မနက်အရုဏ် ငါ့တွက်ပေါ်လည်း
လွမ်းဆွေးသူ ရင် မရွှင်သာဘူး
နေမင်းရယ် . . .
ညနေဆည်းဆာ လှဝေဖြာလည်း
မရွှင်သူ ရင် မျက်ကန်းသာတည့်
နေမင်းရယ် . . .
ကောင်းကင်ထက်ဝဠာ ဖိုးလမင်းသာ
လျှံလျှံထိန်လို့ ကြယ်စုံခဲ့လည်း
အမှောင်လမ်းပဲ ငါစမ်းလျှောက်ခဲ့
တစ်ယောက်တည်းကွယ် . . .
အဓိပ္ပါယ်မဲ့တဲ့ ငါ့ တနေ့တာ
ကုစားမရတဲ့ ငါ့ ဝေဒနာကို
မင်း..... သနားသောအားဖြင့်
ငါ့ အကြောင်းတွေ တွေးပေးပါအုံး . . .
TBR လင်း ၏ခံစားချက်ဖြစ်ပါသည်
No comments:
Post a Comment