အနေဝေးလို့ မာသွားတဲ့ ချိပ် ဆိုရင်လည်းအကောင်းသား
နင့်ကို ငါ မီးနဲ့ရှို့ လိုက်မယ် . . .
အအေးလွန်လို့ ခဲ့နေတဲ့ ၀က်ဆီဆိုလည်း အကောင်းသား
နင့်ကို ငါ ဒယ်အိုးပူတိုက်မယ် . . .
လုံးချေထားတာ ကြာလို့ တွန့်ကြေနေတဲ့ အင်္ကျီတစ်စ ဆိုလည်း အကောင်းသား
နင့်ကို ငါမီးပူ ထိုး(တိုက်) လိုက်မယ် . . .
ရေခဲတုန်းကြီးဖြစ်နေခဲ့ရင်လည်း အကောင်းသား
ရေနွေးအိုးထဲ ထည့် လိုက်မယ် . . .
အနေဝေးလို့ သွေးအေးသွား တာလား
ဒီလိုဆိုရင် နင် ၀က်တစ်ကောင်ဖြစ်နေရင် ငါပျော်လိုက်မှာဟာ
အေးပြီးခဲ့သွားတဲ့သွေးတွေကို ကြော်ချက်စားချင်လို့ . . .
နင်ဟာ ဘာခံစားချက်မှ မရှိတဲ့ ကျောက်တုံးလေး တလုံးဖြစ်နေရင်တောင် ငါဝမ်းသာမိမယ်
လမ်းခင်းကျောက်လုပ်ပြီး လမ်းကြိတ်စက်နဲ့နင်းမလို့ . . .
နင်ဟာ ဘာမသုံးလို့မရတဲ့ ဖိနပ် အစုတ် တစ်ဖက် ဖြစ်နေရင်တောင် ငါဝမ်းသာတယ် . . .
ငါ့တို့လမ်းထဲက ခွေးတစ်ကောင် အတွက် အပျင်းပြေ ကိုက်လို့ရတာပေါ့ . . .
နင်ဟာ ငါ့ သွေး ကို စုပ်မယ့် ခြင် တစ်ကောင် ဖြစ်နေတယ် ဆိုရင်တောင် ငါဝမ်းသာမယ် .
လျှပ်စစ်နဲ့တို့မလို့ (သို့) နားရင်းအုပ်မလို့ . . .
နင်ဟာ အမှိုက် တစ်စ ဖြစ်နေတယ်ဆိုရင်တောင် ငါဝမ်းသာမယ်
ကမ္ဘာမြေအတွက် မြေဆွေးရလို့ လေ ( ပလပ်စတစ်မဟုတ်ဘူးဆိုရင်ပေါ့)
နင်ဟာ လက်ငင်ရေတွင်း က ရေပုံး လေး ဖြစ်နေရင်လည် ငါဝမ်းသာမယ် . . .
7 comments:
အင်း... နေစိုးနိုင် သူငယ်ချင်းကတော့... အကြမ်းဖက်သမားကို မေတ္တာစာရေးခိုင်းသလို ဖြစ်နေပြီ.. ဘယ့်နှယ့် .. အသဲကွဲနေတဲ့သူကိုမှ..ရီးစားချော့ဖို့  အကူအညီတောင်းရတယ်လို့  .. :P
LMK
ဘူပြောလဲဗျ အသဲကွဲတယ်လို့
ဖြေရှင်းချက်တွေ မလိုချင်ပါ ကဗျာပဲ သီးသန့်ဖတ်သွားတယ်။ သိသလိုလိုပဲးP
ကိုနေစိုးနိင်ကြည့်လည်းလုပ်ဦး တစ်ခါတည်း ကွဲသွားအုံးမယ် နော် :P
ချော့တာလား ခြောက်တာလား ဟိဟိ ချော့စာနဲ့ မတူဘူး ခြောက်စာကျနေတာပဲ... စိတ်လျှော့ စိတ်လျှော့
ခက်ရော
မျက်ပြေ အလင်္ကာမှမဟုတ်တာ...
မိန်းကလေးတွေကို ဗိုလ်ကျ အနိုင်ကျင့်ချင်တဲ့
စိတ်ပုတ်လေးက ပြူတစ်တစ်နဲ့ပေါ်နေတယ်
ကဗျာဆရာကြီးရေ...
ကြည့်လုပ်
တသက်စာ ဂေါ်မစွန်ကြီး ဖြစ်သွားမယ်...
(ရှေ့နေငှားကာမှ ထောင်လုံးလုံးကျမယ့် ကဗျာပဲနော် ကိုနိုင့်သူငယ်ချင်းရေ နောက်တစ်ခါ သူ့ကို မရေးခိုင်းနဲ့တော့ မှားမယ်)
နှင်း
ဟား ...-ဟား ဟား ....
ကိုယ်တိုင်မစွံတဲ့ အပျိုကြီးတွေ
သူများကို လာချိမ်းခြောက်နေကြတယ်..
ဂေါ်မစွံ တဲ့ ..
ဟင်း ...
ဂေါ်မစွံတာ အပျော်လွန်နေလို့ပါဗျ...
Post a Comment