ကျွန်တော်တို့လို ကျေးလက်မှာ ကြီးပြင်းရတဲ့လူတွေဆိုရင် အခုကျွန်တော်ပြောမယ့် အကြောင်းအရာကို ကိုယ်တိုင် တောင်ကြုံဖူး ကြပါလိမ့်မယ်.. ကျွန်တော့် အတွေ့အကြုံလေးတွေ ကို ပြောပြချင် လို့ပါ.. နယ်မှာက ရွာတစ်ရွာမှာ ၁၀ တန်းအောင်တဲ့သူ.... တက္ကသိုလ် တက်နေတဲ့သူ ... ဘွဲ့ရတဲ့သူ ဆိုတာ အင်မတန် နည်းပါတယ် .. ကျွန်တော်နဲ့ကျောင်းနေဖက် တွေ ဆိုရင် မူလတန်း အထိ အတန်းဖော် သူငယ်ချင်း ၂၀ ကျော်ရှိပါတယ် ... အလယ်တန်း ရောက်တော့ ၆ တန်းအထိ ရွာက အတန်းဖော် ၇ ယောက်လောက် ရှိပါတယ် .. ၈တန်းရောက်တော့ အတန်းဖော်က ၃ ယောက်ပဲ ကျန်တော့တယ် .. . ၁၀တန်း ရောက်တော့ ၁၀တန်းအောင်တာ ကျွန်တော် ၁ယောက်တည်းပါ ( တော်တယ်နော် ... ကြွားတာ ) ကျန်တဲ့ ၂ ယောက်က ၁၀တန်းကျပြီး ကျောင်းထွက်သွားကြပါ တယ် ။ ကျွန်တော် ပြောချင်တာက မြန်မာပြည်မှာ သားသမီးကို ကျောင်းပြီး ဘွဲ့ရ အောင်ထားနိုင်တဲ့ မိဘ ဆို တာ တော်တော်ရှားနေပါပြီ။ ခုဆိုရင် ကျောင်းဆက်တက် ခွင့်ပေးတဲ့မိဘ က ပဲ မိုက်မဲ သလိုလို .. သားသမီး က ပဲ မိုက်မဲတာ လို လို ပြောနေကြတဲ့ အသံတွေကို ပိုပြီး ကြားလာရပါတယ် .. ရွာက လူတွေကလည်း ၁၀ တန်းအောင်တဲ့သူ ၊ တက္ကသိုလ်တက်နေတဲ့သူ ၊ ဘွဲ့ရတဲ့သူတို့ ဆိုရင် သူတို့က အကောင်းတော့မပြောပေမယ့် .. စိတ်ထဲမှာတော့ အထင်ကြီးကြပါတယ် ...
အင်္ဂလိပ်လိုရေးထားတဲ့ ဆေးစာ အညွှန်းတို့ .... အီလက်ထရောနစ် User Guide တို့လိုမျိုး ဆိုရင် လာပြတတ်ကြပါတယ် .. ဒါ ဘာရေးထားတာလဲပေါ့ .. အင်း .. အဲလိုမေးလိုက်လို့ ပြောနိုင်ရင် ပြောနိုင် မပြောနိုင်ရင်တော့ ခင်ဗျား ရော ခင်ဗျားမိဘရော သွားပြီ .. " မိဘ ကတော့ အကုန်အကျ ခံပြီး ကျောင်းထားတာ ဒါလေးတောင်မသိဘူး " ဆိုပြီး ပြောကြတာဗျ။ ဆေးစာ အညွှန်း ကို ဖတ်ခိုင်းတာကတော့ တော်တော်ကို ဆိုးတယ် ဆေးပညာနဲ့ ဆိုင်တဲ့ ဝေါဟာရတွေဆို ကိုယ် က သိဖို့နေနေသာသာ အသံထွက်တောင် ဘယ် ကနေ ဘယ်လိုထွက်ရမှန်း မသိဘူး .. မသိဘဲ ရမ်း ဖြီးရ အောင် ကလည်း .. ဆေးစာဖြစ်နေတယ် တော်ကြာ သေ နေမှ ဟုတ်ပေ့ ဖြစ်နေမယ် ... တစ်ခါတစ်လေများ ဆိုရင် .. သူတို့ ဆေးခန်းသွားလို့ ဆရာဝန်က သူတို့ကို ဆေးပေးလိုက်တယ် ဆိုပါတော့ ... ဘယ်လိုဖြစ်ရင်သောက် ... ဘာညာပေါ့ ။ ယူလာပါပြီ .. မေးမယ် .. " ဆရာဝန်က ပေးလိုက်တာ ဒီဆေး .. ဘာတွေရေးထားတာလဲ " ပေါ့ ။ ကိုယ် သိသလောက် ဖတ်ပြပေးလို့ သူတို့ကျေနပ်သွားရင်တော့ " အင်း ... ဆရာဝန်ပြောတာနဲ့ တထပ်တည်းပဲ " တဲ့ ဗျာ ခံရခက်တယ် .. ဆရာဝန်ကို ပဲ မယုံလို့လား ကိုယ့် ကို ပဲ ပညာလာစမ်းတာလား ဝေခွဲရခက်တယ် ..
နောက်ထပ် မကြာမကြာ ကြုံရတာကတော့ ဆွေမျိုးတွေနဲ့ ကလေးတွေ အိမ်မှာ အင်္ဂလိပ်ကား ကြည့်ရင် ဘာသာပြန် ခိုင်းပါတယ် ... ကျွန်တော်ကတော့ သိတာသိ မသိတာရွှီးတာပဲ .. ဇာတ်ကားဆိုတော့ ဇာတ်လမ်းကို မှန်းပြီးရွှီးတာပေါ့ ... ဆေးစာလို ကြောက်စရာမှ မလိုတာ ..မှားသွားလဲ ဘာမှဖြစ်တာမှမဟုတ်တာ ...
သူတို့တွေရဲ့ ဒဏ်ကို အိမ်မှာ ဆိုရင် ကျွန်တော့် အစ်ကို ကြီးက အရင်ခံရတာပါ ။ နောက်တော့ကျွန်တော်ပေါ့ ။
ဒီမှာလည်း နောက်မှ တက္ကသိုလ်တက်နေတဲ့ လူက ပိုတတ်တယ် များထင်သလား မသိပါဘူး ဗျာ ။ အစ်ကို ကြီးနဲ့ ကျွန်တော် ဆိုရင် ကျွန်တော်ကို ပိုမေးကြတယ် ...
သူတို့တွေရဲ့ကောင်းမှူကြောင့် အခုဆိုရင် ကျွန်တော်တို့အိမ်မှာ Dictionary တွေတော်တော် စုံပါတယ် ။ အစ်ကို ကြီးဝယ်တာရော ကျွန်တော် ၀ယ်တာရော။ သူတို့ရှေ့မှာ Dictionary ကြည့်လိုက်တာကို တော့ သူတို့တွေ အထင်ကြီးတယ် .. English - English Dictionary ဆိုရင် ပိုပြီးအထင်ကြီးတယ် .. သူတို့ထင်တာက
ကိုယ် မသိလို့ကြည့်လို့ရတယ် ။ ဒီစာအုပ်ထဲမှာ အကုန်ပါတယ် ။ ဒီစာအုပ်က တက္ကသိုလ်ကျောင်းသားတွေ မှ ရတာ။ ဒါမျိုးပေါ့ ။ အထင်ကြီးကြတာ။
No comments:
Post a Comment