
နာရီတွေ လည်နေတာ
အပတ်ပေါင်း ၇၃၀ တိတိ
အော်... ပြောင်းလဲသွားလိုက်တဲ့
အရာများ...
လွန်ခဲ့ပြီးသော နာရီ အပတ်ပေါင်း ၇၃၀ အတွင်းပြောင်းလဲသွားခဲ့ကြသော အရာများမှာ အလွန်ကို များပါသည်။ လွန်ခဲ့သော နာရီ အပတ်ပေါင်း ၇၃၀ အတွင်း တွင်
ကမ္ဘာမှာ စစ်ပွဲတွေ ဖြစ်သွားကြပါ၏ ။ စစ်ပွဲတွေ ပြီးဆုံးသွားကြ ပြန်ပါ၏။
ချစ်သူချင်း ပေါင်းဖက်သွားကြပါ၏ ။ ချစ်သူချင်း ကွေကွင်းသွား ကြပါ၏။
နိုင်ငံရေးသမားများ ထောင်ကျ သူ ကျ ပါ၏ ။ နိုင်ငံရေးသမားများ ကောင်းစားသူကောင်းစားပါ၏။
ပြည်ပက ရွှေ များ အလုပ်ကောင်းရသူရကြပါ၏ အလုပ်ပြုတ်သူ ပြုတ်ကြပါ၏။
ဘုရှ် က သေနတ်နဲ့ ပစ်ပါ ၏ ။ ဘုရှ်ကို ဖိနပ်နှင့် ပစ်ပါ၏။
နာဂစ်ဟု ခေါ်ဆိုသော လေမုန်းတိုင်း ၀င်သောင်းကျန်းသွားပါ၏။
အိုးမဲ့အိမ်မဲ့ ဦးရေများလာပါ၏။ ကောင်းစားသူတို့ ကောင်းစားပါ၏ ။ တောင်းစားသူတို့များပျားပါ၏။
မြန်မာပြည်က ဘလော့ဂါကို ဆော် ပါ၏ ။ ဘလော့ဂါက ရအောင်ကျော်ပါ၏။
လူငယ်အလုပ်သမားများလာပါ၏။ လူငယ်ပညာရှင်ရှားလာပါ၏။
အော်သူကအော်ပါ၏ ။ ဆော်သူကလည်း ဆော်ပါ၏။
လမ်းစဉ်ကို လမ်းထင်သူ များလည်း ရှိပါ၏ ။ လမ်းထွင်က စမ်းချင်သူများလည်းရှိပါ၏။
လူကြီးများက လူငယ်တွေကို စတေးရမည်ဟု ဆိုပါ၏ ။ လူငယ်များက လူကြီးများသာသေသင့်သည်ဟု ထင်ပါ၏။
ကောင်မလေးရေ
ပြန်ကြည့်လိုက်ပါဦး ..
ပြောင်းလဲဖြစ်ပျက်သွားကြတဲ့အရာတွေ
ဆုံးမယ်ကိုမထင်တော့ဘူး
ကောင်မလေးရေ
ဒီပြောင်းလဲမှူတွေ ကြားထဲမှာ
ငါကိုယ်တိုင်တောင်ပါသွားပါရဲ့
ငါ့ရဲ့ ရုပ်က
အရင်ကထက်ပိုပြီး ရင့်လာတယ်
ငါ့ရဲ့နဖူးက အရင်ကထက်
ပိုပြီးပြောင်လာတယ်
ငါ့ ရဲ့အသားက
အရင်ကထက်ပိုဖြူလာတယ်
ငါ့ရဲ့ ခန္ဓာကိုယ်က အရင်ကထက်
၂ ဆ ဖြစ်လာတယ်
ငါ့ရဲ့ စိတ်ဓာတ်တွေကတော့
ကုန်ဈေးနှုန်းနဲ့ ပြောင်းပြန်အချိုးကျနေလေရဲ့
ကောင်မလေးရေ
ဒီနာရီအပတ်ပေါင်း ၇၃၀ အတွင်းမှာ
ပြောင်းလဲသွားကြတဲ့ အရာတွေထဲမှာ
မင်းကို ချစ်တဲ့ ငါ့အချစ်တွေတောင်ပါသွားတယ်. . .
မင်းကို ချစ်တဲ့ငါ့ရဲ့အချစ်တွေလည်း
ပြောင်းလဲသွားကြတယ်
နီးစပ်မှူဆိုတာနဲ့ ပြောင်ပြန်အချိုးကျပြီး
ဝေးလေလေ ... ချစ်လေလေ ဖြစ်လာတယ်
ရှိပြီသား .. အချစ်တွေကို
မေတ္တာထပ်ပြီး ... သစ္စာအုပ် လိုက်တော့
ဟာ ... ဘာပြောကောင်းမလဲ
လုံးဝကိုမေ့လို့မရတော့တာဗျ . . .
ကောင်မလေးရေ
ဘယ်အရာတွေ ဘယ်လိုပြောင်းစေတော့
မဟောင်းနွမ်းတဲ့ အချစ်တွေက
မင်းအတွက်ပါ
ကျွန်တော်က ချစ်သော ... ကျွန်တော့်ကိုချစ်သောကောင်မလေး တစ်ယောက်အတွက် ဖြစ်ပါသည်။
အချိန်တိုင်း ဘလော့ ဖြစ်နေလို့ စိတ်ကောက်နေမှာလားလို့....
နားလည်ပေးနိုင်ပါစေ။ ။
နေစိုးနိုင်
3 comments:
ငမိုက်သား အကိုကြီး
ရေးတတ်လိုက်တာ........
မြန်မြန်နီးစပ်ပါစေဗျာ
ဘာလဲကွ
လက်စားချေတာလား
မဟုတ်ပါဘူး...ကိုနိုင်ရာ
ကျီစယ်တာ...:P
Post a Comment