
မဆွေးတော့ဘူးဆိုပေမယ်.
အတွေးစိတ် တနေရာမှာ
လွမ်းနေဆဲပါ ... ချစ်ဦးရယ်...
ဟိုအရင် ကြင်စဦးက
ပရစ်ဖူးလေးတွေ စိမ်းလို့ဆို ...
ခုတော့လေ ရော်ဝါ ဘ၀နဲ့
မြေမှာ ခခဲ့ရပြီ..
ဘယ်သူလာ ပူဆွေးပေးမှာလဲ ..
ဘယ်သူလာ ကျေအေးပေးမှာလဲ..
ဟိုအရင် အတိတ်ဦးက...
ချိုမြမြ အပြုံးလေးတွေ..
ခုတော့လေ ပုလဲမျက်ရည်ဘ၀ နဲ့ ကြွေကာကြခဲ့ရပြီ..
ဘယ်သူ လာ ပူဆွေးပေးမှာလဲ ..
ဘယ်သူလာ ကျေအေးပေးမှာလဲ...
မဆွေးတော့ဘူးဆိုပေမယ်.
အတွေးစိတ် တနေရာမှာ
လွမ်းနေဆဲပါ ... ချစ်ဦးရယ်...
ချစ်သူငယ်ချင်း L . Moon ခံစားရေးဖွဲ့သည်
No comments:
Post a Comment