အော် ...
ကောင်းကင်ပြင်မှာ ကြယ်တွေဖုံးပြီ
စာဖတ်ပရိတ်သတ်ကို
အတွေးလှိုင်းတွေ ပေးခဲ့တဲ့
ကြယ်တလုံး ကြွေခဲ့တာကြာပြီနော်
တာရာမင်းဝေ တဲ့လေ
မှတ်မိသေးတယ်ဟုတ်...
ဟော . . .
ပန်းခင်းကလေးမှ လန်းမယ်မကြံသေးဘူး
ပန်းခင်းကလေးထဲက ပန်း တစ်ပွင့်
ကြွေပြန်ပြီတဲ့ . . .
တနည်းအားဖြင့်
လူများစွာရဲ့ သောကဗျာပါဒတွေကို ပြေပျောက်စေ နိုင်ဖို့ အတွက် တတ်စွမ်းတဲ့အနုပညာ လေးနဲ့
မျက်နှာများစွာကို ပြုံးရယ်အောင်ပြုစားနိုင်သူ
ပါးစပ်ပေါက်များစွာကို စွဲဖြဲ နိုင်ခဲ့သူ
သူဘယ်သူလဲ . . .
နီကိုရဲပေါ့ . . .
၂၃. ၁၀ .၂၀၀၉ မှာ ဘ၀တပါးသို့ ပြောင်းသွားသော ဆရာ နီကိုရဲ ရောက်လေရာ ဘုံဘ၀ မှာ ပတ်ဝန်းကျင်ကို ပျော်ရွှင်မှုလေးတွေပေးစွမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ ။
ဆရာ ကောင်းရာသုဂတိ လားပါစေ ....
လေးစားစွာဖြင့်
နေစိုးနိုင်
3 comments:
ဟာ..ဆရာ နီကိုရဲ ဆုံးပြီလား?... သိဘူးဗျ။
နှမျောစရာ ကောင်းတယ်ဗျာ။
တာရာမင်းဝေ . နီကိုရဲ တို့လို လူတွေ ပြန်လည် အစားထိုးနိုင်မဲ့ လူများများ ပေါ်ပေါက်လာပါစေလို့ ဆုတောင်းရုံမှ တပါး............
အစားထိုးလို့ မရသော ဆုံးရှုံးမှုတစ်ခုပါပဲ.....
သူ့ရဲ့ ရေးဟန်ကို အရမ်းနှစ်သက်ခဲ့တာပါ....
hello!This was a really brilliant post!
I come from milan, I was fortunate to look for your topic in wordpress
Also I learn a lot in your blog really thanks very much i will come every day
Post a Comment