Friday, December 26, 2008

ရှင်သန်ခြင်းရဲ့အရသာ

' ပေးဆပ်မှူ ' ဆိုတဲ့စကားလုံးနဲ့တင်
အကြိမ်ကြိမ် အခိုးငွေ့ဖြစ်ခဲ့

တနေ့စာ မှတ်တမ်းထဲ မှာတော့
မင်းသားတလှည့် လူကြမ်းတလှည့်
တူ ဖြစ်လိုက် ပေ ဖြစ်လိုက်နဲ့
ရက်စက်လိုက်ကြပုံများ
လောကထဲကိုတောင်
ခေါင်း မထွက်ဝံ့ဘူး . . .

အဲဒီလိုနဲ့ပဲ
နှလုံးသားကို ဈေးဗန်းပေါ်တင်လိုက်တယ်

လာခြင်းကောင်းပေမဲ့
လူပြောများတဲ့ သိက္ခာတရားအတွက်တော့
ဈေးဆစ်ခံလိုက်ရတာပဲ
အဖတ်တင်တယ် . . .

မျှော်တော်ယောင် 7:47 MT

1 comment:

Anonymous said...

ကြိုက်တယ်ဗျာ