Thursday, June 9, 2011

ခေတ်ဘုန်း


လူတွေက တရုံးရုံး . . .
ဆိုင်ကယ်သံက တ အုံး ... အုံး ...
လူပုံကြည့်တော့ ... ကတုံး ကြီးနဲ့ ...
အများ အခေါ်မတော့ ..
သူက ဘုန်းဘုန်း ...
ဖန်ရည်စွန်း .. ရောင်ရှိန်ဝါအား
ဦးနှိမ်ကာ .... ကြည်ညိုဖို့ကြိုးစား . . .
မလွယ်ပါလား ...
ငါကား .. ပါရမီ နည်းလှ ပါသေးတော့သည် တကား . . .

မှတ်ချက် ။ ။ ၀ါးလုံးရှည်နှင့် သိမ်း၍ ရမ်းခြင်းမဟုတ် ... ယခု ကဲ့သို့သော အပြု အမူ အား မှန်သည် ၊ မှား သည် ကျွန်ုပ်မဝေဖန် ။ မြန်မာပြည်မှာ ဖြစ်နေတဲ့ အရှိတရား တစ်ခုကို တင်ပြခြင်းသာဖြစ်သာသည်။ မိမိ ၏ ကိုယ်ပိုင်ဉာဏ်ဖြင့် .. ဖြစ်သင့်သည် ... မဖြစ်သင့်သည် ကို သင့်သလို ယူကြပါကုန် . . .

( တရုတ်ပြည် နယ်စပ် အ၀င် ဂိတ် အနီး ရိုက်ကူးထားသော ပုံဖြစ်ပါသည် )

လေးစားစွာဖြင့်
နေစိုးနိုင်

2 comments:

တိမူး said...

ဆိုင်ကယ်က ဇိမ်ခံပစ္စည်း မဟုတ်ဘဲ သွားလာရေးအတွက် အသုံးချခံပစ္စည်းဆိုတော့ ပြဿနာ မရှိလောက်ပါဘူး။ ဘုရားရှင် တားမြစ်တာက ဂီလာနရဟန်း မဟုတ်ဘဲ တိရစ္ဆာန်တပ် ယာဉ်တွေကို စီးနင်းတာကို တားတာပါ။ ဆိုင်ကယ်စီးတာ ဘယ်သူ့ကိုမှ ညှဉ်းဆဲတာ မဟုတ်လို့ ပြဿနာ မဟုတ်ပါဘူး။ လမ်းချည်းလျှောက်သွားနေရမယ်ဆိုလဲ ခရီးမတွင်နိုင်ဘူး။ သူများကို မောင်းခိုင်းပါလားဆိုလဲ သွားလေရာ ပို့ပေးမယ့်ဒကာ အမြဲရှိဖို့ဆိုတာ လာဘာလာဘ ပေါများတဲ့ ဆရာတော်ကြီးတွေမှ ဖြစ်နိုင်တာလေ။ နားလည်ပေးလိုက်တာ ကောင်းပါမယ်။

Unknown said...

ခေတ်ဘုန်းတဲ့ ခေါင်းစီးက မိုက်တယ်။
စာသားလဲ မိုက်တယ် ။
ရေးသူ ဖတ်သူ စိတ်ကြည်လင်စေတယ် ။
အသိဥာဏ်တိုး အကျိုးများရပါတယ် ။
တကယ်လို့ ရေးသူ ဖတ်သူ အကုသိုလ်ရတယ်ဆိုရင်တော့
ကျနော်မပါဘူးနော် ။
မဟုတ်တာ ရေးရင် ရေးသူလဲ မဟုတ်တာလို့တဲ့ ။
ကျနော်က အဲ့ဒီထဲမှာ ပါသလား မပါသလား သေချာ မသိသေးကြောင်းပါ ။