နူတ်ပိတ် တိတ်တဆိတ်..
အရိပ်တွေ ကိုယ်စီခြားရင်း
နောက်ဆုတ် ကျောက်ရုပ်တွေလို
စကားလုံးတွေ တောခိုနေလေကြ..
ဒီတညတော့ ရင်ခွင်ဟာ
ဗုံးတလင်းဖြစ်တော့မယ်. . .
ရှေ့တိုး နောက်ဆုတ် လုပ်မရတဲ့
ဒီ ကျားကွက်ထဲ ရောက်စေတာ
နင့်ရဲ့ စေရာလား. . .
ငါ့ရဲ့ လားရာပဲလား…
ဒီကံကြမ္မာ ကိုက ချစားလွန်းတယ်ဟာ. ..
ဝေးသွားတဲ့ ရွက်နုဝါရေ …
ငါ မမက်ချင်ဆုံး အိပ်မက်က
ခပ်အုပ်အုပ် ရယ်ရင်း
နိုးထ လာတော့မယ်. . .
မုန်ယိုနေတဲ့ ညတွေနဲ့
တွဲကနေရတဲ့ အချိန်တွေမှာ
နင့်ကို ခပ်နင့်နင့်တော့ အလွမ်းသား
နှလုံးသားက တချက်တချက် ထထအောင့်တယ်. . .
ဖမ်းလို့မရ ဆုပ်လို့မရ
သက်ပျင်းတွေ အကြိမ်ကြိမ် ချရင်း
ခဏခဏ ခလုပ်တိုက်မိတဲ့ မာနတွေကို
မုန်းလိုက်တာ . . .
ဖာလို့မရ ထေးလို့မရ
ဇကာပေါက်တွေလို ဗလပွနဲ့…
ဒီရင်ခွင်
ကံမကုန်ရင် ပြန်ဆုံချင်နေတုန်းပဲတဲ့
ပျောက်ဆုံးသွားတဲ့ ရွက်နုဝါရေ….
ဟောဒီ ကပိုကယို အချိန်တွေတိုင်းမှာ
အတ္တဖုံးနေတဲ့ ရင်ဘတ်က
နင့်ကို ခိုးကြောင်ခိုးဝှက်လွမ်းနေတုန်းပဲ
ချစ်သူငယ်ချင်း L.MOON ခံစားရေးဖွဲ့သည်
No comments:
Post a Comment