
ဒီဇင်ဘာမှာ
အပီပြင်ရှာဖို့စိတ်ကူး
နှစ်သစ်မှာ အချစ်စစ်နဲ့ပျော်ဖို့လေ
ရက်တွေကို နာရီစားပါလို့
အချိန်တွေ မြန်မြန်ပြောင်း
နှစ်ဟောင်းရဲ့နောက်ဆုံးလက်ကျန်
တစ်ပတ်သာခံပါတော့
ရည်းစားကမရှိဘူး . .
သူများတွေပျော်တဲ့ ဒီလ
ငါကတော့ပျော်နိုင်ပေဘူး
စိတ်ကူးသမျှ အလွဲလွဲ
သဲထဲမှာ ရေသွန်သလို
မလိုတာမရ
လိုတာမရ
ဘာလဲဟ ... ငါ့ဘဝ
နှစ်ဟောင်းကို ခြေစုံကန်ပစ်
နှစ်သစ်မှာ ချစ်စစ်ရှာဖို့
အားသစ်ကို အင်သစ်လောင်း
အဟောင်းကြီး ထားခဲ့တော့မယ်
သူများတွေပျော်တဲ့ ဒီ လ
ငါကတော့ပျော်နိုင်ဘူး
နှစ်ဟောင်းကို ခြေစုံကန်ဖို့
တစ်ပတ်သာလိုပါတော့တယ်
အို ဘယ့် .... Merry Christmas
အကြောင်းအမျိုးမျိုးကြောင့် လူပိုကြီး (မှားသွားတာပါ လူပျိုကြီး )ဖြစ်နေကြရသော ချစ်သူငယ်ချင်းများ အတွက် ခံစားရေးဖွဲ့ပါသည်။ စာရေးသူသည် ထိုအထဲတွင်မပါဝင်ပါ :-) သူများပျော်လို့မပျော်နိုင် ကြရှာသော ...
လူပိုကြီးသူငယ်ချင်းများအတွက်
လူပိုလေးနေစိုးနိုင်
1 comment:
လူပျိုကြီးလား? လူပြိုလေးလား? လူပိုလေးလား? လူပိုကြီးလား? လူပျိုလေးလား?
Post a Comment