ရောင်နီသမ်းတာနဲ့ လုပ်ငန်းစခဲ့ကြပြန်ပြီ
ခရီးသွားတွေဝေငှကြတဲ့အစာတွေကို အလုအယက်ထိုးသုတ်လို့
သူတို့ဘာလို့လုစားနေကြတာလဲ?????????????????
ဒါ နေ့တဓူဝ(နိစ္စဒူဝ) မြင်ကွင်းဆိုပေမဲ့
ငါ့အတွက်တော့ နေ့တိုင်းကို ထူးဆန်းနေခဲ့တယ်
ထပ်ခါထပ်ခါငါစဉ်းစားတယ်
သူတို့ဘာလို့လုစားနေကြတာလဲ??????????????????????
နေ့တိုင်းကြားနေကျ အသံတခုကိုငါကြားပြန်တယ်
ငါနဲ့ရွယ်တူ လူငယ်တချို့ပေါ့
ထုံးစံအတိုင်း ငါ့ကိုအော်ဟစ်သွားကြတယ်
" အစာရှာရအောင်လာလေကွာတဲ့"
ငါ့ကိုငါပြန်ကြည့်မိတယ်
သြော်............ငါဟာဇင်ယော်တစ်ကောင်ပါလား
ငါ့မှာ အတောင်ပံတစ်စုံတော့ရှိပါရဲ့
ငါ့အသက်အရွယ်ကပေးတဲ့ ခပ်ညံ့ညံ့ အတောင်လေးပေါ့
သိပ်မသန်မာလှပေမယ့် ရာသီဥတုကို ငါအံတုရဲတယ်
လောကမှာ ပင်လယ်ပြင်ထက် ပိုပြီးပြည့်စုံတဲ့နေရာ ရှိကိုရှိရမယ်
ဖျက်..ဖျက်...ဖျက်
ငါ့ရဲ့အတောင်ပံတစ်စုံကိုလေထဲမှာ ဝှေ့ယမ်းလိုက်တယ်
အဲဒီနေရာကို ငါပျံသန်းမယ်....................
သူတို့တွေက ငါ့ကို ကန့်ကွက်ကြတယ်
မင်းဟာ ငယ်ရွယ်နုနယ်လွန်းတဲ့ ဇင်ယော်လေးတစ်ကောင်ပါတဲ့
ငါ့ရဲ့အမေက စိတ်မချဘူး
ငါ့ရဲ့အတောင်ပံတွေကိုနုနယ်လွန်းလို့တဲ့လေ
ဒါပေမယ့်........ငါပျံသန်းမယ်
မြင့်နိုင်သမျှမြင့်အောင်ပေါ့
ငါယုံကြည်တယ်...........
အဲဒီနေရာမှာ ငါလိုချင်တာ ရှိကိုရှိရမယ်................
ငါဟာ ဂျော်နသန်တော့မဟုတ်ပါဝူး
ဒါပေမယ့်.......အန္တရာယ်တွေကို ငါမကြောက်ဘူး
ခုချိန်မှာ .... ငါနဲ့အတူပျံသန်းချင်တဲ့သူ မရှိပါဘူး
ဒါပေမယ့်.......အဲဒီနေရာကိုတွေ့ရင် သူတို့တွေကို ငါလာခေါ်မယ်
အခုမြင်ကွင်းတွေလိုမျိုး အစာရေစာလုမစားရတဲ့နေရာတခုကိုပေါ့
အဲဒီအချိန်ကျရင်...............................ဇင်ယော်တွေအားလုံး ပျော်ကြရလိမ့်မယ်
ငါ့အတွက်လား.......................မလိုပါဘူး
ပျံသန်းခြင်းကအဓိကပါ.........
အဲဒီအချိန်ကျရင် ငါကလွတ်လပ်တဲ့နေရာတခုကို ထပ်ပြီးပျံသန်းလိမ့်မယ်
အဲဒီအချိန်ကျရင်........................ငါ.......................
ပျော်ရွင်ပါစေ
သန္တာ
ကိုဇေယျာဦး ရဲ့ သူငယ်ချင်း ဖြစ်သူ သန္တာရဲ့ ခွင့်ပြုချက်အရ ဖော်ပြခြင်းဖြစ်ပါသည်...
1 comment:
အမြန်ဆုံး ရောက်စေချင်ပါတယ်....
Post a Comment