Thursday, October 22, 2009

စိတ်ဓာတ်

ပင်လယ်ရေဘယ်သူသောက်သောက် ဆိုတဲ့ စကားလေးက သဘောကျချင်စရာကောင်းလိုက်တာဗျာ။ စကားရဲ့အဓိပ္ပါယ် ကိုထပ်မံရှင်းပြဖို့မလိုလောက်အောင်ကို အဓိပ္ပါယ်ရှင်းရှင်းလေးနဲ့ နားလည်ရလွယ်ပါတယ်။
 
တစ်ဦးတည်း တစ်ယောက်တည်း ၊ အုပ်စု တစ်ခု အဖွဲ့အစည်း တစ်ခု တည်းမဟုတ်ဘဲ သူ နိုင်သလောက် ကိုယ်နိုင်သလောက် မျှပြီး ခွဲဝေ ကြတဲ့သဘောလေးပါတယ်နော် ။
 
ကျွန်တော် တို့ ဆီမှာ လည်း မကြာခဏ ဒီစကားလေးကို ကြားနေကြပဲ ။ အဲလို ကြားမိတိုင်းလည်း ကျေနပ်သလိုလို ဘာလို ဖီလင်ကလေး ကလဲဖြစ်သေးသဗျ။
 
အင်း လုပ်ပါစေကွာ
ပင်လယ်ရေပဲ ဘယ်သူသောက် သောက် ကုန်တယ်လို့ မရှိပါဘူး
 
ဆိုပြီး ကြားရတတ်တာများပါတယ်။ တော် တော် သဘောထားကြီးတဲ့ မြန်မာလူမျိုးတွေပဲဗျ။ ဘယ်လောက်ကောင်းလိုက်တဲ့ စိတ်ဓာတ်ကလေးတွေလဲ လက်ဝါးကြီး အုပ်ချင်တဲ့ ၊ ငါအဆွေ ၊ ငါ့အမျိုး ကင်းတဲ့ စိတ်ဓာတ်ကလေး ဆိုပြီး ကျွန်တော် ဖြင့် ကြည်နူးလို့ မဆုံး ဖြစ်မလို့ ကြံတုန်း ကျွန်တော်ရဲ့ ကဂျိုးကဂျောင် အတွေးက လာနှိပ်စက်တယ်ဗျာ။
 
အဲဒီအတွေးဝင်လာတာနဲ့ပဲ ကျွန်တော့်မှာ တစ်ယောက်တည်း ရယ် လိုက် ၊ ပြန်တွေးလိုက် ပြုံးနေလိုက် ဖြစ်ဖြစ်သွားတယ် ။ မသိရင်တော့ အရူးလိုကိုဖြစ်သွားတာပဲ။
 
အတွေးလေးကိုတွေးမိတော့ စဉ်းစား ကြည့် အဲဒါက ပိုမှန်သလိုဖြစ်လာတော့ ဒီပိုစ့်ကလေးကို ရေးဖြစ်သွားတာပါပဲဗျာ။ ဒီပိုစ့်ဖတ်ပြီးလို့ တွေးလိုက် ပြုံးလိုက် ဖြစ်နေရင်တော့ ကျွန်တော် တာဝန်မယူဘူးဗျနော်။
 
ဘာတဲ့ ကျွန်တော်တို့တွေပြောဆိုသုံးနှုန်းနေကြတာ . . .
 
ပင်လယ်ရေပဲကွာ ဘယ်သူပဲသောက်သောက် သောက်ပါစေ .. ကုန်တယ်လို့မှမရှိတာ တဲ့ .. ဟုတ်တယ်ဟုတ် ...
 
ကျွန်တော်တွေးလိုက်မိတာက ... သူတို့ပြောတဲ့ ပင်လယ်ရေ ဆိုတာ ကြီး က သောက်လို့ မရဘူး လေ သောက်ရင်သေမှာ ...
 
သြော် .... ဒါကြောင့် ရက်ရက်ရောရော နဲ့ ဘယ်သူသောက်သောက် လို့ပြောတာကိုး .... ဆိုပြီးတွေးမိတာပါခင်ဗျာ ။ ( မြန်မာ ...ကွ )
 
ဆက်လက်တွေးတော်မူကြပါကုန်....
လေးစားစွာဖြင့်
နေစိုးနိုင်
 

6 comments:

ရေတမာ said...

ဟားဟားဟား ပေါက်ပေါက်ရှာရှာ တွေးတတ်ပါ့ပေတယ်။ ဒီလိုလဲ တွေးလို့ရပါ့လား။ ဒါပေမယ့် ပြောတဲ့သူရဲ့ စိတ်ထားပေါ်မှာလည်း မူတည်တယ်လို့ထင်တယ်။ နောက်ဆက်တွဲအနေနဲ့ ပေါပေါလောလော ရရင် တန်ဖိုးမထားတတ်ကြဘူးနော်။

Angel Shaper said...

ဟဟားးးးးးးးးကိုနိုင်ကြီးကတော့ဗျာ။
တွေးတတ်တယ် မဟုတ်ကဟုတ်က။
မြန်မာကွ။ ဟိဟိ
သမီးကတော့ စေတနာမပါရင် သေဆေးတောင် မတိုက်ဘူး။ အဟဲ....

Anonymous said...

ဒီမှာတော့ ပင်လယ်ရေတွေကိုပဲ အမျိုးမျိုး သန့် စင်ပြီး သောက်နေကြတာပဲ နေစိုးနိုင်ရေ... ကြည့်ရတာကတော့ ဒီစကားကို မြန်မာတွေက အရှေ့ အလယ်ပိုင်းက သတ္တဝါတွေအတွက် စပြောခဲ့တာ ဖြစ်မယ်ထင်တယ် (မင်းလိုပဲ လျှောက်တွေးကြည့်တာပေါ့ကွာ..) ဒီ့ထက်ထပ်ပြီး ထပ်တွေးကြည့်ရရင် (အားနေလို့ ..) ၂ မျိုးထပ်ဖြစ်နိုင်သေးတယ်ကွ ... ပင်လယ်ကြီးက ကြီးမှန်းသာသိပြီး ပင်လယ်ကို မမြင်ဖူးတဲ့ ပင်လယ်ရေကို သောက်လို့ မရမှန်းမသိကြတဲ့ အရပ်ဒေသ မျိုးက မြန်မာတွေ (ဥပမာ ရွှေဘိုတို့  ဘာတို့ ဘက်ကပေါ့ :P ) က မသိလို့  စသုံးစွဲခဲ့ကြတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်... ပင်လယ်ရေကို သောက်လို့ ရအောင် သန့် စင်လို့ ရတာ သိတဲ့သူတွေက သိတဲ့အတိုင်းနဲ့  ရိုးရိုးပဲ စသုံးခဲ့ကြတာလည်း ဖြစ်နိုင်တာပေါ့။

LMK

နေစိုးနိုင် said...

အစ်ကိုကြီး လွင်မင်းခန့် ပြောသလို ပါပဲ
တကယ်ဆို
ပင်လယ်ရေ ဘယ်သူ သန့်ပြီး သောက် သောက် ကုန်တယ်လို့ ရှိတာမှတ်လို့

ဆိုရင် ဒီပို့စ်ကလေးဖြစ်မလာတော့ဘူး :)

flowerpoem said...

မသောက်ဘူး ကိုနေစိုးနိုင် :P (ငံလို့) စတာပါ..

Angel Shaper said...

ကိုနိုင်ကြီးရေ...
နှုတ်ဆက်ပွဲညက ကိုနိုင်မှာခဲ့သလို ဘကြီးမိုးကို ပင်လယ်ရေ နှစ်လီတာ တိုက်ခဲ့တယ်နော်။ ဟိဟိ
ပင်လယ်ရေတွေ ရေသန့်ဗူးနဲ့ သေချာ ထည့်ထား သူပြန်လာတော့မယ်။ များများတိုက်ဗျိုးးးးးးးးးးးး