Sunday, May 16, 2010

အမေ......သို့....လွမ်းချင်း(၃)

အလုပ်ပြီးလို့ ပြန်လာတဲ့အခါ
တံခါးဖွင့်ပြီး ကြိုနေမဲ့သူကို
ရှာကြည့်မိတယ်
ကိုကိုယ်တိုင်တံခါးဖွင့်ဝင်လို့
စောင့်ကြိုသူမဲ့တဲ့ ဒီအခန်းထဲမှာ
စိတ်ပျက်စွာထိုင်ချမိတယ်
အပြင်ကပြန်လာတိုင်း
ဆီးကြိုနေကျ အမေ့အသံနဲ့မျက်နှာလေး
အခုတော့ဝေးလို့နေခဲ့တယ်နော်
နောက်တော့မှပြန်သတိရ
စဉ်းစားမိတယ် အခုရောက်နေတာ
အမေ့အိမ်မှမပာုတ်တာ................။

စိတ်ထဲမှာလည်းအမြဲတမ်း
အလိုမကျဖြစ်နေခဲ့တယ်
ရင်ထဲမှာခေါ်ချင်တဲ့နာမည်
မခေါ်ရတာကြာနေပြီလေ
အနေဝေးလည်းစိတ်ချင်းနီးနေတာပဲ
ရင်ထဲကခေါ်သံတွေကို
အမေကြားမှာပါနော်...................။

အမေ့ မေတ္တာအရိပ်အောက်က
ခဏတာထွက်ခဲ့တဲ့အချိန်မှာ
အပြင်လောက က လောဘတွေနဲ့
ပူလောင်လိုက်တာ အမေရယ်
လောဘ မောပာ ကင်းတဲ့
နွေးထွေးမေတ္တာအပြည့်နဲ့
တည်ဆောက်ထားတဲ့ အမေ့ရင်ခွင်လောက်
မအေးချမ်းတာ အမှန်ပါပဲ......................။

စိတ်ထဲမှာဖြစ်ချင်နေတာ
တစ်ခုရှိတယ် အမေ
ခဏလောက်ပဲဖြစ်ဖြစ်
အမေ့အိမ်ကို ပြန်ခွင့်ရချင်ပါတယ်
ရင်ထဲက အမေ့ကို
အခုအရမ်းလွမ်းနေလို့ပါ အမေ..............။

နွေး
(ပြည်ပမှာ အလုပ်စလုပ်တုံးကရေးထားတာပါ အမေ့ကိုသတိရပြီး အိမ်ပြန်ချင်နေလို့လေ
မိသားစုနဲ့ဝေးပြီး အလုပ်လုပ်နေရတဲ့အတွက် ပြန်လာရင်တွေ့နေကြ အမေ့ရဲ့ မျက်နှာကို
တွေ့ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ အမေလို့ ခေါ်ချင်ပေမယ့် ပြန်ပြီးဖြေမယ့် အမေကအနားမှာ
မရှိတာ မိဘရင်ခွင်လောက်ဘယ်ရင်ခွင်မှ မနွေးထွေးနိုင်သလို မအေးချမ်းနိုင်ပါဘူး)

6 comments:

flowerpoem said...

အလုပ်ပြီးလို့ ပြန်လာတဲ့အခါ
တံခါးဖွင့်ပြီး ကြိုနေမဲ့သူကို
ရှာကြည့်မိတယ်
ကိုကိုယ်တိုင်တံခါးဖွင့်ဝင်လို့
စောင့်ကြိုသူမဲ့တဲ့ ဒီအခန်းထဲမှာ
စိတ်ပျက်စွာထိုင်ချမိတယ်
အပြင်ကပြန်လာတိုင်း
ဆီးကြိုနေကျ အမေ့အသံနဲ့မျက်နှာလေး
အခုတော့ဝေးလို့နေခဲ့တယ်နော်

ဒီစာသားလေးက ကျွန်မအဖြစ်နဲ့ တူနေတယ်.

ကဗျာလေးကို အရမ်းသဘောကျတယ်..

Angel Shaper said...

ကဗျာလေးကို ဖတ်ရင်းနဲ့အိမ်ကိုတောင် လွမ်းမိတယ်။
အဝေးရောက်နေရင်တော့ အမြဲလွမ်းနေရတာပဲ။
နေသားကျလာတယ်လို့ လည်းမရှိလာဘူးးး :(

Unknown said...

အင်း ဒီကဗျာလေးကို အရမ်းကြိုက်တယ်ကွာ
နောက်ကျရင် လဲဒီလိုလေးရေးစေချင်ပါတယ် ခံစားချက်ချင်းတူနေလိုက်တာ

Unknown said...

ကျေးဇူးတင်ပါတယ်နော်

Unknown said...

ကဗျာကိုဖတ်ပြီး...ကြိုက်လို့ Share ခွင့်ပြုပါရှင်..

Unknown said...

ကဗျာကိုဖတ်ပြီး...ကြိုက်လို့ Share ခွင့်ပြုပါရှင်..