Wednesday, December 10, 2008

ရောင်စုံအတ္တ


ကောက်ရိုးတွေ စားတာ နွား ..
အဲဒါ သဘာဝတရား ဟ ..
ခပ်ဝါးဝါး အမြင်တွေကို သုတ်သုတ် ပြီးကြည့်.
ရော့ . အဲဒီမှာ
နင့်အတွက် အတ္တကင်းတဲ့ ပုဝါအစုတ်.

ဇောက်ထိုးကို မတ်တပ်မြင်
ထင်ရာတွေပဲ စွတ်ပြော ..
ဘေးကကြားရတာ မောတယ်...
အင့် .. ဒီမှာ ..
နင့် အတွက် ..အတ္တကင်းတဲ့ မျက်စဉ်း..

ဟို ဘေးက ခပ်သင်းသင်းမွှေးနေတာ..
မြန်မာပြည်လုပ် ငပိ နံ့ ဟ
ကြုံသလို ရှု ကြုံသလို့ ပြော ...
မော နေအုံးမယ်.
ရော့ ဒီမှာ .
နင့်အတွက် အတ္တကင်းတဲ့ ရေတခွက်.

ရေညှိတက်နေတဲ့ လမ်းတွေ ဟ ..
မှောက်ရက်လဲတာ နည်းတယ်.
ကြုံတိုင်း စွတ်စွတ်မလျှောက်နဲ့ ..
ရော့ ဒီမှာ
နင့် အတွက် အတ္တကင်းတဲ့ လိမ်းဆေး..

လူအမျိုးမျိုး စိတ် အထွေထွေ တဲ့
ခု မှ ပဲ သိ ..
ထိချက်တွေ ကတော့ ပြင်းတယ်...
ဟို မြင်ကြ ဒီ မြင်ကြ
ဟို ပြောကြ ဒီ ပြော ကြ ..
ဟို လုပ်ကြ ဒီ လုပ် ကြ
ဟို သွားကြ ဒီသွားကြ ...
နောက်ဆုံးတော့ ...
အင့် ... ဒီမှာ ..
မင်းတို့အတွက် အတ္တကင်းတဲ့ ခေါင်းတလား..

ချစ်သူငယ်ချင်း L. Moon ခံစားရေးဖွဲ့သည်

No comments: