံး အခန်းဖော်သူငယ်ချင်းတွေ ၀ိုင်းဖွဲ့သောက်နေချိန်မှာ .....
အားလုံး သီချင်းဆို ပြီး ကနေကြချိန်မှာ ....
အားလုံး အားလုံး သိမ်းကျုံး အော်နေချိန်မှာ ...
ကွန်ပျူတာရှေ့မှာ တယောက်တည်း .......
ထို့ကြောင့် ၂၀၀၈ မှ ၂၀၀၉ သို့ ကူးပြောင်းသော အချိန်သမယတွင် နေစိုးနိုင်သည် ကွန်ပျူတာရှေ့တွင် ထိုင်လျှက် ဖြတ်သန်းခဲ့ပါကြောင်း ....
နှစ်ကူးပွဲအကြောင်းလေးတင်မယ်လို့ စိတ်ကူးထားခဲ့တာ ..ဘာမှမလုပ်ခဲ့တော့ ဘာမှတင်စရာမရှိတော့ဘူး ..ဒါကြောင့် ဘာမှ မလုပ်ဖြစ်ခဲ့တဲ့ အကြောင်းလေးကို ပဲ တင်လိုက်တယ်...
နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း ...
ကိုယ်၏ ကျန်းမာခြင်း
ဆန္ဒ နှင့် ဘ၀ ထပ်တူကြခြင်း စသော ကောင်းကျိုးများ ရရှိခံစားနိုင်ကြပါစေ ။ ။
နေစိုးနိုင်
No comments:
Post a Comment