Friday, December 26, 2008

ကျေနပ်တယ်


သူကပြောတယ်
ကောင်းကင်ရဲ့ အလင်းဟာ
လမင်းတဲ့ . . .

ကမ္ဘာမြေရဲ့ ချစ်ခြင်းဟာ
မြစ်တစင်း တဲ့ . . .

တေးသွားချို ခုန်ပေါက်နေတဲ့
ကျွန်တော့် ရင်ခုန်သံ
သီအိုရီနားမလည်တဲ့
သူရူးတစ်ယောက်နဲ့ တူနေလေရဲ့. . .

ဒီဘက်ခေတ်နဲ့ နှိုင်းယှဉ်လျှင်တော့
လက်ကွက်ဆန်းတွေနဲ့ နှင်းဆီပေါ့
မြင်လိုက်ရတဲ့ တခဏတာဟာ
စွဲလန်းမှူအတွက် လုံလောက်မယ်ဆိုရင်
လမင်းနဲ့ မြစ်တစင်း ကြားမှာ
ကြေကွဲရတာ တန်ပါတယ် . . .

မျှော်တော်ယောင် 9:39 MT

No comments: