ယဉ်တိုက်မှုကင်းဝေးပါစေ . .
ဆိုတဲ့ မော်တော်ပီကယ် ကြီး စကား ရယ်
သတ္တ၀ါတွေကျန်းမာ ချမ်းသာ ကြပါစေ
ဆိုတဲ့ အထူးကု ဆေးခန်းပိုင်ရှင်ကြီးစကား ရယ် . . .
အပူငြိမ်း ကြပါစေ
ဆိုတဲ့ ရှေ့နေကြီးစကား ရယ် . . .
ထိုင်စီးရမယ် ဆိုတဲ့
ကား စပယ်ယာ ရဲ့ စကား ရယ် . . .
အမြတ်မယူဘဲ အရှုံး ခံရောင်းတယ်
ဆိုတဲ့ ဆိုင်ရှင် ၀၀ ကြီးစကား ရယ် . . .
ဒီတခါ စာမေးပွဲမှာ ခိုးမချဘူး
ဆိုတဲ့ တက္ကသိုလ်ကျောင်းသူ/သား စကား ရယ် . .
………….
…………..
ကိုနိုင့် အတွက် ထာဝရ
ဆိုတဲ့ စာသား ရယ် . . .
ဒါတွေအား လုံး သာမှန်ခဲ့မယ်ဆိုရင်
ကျွန်တော် ဒီစာကို မရေးပေါင်ဗျာ ….
( ကားလိပ်နောက်က အမှန်တရား အိပ်ပုပ်လိုက်ပုံများ ခေါင်းထောင်ကြည့်ဖော်တောင်မရဘူး )
လေးစားစွာဖြင့်
နေစိုးနိုင်
--
Nay Soe Naing
www.naysoenaing.com
3 comments:
နောက်ကွယ်. .. မှာကို လာဖတ်ပါတယ် ကိုနေစိုးနိုင်
ဟားဟား....ဆရာ ရဲ့ ရင်တွင်းဖြစ်လေးပေါ့။ မိုက်တယ်။ ဟီးးးးး ခံစားချက်အမှန်အကန်တွေမှန်း သိသာလိုက်ပုံများ ... ကျွန်တော်တောင် ... ဘာဖြစ်သွားမှန်းကို မသိလိုက်ဘူး။း)
စကားလုံးလှလှ အပြုံးလှလှတွေရဲ့ နောက်ကွယ်မှာ
အတ္တရုပ်ဆိုးဆိုးတွေ ရှိနေတတ်ကြတယ် ။
ခက်တာကကွာ....
နောက်ကွယ်မှာ ဖောက်သည်တွေ တစ်ပုံတစ်ပင်ကြီးနဲ့။
ခင်မင်စွာဖြင့်
Post a Comment