Saturday, January 30, 2010

မီးကို ရေနဲ့ ငြိမ်းသတ်ပါ


 

မီး…မီး…မီး...တဲ့ဗျာ ။

တညီးညီးတောက်လောင်

ဘယ်အကောင်…

ဘယ်ချောင်က ဘယ်လိုမွှေးမွှေး

မီးနဲ့ဝေးရာ…

ထွက်ပြေးသူက ထွက်ပြေးကြ

စုဝေးညီညာ…

ရေရှာကာ အပြီးငြိမ်းသတ်တဲ့သူက ငြိမ်းသတ်

ဒါ အပြင်ဖက်က မီး ။

 

အစစ်ရှာတဲ့ ချစ်နှလုံးသားကို

အပြစ်ပါတဲ့ အဖြစ်အရှုံးများနဲ့

ကြုံ့တွေ့ခံစားလိုက်ရတဲ့အခါ…

 

အချိုကြိုက်တဲ့သူကို အချဉ်ကျွေး

ဆဲဆိုကာအစဉ် မိုက်မီးမွှေးနေသူများနှင့်

ဆုံဆည်းမိလေသောအခါ…

 

အကောင်းတွေကိုပဲ လိုလိုချင်ချင်ရှိတဲ့ကျွန်တော်တို့

အဆိုးတွေကို ငြိုငြိုငြင်ငြင်နဲ့

လက်ခံနေရတဲ့အခါ…

 

အရာရာပျက်သုဉ်းမယ့် ဒဿနစကား

အမှတ်တရ  စူးနင့်စွာကြားထားဖူးတာက

"မီးကို မီးနဲ့ ငြိမ်းသတ်ရမယ်အကို"တဲ့ ။

 

"မေတ္တာသည် အကောင်းဆုံးလက်နက်"

"သီလသည် အခိုင်မာဆုံးတံတိုင်း"

"သမာဓိ ၊ ပညာသည် အကောင်းဆုံးဆေးဝါး"

ဒီစကားတွေ

ဘယ်နားမှာ သွားထား…ရမလဲ ။

ဘယ်နားမှာ သွားထား…ကြမလဲ ။

 

 

စေတနာ

29.01.2010(2း47PM)


2 comments:

may16 said...

ကဗျာကောင်းလေးလာဖတ်ပါတယ် ကိုစေတနာ

Angel Shaper said...

"မီးကို မီးနဲ့ ငြိမ်းသတ်ရမယ်အကို"
သို့ပေမယ့်
"မေတ္တာသည် အကောင်းဆုံးလက်နက်"
"သီလသည် အခိုင်မာဆုံးတံတိုင်း"
"သမာဓိ ၊ ပညာသည် အကောင်းဆုံးဆေးဝါး"
ဘာပဲဖြစ်ဖြစ်... မီးကိုမီးနဲ့ ငြိမ်းသတ်ရမယ် အကိုရေ......
သိပ်ကောင်းတယ်ဗျာ.... လေးစားသွားပြီ အဟုတ်။