
မိုးမှောင်ည၀ယ် အတွေးပျယ်စရာ
ကောင်းကင်ဝယ်လည်း ငွေလမသာ
ကြယ်တာရာတို့ ပျောက်ကွယ်မလှ
ချစ်သူထားခဲ့ ည တစ် ည ရယ် . . .
ကောင်းကင်ယံ ကို ငေးမောကြည့်ရင်း
လင်းတန်းတစ်ပွင့် ငါတွေ့ခဲ့သော် . . .
မသိစိတ်က စိုးကာတွေးရင်း
အမည်းရောင်ပိတ်က အလင်းစကို
ရှာဖွေခဲ့တယ် ချစ်သူရယ် . . .
မိုးချိန်းသံရဲ့ မျှော်လင့်ချက်ကြားက
လျှပ်တစ်ခုရဲ့ အလင်းတန်းတောင်
ငါမမြင်တွေ့ရသေးပါလား . . .
မင်းမရှိတဲ့ ညတွေမှာ
ငေးမောစရာ အလင်းရောင်တို့
ဘယ်ပုန်းနေသလဲ ကွယ် . . .
ညီလေး TBR လင်း ၏ ခံစားချက်ဖြစ်ပါသည်။
No comments:
Post a Comment