Sunday, December 21, 2008

လွမ်းအတိတ်

လူသံ တိတ်ဆိတ်
လှေကား ထိပ်မှာ
တိတ်တိတ် ကလေး
နမ်းဖူးတယ် . . . .

ကန်ဘောင် ခြေရင်း
ထိုင် နေရင်းနဲ့
ချစ်တင်းလေးတွေ
နှောဖူးတယ် . . .

ကန်တော်ကြီးစောင်း(ဇောင်း)
အတွဲချောင်းပြီး
ခိုးခိုးခစ်ခစ် ရယ်ဖူးတယ် . . .

သြော် .. . .
အခုတော့လည်း
ဝေးတမြေ မိုင်တွေခြား
စကားတွေလည်း မပြောရတာကြာပါပေါ့
အခါကြုံလို့ အခွင့်သင့်တိုင်း
အတိတ်က အကြောင်းလေးတွေ
ပြန်တွေးလိုက်တိုင်း တွေးလေတိုင်းမတော့
ငါ့ရဲ့ဘယ်ဖက် ရင်အုံအောက်က
ဆစ်...ခနဲ ...ဆစ်....ခနဲ

ကျွန်တော်ကချစ်သော .... ကျွန်တော့်ကိုချစ်သော .. .. ကောင်မလေးတစ်ယောက်အတွက်ပါ

နေစိုးနိုင်

No comments: