Saturday, June 4, 2011

ကျွဲပါး .. စောင်းတီး . . .

မီးရောင်စုံတို့ ဟိုပြေး ဒီထိုး အမျိုးမျိုး ကစားထားတဲ့နေရာ . . . သာယာနာပျော်ခြင်း အလျင်းမရှိသော ဂီတအမည်ခံ ဆူညံသံ တို့နှင့်အတူ ရမ္မက်မျက်နှာဖုံး နှင့် ပြုံးပြုံး ပြီး တီးနေကြတဲ့ လက်ခုပ်သံတွေကြားထဲမှာ သူမ ဘ၀ နှင့် သူမ ရဲ့ဇာတ်ကြောင်းပဲပေါ့ . . .


သူမ ဘ၀ မှာ တွေ့ခဲ့ကြုံ ခဲ့ ရတဲ့ ဇာတ်လမ်း တွေက ပေါင်းစုံ . . . အထက်တန်းကျောင်းသူ တစ်ဖြစ်လဲ . . . အမေ ကို ဈေးကူရောင်းပေးခဲ့ဖူးသော ... မိဘကို ကူညီတတ်တဲ့ သမီး အဖြစ် က တစ်မျိုး . . .


မိခင် ၏ ဆုံးဖြတ်ချက် တွေကြောင့် သူမ တို့ မိသားစုထဲမှာ ပထွေးဆိုသော ဝေါဟာရ နှင့် လူတစ်ဦးရောက်ရှိလာပြီး . . . ကို နေတဲ့ ကိုယ့် နေရာ အနီး မှာ ခြင်္သေ့ တစ်ကောင် လာပြီး အိပ်ပျော် နေတဲ့ အခါ ဖြစ်ပေါ်လာနိုင်တဲ့ ယုန်သူငယ် တစ်ကောင် ရဲ့ ရင်တွင်းခံစားချက်တွေနဲ့ သူမ ... နေခဲ့ ရတဲ့ နေ့နဲ့ ညတွေမှာ ဘ၀ ရှေ့ရေးကို ရေးရေးလေးတောင် စိတ်ကူးမယဉ်ချင်လောက်အောင်ပါပဲ . . .


ဘ၀ကို ဖြစ်သလိုဖြတ်သန်းမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ . . မိခင်နှင့် အိမ်ကို ကျောခိုင်း ... ဘ၀ ကို ခပ်ရိုင်းရိုင်း ပဲ ခရီးနှင်တော့မယ် ဆိုပြီး မြို့ပြည တွေဆီကို မသိခြင်း တွေ ... မရှိခြင်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ အနာဂတ် အိပ်မက်များစွာ ကို စိတ်ကူးယဉ် ပြီး ပုံဖော်ဖို့ကြိုးစားခဲ့တာပေါ့ . . .


အဆက်သွယ် က မရှိ ... ပညာဆိုတဲ့ လှည်းဝင်ရိုးကလည်း ခါးလယ် က ကျိုး နေတော့ မြို့ပြ ရဲ့ အလုပ်ခေါ်စာ တွေထဲမှာ သူမ အားမွေးဖို့လိုလာပြီ . . .

ရှိတဲ့ ခွန်အားတွေအားကိုးပြီး ... နေ့စား ပန်းရံ အလုပ်သမ အဖြစ် လဲ ဘ၀ ကို ရုန်းကန် ဖူးပြီ ...

ဟိုဆက် ဒီစပ် လုပ်ရင်း နိုင်ငံခြားသား ပိုင် ပြည်တွင်းအထည်ချုပ် စက်ရုံမှာ လည်း စက်ချုပ်သမ အဖြစ် အတွေ့အကြုံကစုံ . . .

ဒီလိုဖြတ်သန်းလာရင်းနဲ့ ဘ၀ မှာ တွေ့ကြုံလာရတဲ့ ခါးသီးစရာအတွေ့ အကြုံတွေ က တော့ မပြော ပြ ချင်လောက်အောင်ပါပဲ ...

အရွယ် က ငယ်ငယ် ... ပထွေး ရန်ကို ကြောက်လို့ မျက်စိမှိတ်ပြီး ဘ၀ ကို ဖြတ် သန်း ခါ မှ ပထွေးထက် ဆိုးတဲ့ မနုဿ မုဆိုးပေါင်း စုံ ကို နဖူးတွေ့ဒူးတွေ့ ကြိမ်ဖန်များစွာ တွေ့ လာရတော့ တယ် ... လောက မှာ စေတနာ ဗန်းပြပြီး သားကောင်ကို အမိဖမ်းနေကြတဲ့ သူတွေ .... သူတစ်ပါးရဲ့ အားနည်း ချက် ကို (မသိမသာ )ထိုးနှက်ပြီး မိမိရဲ့ ဆန္ဒကို အပြည့်ဖြည့်နေကြတဲ့ သူတွေ တော်တော်များတာကို သူမ သိလာခဲ့တယ် ....


သူမ ရဲ့ ဘ၀ မှာ ယုံကြည်မှုတွေ ကို ပထမ ဆုံး ချေဖျက် ခံလိုက်ရတာကတော့ တစ်ချိန်မှာ ဘ၀ လက်တွဲဖော် အဖြစ် သူမ ကို စိတ်ကူး ယဉ် တတ်လာအောင် စကားလုံး လှလှလေးတွေနဲ့ သူမ ရဲ့ အပျိုစင်ဘ၀ ကို မလှမပ သိမ်း ယူ သွားခဲ့ တဲ့ အမျိုး တူ ... ဇာတ် တူ .. လူတွေထဲ က လူတစ်ယောက် ဆိုပါတော့ ...


သူမ ဘ၀ မှာ တန်ဖိုး အရမ်းထား ခဲ့တဲ့ အရာတစ်ခု ကို သူတစ်ပါး က အလွယ် တစ်ကူ ချိုးယူဖျက်စီး ခံလိုက်ရတဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ ၀မ်းနည်းမှုမျိုး ကို ဘ၀မှာ မကြုံဘူးတော့ ပေ...

ဖိနပ်မပါဘဲ ခြေဗလာ လာနေတဲ့လူကိုမှ ခရောင်းလမ်း တွေနဲ့ ပဲ ဆီး ကြိုတဲ့ လောကကြီး ကို အရွဲ့တိုက် ရင်း နဲ့ ပဲ .. ပုရိသ တွေရဲ့ လက်ထဲမှာ မလှမပ ကြွေလွင့်ခဲ့ ရတဲ့ ဘ၀ ကြီး ကို ခါးသီး လွန်းလို့ ပုရိသ တွေကို ကစား တတ်တဲ့ အလမ္ပာယ် ဆရာမ တစ်ယောက် အဖြစ် မခံချင်စိတ် ဆိုတဲ့ မျိုးစေ့ကို ရေးလောင်းပေါင်းသင်ခဲ့ . . .

ဒီလိုနဲ့ ... စင်တင်မယ် ... ကာရာအိုကေ က ကောင်မလေး ... ကလပ်က အလန်းစား ကလေး အဖြစ် ဘ၀ ကို ပေါ့ပေါ့ပါးပါးပဲဖြတ်သန်းနေရင်း နဲ့ ကံဇာတာတက်လာတော့ ... နိုင်ငံခြားကို ပို့ပေးနိုင်တဲ့ ဘဲ တစ်ပွေနဲ့ ငြိရော ဆိုပါတော့ . . .

သူမ ကိုယ်တိုင် တန်ဖိုးမထားတော့ တဲ့ သူမ ရဲ့ ပိုင်ဆိုင်မှုတွေ အပေါ်မှာ မှ လာပြီး သာယာနေတဲ့ ငနဲ ကောင်းမှုနဲ့ နိုင်ငံခြားဆိုတဲ့ တိုင်းပြည် တစ်ခုကို ရောက်ခဲ့ရော ဆိုပါတော့ . . .

နိုင်ငံခြားတိုင်းပြည် ရောက်တော့ လဲ လူမျိုးပေါင်း စုံ နေကြပေမယ့် ... တူညီတာတွေကတော့ မျက်နှာဖုံး နောက်ကွယ် က ရမ္မက် မျက်နှာ နဲ့ သားကောင်ကို နည်းမျိုးစုံနဲ့ ချောင်းနေကြတာပါပဲ ... သူတို့မသိ ထားတာ က သားကောင် က မုဆိုး ကို ပြန်ပြီး ကျုံးသွင်းလို့ ရတယ် ဆိုတာ ကိုပါ . . . သူမကတော့ ဘ၀ က သင်ပေးလိုက်လို့ သားကောင်ယောင်ဆောင်ပြီး မုဆိုးကို ပြန်သတ်တတ်တဲ့ အရည်အချင်းတွေ ရှိပြီးသားပါ ... နိုင်ငံပေါင်းစုံ က ပုရိသ ပေါင်းစုံ ရဲ့ ရင်ခွင်ပေါင်းစုံ မှာ ပျော်ဝင်စံစားရတာကို ပဲ ပန်းခင်းကြီးထဲမှာ ဟိုနားဒီနား ပျံသန်းနေတဲ့ လိပ်ပြာ လေးအလား ပေါ့ . . .


အချို့ မျိုး ချစ်စိတ်ဓါတ် ပြင်းထန်ကြတဲ့ ကိုကို မမ တွေကတော့ မချိတင်ကဲ ဝေဖန်သံတွေ ကို စကား နဲ့ တစ်မျိုး စာနဲ့တစ်ဖုံ အမျိုးမျိုးစုံအောင် ဖျောင်းဖျကြပါတယ် . . .


ဒါပေမဲ့ ကိုကိုမမ တို့ရေ . . .


မိဘကယုံကြည်ပေမဲ့ .... မိဘယုံကြည်မှု ကို အလွဲသုံးစားပြီး ထင်ရာ စိုင်းနေကြတဲ့ သူတွေ

ပညာတွေ တတ်ပြီး .... ပညာ မရှိကြတဲ့ ... မိုက်ရူးရဲတွေ . . .

ဘ၀ ပေး အခြေအနေ အရ မဟုတ်ဘဲ မိမိ ရဲ့ ဆန္ဒ အရ အပျိုစင်ဘ၀ ကို တန်ဖိုးမထားကြသူတွေ . . . တဖြည်းဖြည်း များလာပြီး . .

ကျားဆိုပြီးရော .. အမြီးကျားကျား ခေါင်းကျားကျား ဆိုတဲ့ ပုရိသ မုဆိုး မိန်းမပျိုတွေ ကြားထဲမှာ .. .

သူမကတော့ သူမ ဘ၀ ကို ဒီလိုပဲ ဖြတ်သန်း နေပေလိမ့်မည် . . .


စောင်းတီးလေ့ကျင့်နေတဲ့ ကျွဲကျောင်းသား ... အကိုကြီး ကိုမိုးဇော်လွင် နှင့် ရောင်းရင်းများ အတွက် ... အမှတ်တရ ...


လေးစားစွာဖြင့်

နေစိုးနိုင်



3 comments:

Angel Shaper said...

ဖြစ်ရပ်မှန် ဇာတ်လမ်းလေးများလား... ဇာတ်လမ်းဆန်လွန်းတဲ့ဘဝ...ဘဝလေးတွေကို ဖတ်ရတာ... မောလည်းမောတယ်။ ဘဝဘဝလေးတွေ အမြဲတမ်းပဲ အေးချမ်းတည်ငြိမ်နိုင်ကြပါစေလို့သာ....

leomark said...

ဘယ်သူကိုမှ မုဆိုးမဖြစ်စေချင်သလို ဘယ်သူကိုမှ လည်း သားကောင်း မဖြစ်စေချင်ပါဘူး ကိုနေစိုးနိုင်ရေ။ ရုန်းကန်နေကြရတဲ့ လေပြည်လေးတွေကိုလည်း စာနာမိပါတယ်။ ရေစုန်မျှော နေကြမယ်ဆိုရင်တော့ ... ကယ်သူရှားပါးတဲ့ပင်လယ်ပြင်ကြီးထဲကို ရောက်ရုံမှ တပါး...။

နှင်းနဲ့မာယာ said...

ဟားဟား

ဘကြီးမိုးက စောင်းတီး သင်နေတုန်းလား....
သိပါဘူး အခုဆို သင်တန်းနည်းပြတောင် ဖြစ်နေလောက်ပီထင်တာ....

မနှင်း